Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 17:4

Judson Bible

လူ​ပြု​တတ်​သော အ​မှု​များ​မှာ၊ ဖျက်​ဆီး​တတ်​သော​သူ၏​လမ်း​တို့​ကို နှုတ်​က​ပတ်​တော်​အား​ဖြင့် အ​ကျွန်ုပ်​ရှောင်​ပါ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ မြေ​ကြီး​သည်၊ ဘု​ရား​သ​ခင့်​ရှေ့​မှာ ပုပ်​စပ်​လျက်​ရှိ၏။ မြေ​ကြီး​သည် အ​ဓ​မ္မ​အ​မှု​နှင့်​ပြည့်​စုံ​လေ၏။

မြေ​ကြီး​ပေါ်​မှာ လူ​အ​ပြစ်​ကြီး၍၊ သူ၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ရှိ​သ​မျှ​တို့​သည် အ​စဉ်​မ​ပြတ် ဆိုး​ညစ်​ခြင်း​သက်​သက်​ရှိ​ကြောင်း​ကို၊ ဘု​ရား​သ​ခင်​သိ​မြင်​တော်​မူ​လျှင်၊

သို့​ဖြစ်​လျှင်၊ ရေ​ကို​သောက်​သ​ကဲ့​သို့ ဒု​စ​ရိုက်​အ​ပြစ်​ကို သောက်​လျက်၊ ဆိုး​ညစ်​ရွံ​ရှာ​ဖွယ်​သော လူ​သ​တ္တ​ဝါ၌ အ​ဘယ်​ဆို​ဖွယ်​ရှိ​သ​နည်း။

ငါ​သည် လူ​ပြု​တတ်​သ​ကဲ့​သို့၊ ကိုယ်​ဒု​စ​ရိုက်​ကို​ဖုံး၍၊ ကိုယ်​ရင်​ထဲ၌ ကိုယ်​အ​ပြစ်​ကို ဝှက်​ထား​ဖူး​သ​လော။

ယေ​ရှု​က​လည်း အ​ချင်း​စာ​တန်၊ ငါ့​နောက်​သို့ ဆုတ်​လော့။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ရ​မည်။ ထို​ဘု​ရား​သ​ခင်​ကို​သာ ဝတ်​ပြု​ရ​မည် ကျမ်း​စာ​လာ​သည်​ဟု မိန့်​တော်​မူ၏။-

ယေ​ရှု​က​လည်း၊ လူ​သည် မုန့်​အား​ဖြင့်​သာ အ​သက်​ကို​မွေး​ရ​မည် မ​ဟုတ်။ ဘု​ရား​သ​ခင် မိန့်​တော်​မူ​သ​မျှ​အား​ဖြင့် အ​သက်​ကို​မွေး​ရ​မည် ကျမ်း​စာ​လာ​သည်​ဟု ပြန်​ပြော​တော်​မူ၏။-

ယေ​ရှု​က​လည်း သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို သင်​သည် အ​စုံ​အ​စမ်း​မ​ပြု​ရ​ဟု ကျမ်း​စာ​လာ​ပြန်​သည်​ဟု မိန့်​တော်​မူ၏။-

ကိုယ်​တော်၏​သ​မ္မာ​တ​ရား​အား​ဖြင့် သူ​တို့​ကို သန့်​ရှင်း​စေ​တော်​မူ​ပါ။ ကိုယ်​တော်၏​နှုတ်​က​ပတ်​သည် သ​မ္မာ​တ​ရား​ဖြစ်​ပါ၏။-

ယ​ခု​ပင်​လည်း၊ ဇာ​တိ​ပ​က​တိ​လူ ဖြစ်​ကြ​သေး၏။ ဂုဏ်​ပြိုင်​ခြင်း၊ ရန်​တွေ့​ခြင်း၊ အ​ချင်း​ချင်း​ကွဲ​ပြား​ခြင်း​ရှိ​သည်​ဖြစ်၍၊ သင်​တို့​သည် ဇာ​တိ​ပ​က​တိ လူ​ဖြစ်​ကြ​သည် မ​ဟုတ်​လော။ လော​ကီ​ထုံး​စံ​အ​တိုင်း ကျင့်​ဆောင်​ကြ​သည် မ​ဟုတ်​လော။-

ကယ်​တင်​ခြင်း​တည်း​ဟူ​သော သံ​ခ​မောက်​လုံး​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တည်း​ဟူ​သော ဝိ​ညာဉ်​တော်၏ ဓား​ကို​လည်း​ကောင်း ယူ​ကြ​လော့။-

နိ​မ္မိ​တ​သ​တ္တ​ဝါ​တို့​တွင် ငါ​တို့​သည် အ​ဦး​သီး​သော​အ​သီး​ကဲ့​သို့ ဖြစ်​စေ​ခြင်း​ငှာ၊ သ​မ္မာ​တ​ရား​စ​ကား​အား​ဖြင့် မိ​မိ​အ​လို​တော်​အ​တိုင်း ငါ​တို့​ကို ဖြစ်​ဖွား​စေ​တော်​မူ၏။

သ​မ္မာ​သ​တိ​ရှိ​လျက် မ​အိပ်​ဘဲ​စောင့်​နေ​ကြ​လော့။ သင်​တို့၏ ရန်​သူ​တည်း​ဟူ​သော မာရ်​နတ်​သည်၊ ဟောက်​သော​ခြင်္သေ့​ကဲ့​သို့ အ​ဘယ်​သူ​ကို မျို​ရ​မည်​နည်း​ဟူ၍ လှည့်​လည်​ရှာ​ဖွေ​လျက်​ရှိ၏။-

သူ​တို့​သည် သိုး​သ​ငယ်၏ အ​သွေး​အား​ဖြင့်​လည်း​ကောင်း၊ မိ​မိ​တို့​သက်​သေ​ခံ​ချက် နှုတ်​က​ပတ်​တ​ရား​အား​ဖြင့်​လည်း​ကောင်း အောင်​မြင်၍၊ အ​သေ​ခံ​သည်​တိုင်​အောင် ကိုယ်​အ​သက်​ကို မ​နှ​မြော​ကြ။-

သူ​တို့၏ ရှင်​ဘု​ရင်​မူ​ကား၊ ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့် အ​ဗ​ဒ္ဒုန်​ဟူ၍​လည်း​ကောင်း၊ ဟေ​လ​သ​ဘာ​သာ​အား​ဖြင့် အ​ပေါ​လျုန်​ဟူ၍​လည်း​ကောင်း ခေါ်​ဝေါ်​သော အ​နက်​ဆုံး​သော​တွင်း​တ​မန် ဖြစ်၏။-

ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ဘိ​သိက်​ခံ​သူ​ကို ငါ​မ​ထိ​ခိုက်​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား ဆီး​တား​တော်​မူ​ပါ​စေ​သော။ သို့​ရာ​တွင် ခေါင်း​ရင်း​တော်​နား​မှာ​ရှိ​သော လှံ​တော်​နှင့်​ရေ​ဘူး​ကို ယူ၍ သွား​ကြ​ကုန်​အံ့​ဟု ဆို​လျက်၊

ဒါ​ဝိဒ်​က​သူ့​ကို မ​ပြု​နှင့်။ ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ဘိ​သိက်​ခံ​သော​သူ​ကို အ​ဘယ်​သူ​အ​ပြစ်​လွှတ်​လျက် ထိ​ခိုက်​နိုင်​သ​နည်း​ဟု အ​ဘိ​ရှဲ​အား​ပြန်​ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ