Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 143:3

Judson Bible

ရန်​သူ​သည် အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို​ညှဉ်း​ဆဲ၍၊ အ​သက်​ကို​လည်း မြေ​တိုင်​အောင် နှိပ်​နင်း၍၊ ကြာ​မြင့်​စွာ သေ​နေ​သော​သူ​ကဲ့​သို့၊ အ​ကျွန်ုပ်​ကို မှောင်​မိုက်​ထဲ​မှာ​နေ​စေ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ယွာ​ဘ​က၊ သင်​သည် မြင်​ခဲ့​သည်​မှန်​လျှင် အ​ဘယ်​ကြောင့် သူ့​ကို​ထိုး၍ မြေ​ကြီး​ပေါ်​သို့ မ​ချ​ခဲ့​သ​နည်း။ ထို​သို့​ပြု​လျှင် ငွေ​အ​ကျပ်​တစ်​ဆယ်​နှင့် ခါး​စည်း​ကို ငါ​ပေး​ပြီ​ဟု ပြော​ဆို​သော်၊

တစ်​ဖန် အာ​ဗ​နာ​က ငါ့​ကို​မ​လိုက်​နှင့်။ လှည့်​သွား​တော့။ သင့်​ကို မြေ​ပေါ်​သို့​အ​ဘယ်​ကြောင့် ငါ​လှဲ​ရ​မည်​နည်း။ သို့​ပြု​လျှင် သင့်​အစ်​ကို​ယွာ​ဘ​ရှေ့​မှာ ငါ့​မျက်​နှာ​ကို အ​ဘယ်​သို့ ငါ​ပြ​နိုင်​မည်​နည်း​ဟု ဆို​သော်​လည်း၊

အ​လွန်​နှိမ့်​ချ​လျက်​နေ​သော အ​ကျွန်ုပ်၏​ကြွေး​ကြော်​သံ​ကို နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​သူ​တို့​လက်​မှ ကယ်​နုတ်​တော်​မူ​ပါ။ သူ​တို့​သည် အ​ကျွန်ုပ်​ထက်​သာ၍ ခွန်​အား​ကြီး​ကြ​ပါ၏။

အ​ကျွန်ုပ်​အ​သက်​ကို ရှာ​သော​သူ​တို့​သည် အ​ရှက်​ကွဲ၍ မျက်​နှာ​ပျက်​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်​ကို အ​န္တ​ရာယ်​ပြု​မည်​ဟု ကြံ​စည်​သော​သူ​တို့​သည် လှန်​ခြင်း​ကို​ခံ​ရ၍ ရှက်​ကြောက်​ခြင်း​သို့ ရောက်​ကြ​ပါ​စေ​သော။

အ​ကြောင်း​မူ​ကား၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် အ​ကျွန်ုပ်​ကို​ရန်​ဘက်​ပြု၍ ထ​ကြ​ပါ​ပြီ။ ကြမ်း​တမ်း​သော​သူ​တို့​သည် အ​ကျွန်ုပ်​အ​သက်​ကို ရှာ​ကြ​ပါ၏။ ဘု​ရား​သ​ခင်၏​မျက်​နှာ​တော်​ကို မ​ထောက်​ကြ​ပါ။

ရန်​သူ​သည် အ​ကျွန်ုပ်၏​စိတ်​ဝိ​ညာဉ်​ကို​လိုက်၍​မီ​ပါ​စေ။ အ​ကျွန်ုပ်​အ​သက်​ကို မြေ​ပေါ်​မှာ​နင်း၍၊ အ​ကျွန်ုပ်​အ​သ​ရေ​ကို မြေ​မှုန့်၌ နှိမ့်​ချ​ပါ​စေ။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​မျက်​တော်​ထွက်၍ ထ​တော်​မူ​ပါ။ အ​ကျွန်ုပ်၏​ရန်​သူ​တို့ ပြင်း​ထန်​ခြင်း​ကို ဆီး​တား၍ အား​ထုတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​အ​ဖို့ နိုး​တော်​မူ​ပါ။ တ​ရား​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ပါ။

သေ​လွန်​သော​သူ​တို့​ကို ပြု​တတ်​သ​ကဲ့​သို့၊ ငါ့​ကို မိုက်​သော​အ​ရပ်၌ ထား​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ချင်း​လူ​သား၊ ဤ​အ​ရိုး​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​ဖြစ်​ကြ၏။ ငါ​တို့​အ​ရိုး​များ​သည် သွေ့​ခြောက်​ကြ၏။ မျှော်​လင့်​စ​ရာ​မ​ရှိ။ ငါ​တို့​သည် ဆုံး​ရှုံး​ကြ​ပြီ​ဟု သူ​တို့​ဆို​တတ်​ကြ၏။

အ​ချင်း​ရန်​သူ၊ ငါ့​အ​ပေါ်​မှာ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း မ​ရှိ​နှင့်။ ငါ​လဲ​သော်​လည်း ထ​ဦး​မည်။ မှောင်​မိုက်၌ ထိုင်​ရ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​လင်း​ဖြစ်​တော်​မူ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ