ငါ့ကိုမုန်းသောသူတည်းဟူသော ငါပြိုင်၍မနိုင်နိုင်အောင် ခွန်အားကြီးသောရန်သူတို့လက်မှ ငါ့ကိုကယ်လွှတ်တော်မူ၏။
ဒါဝိဒ်သည် ရှောလုမင်းမှစ၍ ရန်သူအပေါင်းတို့လက်မှ ထာဝရဘုရား ကယ်လွှတ်တော်မူခြင်းကျေးဇူးကိုခံရသောအခါ၊ ထာဝရဘုရားရှေ့တော်တွင် မြွက်ဆိုသော သီချင်းစကားဟူမူကား၊
ငါ့ကိုမုန်းသော သူတည်းဟူသော ငါပြိုင်၍ မနိုင်နိုင်အောင် ခွန်အားကြီးသော ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။
အမျက်တော်သည် ငါ့ကိုအပိုင်းပိုင်းဆွဲဖြတ်၍ ညှဉ်းဆဲတတ်၏။ ငါ့အပေါ်မှာ အံသွားခဲကြိတ်ခြင်းကို ပြုတော်မူ၏။ ငါ့ရန်သူသည် ငါ့ကို မျက်စောင်းထိုး၏။
ထာဝရဘုရားသည် ငါ့ဘက်၌ မစတော်မူသည်ဖြစ်၍၊ ငါ့ကို မုန်းသောသူတို့၌ ငါ့အလို ပြည့်စုံလိမ့်မည်။
အကျွန်ုပ်သည် ဆင်းရဲဒုက္ခများ၌ ကျင်လည်သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို အသက်ရှင်စေတော်မူလိမ့်မည်။ လက်တော်ကိုဆန့်လျက်၊ ရန်သူတို့၏ အမျက်ဒေါသကိုဆီးတား၍၊ လက်ယာလက်တော်အားဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူလိမ့်မည်။
အလွန်နှိမ့်ချလျက်နေသော အကျွန်ုပ်၏ကြွေးကြော်သံကို နားထောင်တော်မူပါ။ အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့လက်မှ ကယ်နုတ်တော်မူပါ။ သူတို့သည် အကျွန်ုပ်ထက်သာ၍ ခွန်အားကြီးကြပါ၏။
အထက်အရပ်က လက်တော်ကိုဆန့်၍ အကျွန်ုပ်ကိုနုတ်တော်မူပါ။ တစ်ခဲနက်သော ရေထဲကလည်းကောင်း၊ တစ်ကျွန်းတစ်နိုင်ငံသားတို့၏ လက်ထဲကလည်းကောင်း၊ ဆယ်ယူကယ်တင်တော်မူပါ။
အကျွန်ုပ်၏ရန်သူတို့သည် များပြားကြောင်းနှင့် အကျွန်ုပ်ကို ပြင်းစွာမုန်းထားကြောင်းကို ဆင်ခြင်တော်မူပါ။
အကျွန်ုပ်အရိုး ရှိသမျှတို့ကလည်း၊ အိုထာဝရဘုရား၊ အစိုးတရပြုသောသူ၏လက်မှ ဆင်းရဲသားကို နုတ်တော်မူ၍၊ လုယူဖျက်ဆီးတတ်သောသူ၏လက်၌ ဆင်းရဲငတ်မွတ်လျက် ခံနေရသောသူကို ချမ်းသာပေးတော်မူတတ်သော ကိုယ်တော်နှင့် အဘယ်သူတူပါသနည်းဟု လျှောက်ဆိုကြမည်။
အကျွန်ုပ်၏ရန်သူတို့ကား၊ ကျန်းမာလျက်၊ ခွန်အားကြီးလျက်ရှိ ကြပါ၏။ အကျွန်ုပ်ကို မဟုတ်မှန်ဘဲ မုန်းသောသူတို့ကား၊ များပြားကြပါ၏။
အိုထာဝရဘုရား၊ အကျွန်ုပ်ကိုကယ်မသနားတော်မူပါ။ အကျွန်ုပ်ကို မုန်းသောသူတို့၏ ညှဉ်းဆဲခြင်းအမှုကို ကြည့်ရှု၍၊ သေမင်းလက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။
ပြည်သားအချို့သည် ထိုအမတ်ကို မနာလို၍၊ ထိုသူ၏ အအုပ်အချုပ်ကို ငါတို့မခံလိုပါဟု တမန်ကို သူ့နောက်သို့ စေလွှတ်ကြ၏။-