Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 142:7

Judson Bible

နာ​မ​တော်​ကို အ​ကျွန်ုပ်​ချီး​မွမ်း​ရ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​ကို ထောင်​ထဲ​က နုတ်​ဆောင်​တော်​မူ​ပါ။ ထို​သို့ ကျေး​ဇူး​ပြု​တော်​မူ​သော​အ​ခါ၊ ဖြောင့်​မတ်​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို ဝန်း​ရံ​လျက်​နေ​ရ​ကြ​ပါ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

အို​ငါ့​ဝိ​ညာဉ်၊ သင်၏​ငြိမ်​ဝပ်​ရာ​သို့ ပြန်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်၌​ကျေး​ဇူး​ပြု​တော်​မူ​ပြီ။

ကိုယ်​တော်၏​ကျွန်​သည် အ​သက်​ရှင်၍၊ နှုတ်​က​ပတ်​တော်​ကို စောင့်​နိုင်​ပါ​မည်​အ​ကြောင်း၊ ကျေး​ဇူး​ပြု​တော်​မူ​ပါ။

နှုတ်​က​ပတ်​တော်​ကို အ​ကျွန်ုပ်​မျှော်​လင့်​သော​ကြောင့်၊ ကိုယ်​တော်​ကို ကြောက်​ရွံ့​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို​မြင်၍ ဝမ်း​မြောက်​ကြ​ပါ​လိမ့်​မည်။

အ​ကျွန်ုပ်၌ ကျေး​ဇူး​ပြု​တော်​မူ​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။

ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​သို့ အ​သံ​ကို​လွှင့်၍ အော်​ဟစ်၏။ ငါ့​အ​သံ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​သို့ လွှင့်၍ ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ နာ​မ​တော်​အ​တွက်​ကြောင့်၊ အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။ ဖြောင့်​မတ်​တော်​မူ​သည်​နှင့်​အ​ညီ၊ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို ဆင်း​ရဲ​ဒု​က္ခ​အ​ထဲ​က နုတ်​ယူ​တော်​မူ​ပါ။

အို​ထာ​ဝ​ရ​ဘု​ရား၊ ရန်​သူ​တို့​လက်​မှ အ​ကျွန်ုပ်​ကို ကယ်​နုတ်​တော်​မူ​ပါ။ ကိုယ်​တော်​ကို ခို​လှုံ​ပါ၏။

ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​အား တ​ရား​ပြု​တော်​မူ၏။ ငတ်​မွတ်​သော​သူ​တို့​ကို ကျွေး​မွေး​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ချုပ်​ထား​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​ကို လွှတ်​တော်​မူ၏။

အ​ကျွန်ုပ်​ကို​ရန်​သူ​လက်​သို့​မ​အပ်​ဘဲ ကျယ်​ဝန်း​သော​အ​ရပ်၌ နေ​ရာ​ချ​တော်​မူ၏။

ငါ့​ဝိ​ညာဉ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​မှီ​ပြု၍ ဝါ​ကြွား​ခြင်း​ကို ပြု​မည်။ နှိမ့်​ချ​လျက်​ရှိ​သော သူ​တို့​သည် ကြား​သိ၍၊ ဝမ်း​မြောက်​ကြ​ပါ​စေ​သော။

အ​ကျွန်ုပ်​သည် ကျေး​ဇူး​တ​ရား​ကို ကြိုး​စား၍ ကျင့်​သော​ကြောင့် ကျေး​ဇူး​အ​တွက် အ​ပြစ်​ပြု​တတ်​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို ရန်​ဘက်​ပြု​ကြ​ပါ၏။

သို့​ဖြစ်၍ ဂုဏ်​ကျေး​ဇူး​တော်​အ​ပေါင်း​ကို ဇိ​အုန်​မြို့​တံ​ခါး​ဝ​မှာ အ​ကျွန်ုပ်​ပြ​ညွှန်​ပါ​မည်။ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​မှီ​ပြု၍ ဝမ်း​မြောက်​ပါ​မည်။

အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်၏​ရန်​သူ​တို့​သည် ပြန်​ဆုတ်၍ လဲ​ကြ​ပါ၏။ ရှေ့​တော်၌ ပျက်​စီး​ကြ​ပါ၏။

ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်​မှာ တည်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ဆင်း​ရဲ​သား​တို့​အား ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​စေ​ခြင်း​ငှာ၊ ငါ့​ကို​ဘိ​သိက်​ပေး​တော်​မူ​ပြီ။ နှ​လုံး​ကြေ​ကွဲ​သော​သူ​တို့၏ အ​နာ​ကို​စည်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖမ်း​သွား​ချုပ်​ထား​လျက် ရှိ​သော​သူ​တို့​အား လွှတ်​ခြင်း​အ​ကြောင်း​နှင့်၊ အ​ကျဉ်း​ခံ​လျက်​ရှိ​သော​သူ​တို့​အား ထောင်​တံ​ခါး​ဖွင့်​ခြင်း​အ​ကြောင်း​ကို ပြ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊

ထို​သူ​ကို သေ​ခြင်း​ဝေ​ဒ​နာ​သည် အ​စဉ်​ချည်​နှောင်​ချုပ်​ကိုင်၍ မ​ဖြစ်​နိုင်​သည်​နှင့်၊ ထို​ဝေ​ဒ​နာ​ကို ဘု​ရား​သ​ခင်​သည် ချွတ်​ပယ်၍ ထ​မြောက်​စေ​တော်​မူ​ပြီ။-

သည်း​ခံ​နိုင်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​သော​သူ​ဟူ၍ ငါ​တို့​သည် ခေါ်​ကြ၏။ ယော​ဘ​သည် သည်း​ခံ​ကြောင်း​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​အ​မှု​ကို လက်​စ​သတ်​တော်​မူ​ရာ​မှာ အ​လွန်​သ​နား စုံ​မက်​တော်​မူ​ကြောင်း​ကို​လည်း သိ​မြင်​ရ​ကြ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ