Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 15:3

Judson Bible

သူ​တစ်​ပါး၏​အ​သ​ရေ​ကို ပျက်​စေ​ခြင်း​ငှာ​ပြော​ဆို​ခြင်း၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏ အ​ကျိုး​ကို​ပြစ်​မှား​ခြင်း၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို​လည်း ကဲ့​ရဲ့​ခြင်း​ကို​ရှောင်​ထ​သော၊

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

မ​ထီ​မဲ့​မြင်​ပြု​သော​သူ​ကို​နှင်​ထုတ်​လော့။ သို့​ပြု​လျှင် ရန်​မာန်​လည်း ထွက်​သွား​လိမ့်​မည်။ ရန်​တွေ့​ခြင်း​နှင့် ကဲ့​ရဲ့​ခြင်း​လည်း ငြိမ်း​လိမ့်​မည်။

မိုး​ကောင်း​ကင်​သည် မြင့်၏။ မြေ​ကြီး​သည် နက်၏။ ရှင်​ဘု​ရင်​နှ​လုံး​ကို​လည်း စစ်၍​မ​သိ​နိုင်။

ထို​သို့​ပြု​သော​သူ၊ အ​မြဲ​စွဲ​လမ်း​သော လူ​သား​သည်၊ ဥ​ပုသ်​နေ့​ကို မ​ရှုတ်​ချ၊ စောင့်​ရှောက်၍ ဒု​စ​ရိုက်​ကို​မ​ပြု​မည်​အ​ကြောင်း၊ မိ​မိ​လက်​ကို ချုပ်​တည်း​လျှင်​လည်း မင်္ဂ​လာ​ရှိ၏။

သူ့​အ​သ​ရေ​ပျက်​သော သ​တင်း​ကို​ကြား​ပြော​ခြင်း​ငှာ၊ ကိုယ်​အ​မျိုး​သား​ချင်း​တို့​တွင် မ​လှည့်​လည်​ရ။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို သေ​စေ​ခြင်း​ငှာ မ​ကြံ​စည်​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

သင်​တို့​သည် ကိုယ်၌ သူ​တစ်​ပါး​ပြု​စေ​လို​သ​မျှ​အ​တိုင်း သူ​တစ်​ပါး၌ ပြု​ကြ​လော့။ ဤ​ပ​ညတ်​ကား ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း​တို့၏ အ​ချုပ်​အ​ချာ​ပင် ဖြစ်​သ​တည်း။

ဆဲ​ရေး​သော​သူ၊ ဘု​ရား​သ​ခင်​ကို​မုန်း​သော​သူ၊ ကြမ်း​တမ်း​သော​သူ၊ မာ​န​ထောင်​လွှား​သော​သူ၊ ဝါ​ကြွား​သော​သူ၊ မ​တတ်​ကောင်း​သော အ​တတ်​ကို​စီ​ရင်​သော​သူ၊ မိ​ဘ​စ​ကား​ကို နား​မ​ထောင်​သော​သူ၊ သ​တိ​မ​ရှိ​သော​သူ၊ သ​စ္စာ​ပျက်​သော​သူ၊-

အ​ဘယ်​သူ​ကို​မျှ ရန်​တုံ့​မ​မူ​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​ရှေ့​မှာ တင့်​တယ်​လျောက်​ပတ်​သော​အ​ကျင့်​ကို ကြံ​စည်​ကြ​လော့။-

ချစ်​ခြင်း​မေ​တ္တာ​ရှိ​သော​သူ​သည် ကိုယ်​နှင့် စပ်​ဆိုင်​သော သူ၏​အ​ကျိုး​ကို မ​ဖျက်​ဆီး​တတ်။ ထို​ကြောင့်၊ ချစ်​ခြင်း​မေ​တ္တာ​သည် အ​ကျင့်​တ​ရား​ပြည့်​စုံ​ရာ ဖြစ်​သ​တည်း။

အ​ဘယ်​သူ​ကို​မျှ​မ​ကဲ့​ရဲ့၊ ရန်​တွေ့​ခြင်း​ကို​မ​ပြု၊ ဖြည်း​ညင်း​သော သ​ဘော​ရှိ၍၊ ခပ်​သိမ်း​သော သူ​တို့၌ အ​လွန်​နူး​ညံ့​သိမ်​မွေ့​စွာ ပြု​စေ​ခြင်း​ငှာ​လည်း​ကောင်း သ​တိ​ပေး​လော့။-

ညီ​အစ်​ကို​တို့၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ကဲ့​ရဲ့​ခြင်း​ကို​မ​ပြု​ကြ​နှင့်။ ညီ​အစ်​ကို​ချင်း​ကို ကဲ့​ရဲ့၍၊ သူ၌​အ​ပြစ်​ရှိ​သည်​ဟု စီ​ရင်​သော​သူ​သည် တ​ရား​ကို ကဲ့​ရဲ့၏။ တ​ရား၌​အ​ပြစ်​ရှိ​သည်​ဟု စီ​ရင်၏။ ထို​သို့​ပြု​လျှင်၊ သင်​သည် တ​ရား​ကို ကျင့်​သော​သူ​မ​ဟုတ်၊ တ​ရား​ကို စစ်​ကြော​စီ​ရင်​သော​သူ ဖြစ်၏။-

အ​ချင်း​ချစ်​သူ၊ မ​ကောင်း​သော​နည်း​ကို မ​လိုက်​နှင့်၊ ကောင်း​သော​နည်း​ကို​သာ လိုက်​လော့။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်၏။ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​မူ​ကား၊ ဘု​ရား​သ​ခင်​ကို မ​သိ​မ​မြင်​ရ​ပြီ။-

ထို​မှ​တစ်​ပါး ကျွန်​တော်​အ​ဘ ကြည့်​ရှု​တော်​မူ​ပါ။ ကျွန်​တော်​လက်၌ အင်္ကျီ​တော်​အောက်​ပိုင်း​ကို ကြည့်​ရှု​တော်​မူ​ပါ။ အ​သက်​တော်​ကို မ​သတ်၊ အင်္ကျီ​တော်​အောက်​ပိုင်း​ကို လှီး​ဖြတ်​ရုံ​မျှ​သာ ပြု​သော​ကြောင့်၊ ကျွန်​တော်၌ ဒု​စ​ရိုက်​အ​ပြစ်​မ​ရှိ၊ လွန်​ကျူး​ခြင်း​အ​ပြစ် မ​ရှိ​ကြောင်း​ကို သိ​မြင်​တော်​မူ​ပါ။ ကိုယ်​တော်​ကို မ​ပြစ်​မှား​ပါ။ သို့​သော်​လည်း ကျွန်​တော်​အ​သက်​ကို သတ်​အံ့​သော​ငှာ လိုက်၍ ရှာ​တော်​မူ​ပါ​သည်​တ​ကား။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ