Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 146:5

Judson Bible

ယာ​ကုပ်​အ​မျိုး၏ ဘု​ရား​သ​ခင် မ​စ​တော်​မူ​သော​သူ၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ကို​ပြစ်​မှား​သော​အ​ပြစ်​ကို လွှတ်​တော်​မူ​ပါ​ဟု၊ ကိုယ်​တော်​အား ကြား​လျှောက်​ရ​မည်​အ​ကြောင်း၊ ခ​မည်း​တော်​မ​သေ​မီ ကျွန်​တော်​တို့​ကို မှာ​ထား​ခဲ့​သည်​ဖြစ်၍၊ ယ​ခု​တွင် ခ​မည်း​တော်၏​ဘု​ရား​သ​ခင်​ကျွန်​တို့၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။ ထို​သို့​လျှောက်​ကြ​သော​အ​ခါ၊ ယော​သပ်​သည်​မျက်​ရည်​ကျ​လေ၏။

ထို​သို့​နေ​သော​လူ​မျိုး​သည် မင်္ဂ​လာ​ရှိ​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကြင်​လူ​မျိုး၏ ဘု​ရား​သ​ခင်​ဖြစ်၏။ ထို​လူ​မျိုး​သည် မင်္ဂ​လာ​ရှိ​ပါ၏။

သူ​တို့​သည်​နှိမ့်​ချ၍ လဲ​လျက်​ရှိ​ကြ၏။ ငါ​တို့​မူ​ကား၊ ထ၍ မတ်​တတ်​နေ​ကြ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ မင်း​ကြီး​ကို ကယ်​တင်​တော်​မူ​ပါ။

ထာ​ဝ​ရ​ဘု​ရား​သည် အ​ကြင်​အ​မျိုး၏​ဘု​ရား​ဖြစ်၍၊ အ​ကြင်​လူ​စု​ကို မိ​မိ​အ​မွေ​ဥ​စ္စာ​ဖို့ ရွေး​ကောက်​တော်​မူ၏၊ ထို​အ​မျိုး​နှင့် ထို​လူ​စု​သည်​မင်္ဂ​လာ​ရှိ၏။

ယ​ခု​မူ​ကား၊ အ​ကျွန်ုပ်​သည် အ​ဘယ်​သို့ မျှော်​လင့်​ရ​ပါ​မည်​နည်း။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၌​သာ မျှော်​လင့်​စ​ရာ​အ​ကြောင်း​ရှိ​ပါ၏။

ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​နှင့်​အ​တူ ရှိ​တော်​မူ၏။ ယာ​ကုပ်၏​ဘု​ရား​သ​ခင်​သည် ငါ​တို့​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။

ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ၏။ ယာ​ကုပ်​အ​မျိုး၏ ဘု​ရား​သ​ခင်​သည် ငါ​တို့ ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​ပြု​ပြင်၍ မြေ​ကြီး​ပေါ်​မှာ သုတ်​သင်​ပယ်​ရှင်း​ခြင်း​အ​မှု​တော်​များ​ကို လာ၍​ကြည့်​ရှု​ကြ​လော့။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​မျှော်​လင့်​ရာ ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်​ငယ်​သော​အ​ရွယ်​မှ​စ၍ အ​ကျွန်ုပ်​ကိုး​စား​ရာ ဖြစ်​တော်​မူ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၌ ခို​လှုံ​သော​သူ​သည် မင်္ဂ​လာ​ရှိ​ပါ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ပ​တ္ထ​နာ​စ​ကား​ကို မှတ်​တော်​မူ​ပါ။ ယာ​ကုပ်​အ​မျိုး၏​ဘု​ရား​သ​ခင်၊ နား​ထောင်​တော်​မူ​ပါ။

ငါ​သည်​သင့်​အ​ဘ၏​ဘု​ရား၊ အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း မိန့်​တော်​မူ၏။ မော​ရှေ​သည် ဘု​ရား​သ​ခင်​ကို​မ​ကြည့်​ဝံ့၊ မိ​မိ​မျက်​နှာ​ကို ဖုံး​လျက်​နေ၏။

ပ​ညာ​နှင့် အ​မှု​စောင့်​သော​သူ​သည် အ​ကျိုး​ကို​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​သော​သူ​သည်​လည်း မင်္ဂ​လာ​ရှိ၏။

အို​ဣ​သ​ရေ​လ​အ​မျိုး၊ သင်​သည် မင်္ဂ​လာ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​ကယ်​တင်​တော်​မူ​သော​အ​မျိုး၊ သင်​နှင့်​အ​ဘယ်​သူ တူ​သ​နည်း။ ထို​ဘု​ရား​သည် သင့်​ကို ကွယ်​ကာ​သော​ဒိုင်း​လွှား၊ သင့်​ကို ချီး​မြှောက်​သော ဓား​လက်​နက်​ဖြစ်​တော်​မူ၏။ သင်၏​ရန်​သူ​တို့​သည် သင့်​ရှေ့​မှာ​ရှုံး၍၊ သင်​သည် သူ​တို့၏​မြင့်​မြတ်​သော​အ​ရပ်​တို့၌ နင်း​ရ​လိမ့်​မည်​ဟု မြွက်​ဆို၏။

သင်​တို့​သည် ဘု​ရား​သ​ခင်​ကို ထောက်​လျက် ယုံ​ကြည်​ခြင်း၊ မျှော်​လ​င့်​ခြင်း​ရှိ​စေ​ခြင်း​ငှာ၊ ထို​သ​ခင်​ကို ဘု​ရား​သ​ခင်​သည် သေ​ခြင်း​မှ​ထ​မြောက်​စေ၍ ဘုန်း​အ​သ​ရေ​ကို ပေး​သ​နား​တော်​မူ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ