ထာဝရဘုရားသည် အထက်အရပ်က လက်တော်ကိုဆန့်၍၊ တစ်ခဲနက်သောရေထဲက ငါ့ကိုဆယ်ယူတော်မူ၏။
အထက်အရပ်က လက်တော်ကိုဆန့်၍၊ တစ်ခဲနက်သောရေထဲက ငါ့ကို ဆယ်ယူတော်မူ၏။
အထက်အရပ်က လက်တော်ကိုဆန့်၍ အကျွန်ုပ်ကိုနုတ်တော်မူပါ။ တစ်ခဲနက်သော ရေထဲကလည်းကောင်း၊ တစ်ကျွန်းတစ်နိုင်ငံသားတို့၏ လက်ထဲကလည်းကောင်း၊ ဆယ်ယူကယ်တင်တော်မူပါ။
လူစုတို့သည် ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ အကျွန်ုပ်ကိုကယ်လွှတ်၍၊ တစ်ပါးအမျိုးသားတို့၏ အကဲအမှူးအရာ၌ ခန့်ထားတော်မူသောအားဖြင့်၊ အကျွန်ုပ်မသိဖူးသော လူစုသည် အကျွန်ုပ်ထံ၌ ကျွန်ခံပါ၏။
ထိုကြောင့် ကိုယ်တော်ကို တွေ့သင့်သောအချိန်ကာလ၌၊ သန့်ရှင်းသူအပေါင်းတို့သည် ရှေ့တော်၌ တောင်းလျှောက်ကြပါလိမ့်မည်။ အကယ်စင်စစ် လွှမ်းမိုးတတ်သောရေကြီးသည် သူတို့ထံသို့ မချဉ်းရပါ။
ကောင်းကင်ကလက်တော်ကို ဆန့်တော်မူမည်။ ငါ့ကိုကိုက်စားအံ့သောသူကို အရှက်ခွဲသဖြင့်၊ ငါ့ကို ကယ်တင်တော်မူမည်။ ကရုဏာတော်နှင့် သစ္စာတော်ကို ဘုရားသခင် စေလွှတ်တော်မူမည်။
သူငယ်ကြီးပွားသောအခါ၊ ဖာရောဘုရင်၏သမီးတော်ထံသို့ ပို့ဆောင်၍ မင်းသမီးသည် သားအရာ၌ခန့်ထားလျက်၊ မောရှေအမည်ဖြင့်မှည့်၏။ အကြောင်းမူကား၊ ရေထဲကငါနုတ်ယူသည်ဟု ဆိုသတည်း။
ပင်လယ်ကို ဆုံးမ၍ ခန်းခြောက်စေတော်မူ၏။ ခပ်သိမ်းသော မြစ်ရေကိုလည်း ကုန်စေတော်မူ၏။ ဗာရှန်တောင်နှင့် ကရမေလတောင်တို့သည် ညှိုးနွမ်းကြ၏။ လေဗနုန်အပွင့်လည်း ညှိုးနွမ်း၏။
ယခုမြင်၍ ပြည့်တန်ဆာထိုင်သော ရေကား၊ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးမျိုးအစုစု ဖြစ်သတည်း။-