Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 142:1

Judson Bible

ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​သို့ အ​သံ​ကို​လွှင့်၍ အော်​ဟစ်၏။ ငါ့​အ​သံ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​သို့ လွှင့်၍ ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ယာ​ဗက်​က​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို အ​စဉ်​ကောင်း​ချီး​ပေး၍၊ အ​ကျွန်ုပ်​နေ​ရာ​ကို ကျယ်​ဝန်း​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဘေး​ဥ​ပဒ်​အ​နှောင့်​အ​ယှက်​နှင့် ကင်း​လွတ်​ပါ​မည်​အ​ကြောင်း၊ လက်​တော်​သည် အ​ကျွန်ုပ်​ဘက်၌​နေ၍ ကွယ်​ကာ​စောင့်​မ​တော်​မူ​ပါ​ဟု ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​အား​ဆု​တောင်း​တတ်၍၊ တောင်း​သော​ဆု​ကို ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​အော်​ဟစ်​ပါ၏။ အ​လျင်​အ​မြန် ကြွ​လာ​တော်​မူ​ပါ။ ကိုယ်​တော်​ကို အော်​ဟစ်​သော​အ​ခါ၊ အ​ကျွန်ုပ်၏​စ​ကား​သံ​ကို နား​ထောင်​တော်​မူ​ပါ။

အ​ကျွန်ုပ်​သည် သန့်​ရှင်း​သော​ဗျာ​ဒိတ်​ဌာ​န​တော်​သို့ လက်​ကို​ချီ၍၊ ကိုယ်​တော်​ကို အော်​ဟစ်​သော​အ​ခါ၊ အ​ကျွန်ုပ် တောင်း​လျှောက်​သော​အ​သံ​ကို နား​ထောင်​တော်​မူ​ပါ။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​အ​သက်​ဆုံး၍၊

အ​ပြစ်​မှ​လွှတ်​ခြင်း၊ ဒု​စ​ရိုက်​အ​ပြစ်​ကို ဖုံး​အုပ်​ခြင်း​သို့ ရောက်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။

အို​ဘု​ရား​သ​ခင်၊ နာ​မ​တော်​အား​ဖြင့် အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ။ တန်​ခိုး​တော်​အား​ဖြင့် အ​ကျွန်ုပ်​ဘက်၌ တ​ရား​စီ​ရင်​တော်​မူ​ပါ။

အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ​ပါ။ သ​နား​တော်​မူ​ပါ။ ဘေး​မ​လွန်​မီ​တိုင်​အောင် အ​ကျွန်ုပ်၏ ဝိ​ညာဉ်​သည် ကိုယ်​တော်​ကို ခို​လှုံ​ပါ၏။ အ​တောင်​တော်​အ​ရိပ်၌ ခို​လှုံ​ပါ၏။

ဤ​လော​က​သည် ထို​သူ​တို့​နှင့် မ​ထိုက်​မ​တန်။ သူ​တို့​သည် တော​ကြို​တောင်​ကြား၊ ဥ​မင်​မြေ​တွင်း​ထဲ​မှာ အ​ပြောင်း​ပြောင်း အ​လည်​လည် နေ​ရ​ကြ၏။-

လမ်း​နား​မှာ သိုး​ခြံ​ရှိ​ရာ​သို့​ရောက်၍ ဥ​မင်​ကို​တွေ့​သ​ဖြင့်၊ ရှော​လု​သည် အိပ်​မည်​ဟု ဝင်​လေ၏။ ဒါ​ဝိဒ်​နှင့်​သူ၏​လူ​တို့​သည် ထို​ဥ​မင်​နံ​ဘေး တစ်​ဖက်​တစ်​ချက်၌ နေ​ကြ၏။

ဒါ​ဝိဒ်၏​လူ​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​ရန်​သူ​ကို သင့်​လက်၌​ငါ​အပ်​မည်။ သူ၌ သင်​ပြု​ချင်​တိုင်း ပြု​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်​ဟု ကိုယ်​တော်​အား အ​မိန့်​ပေး​တော်​မူ​သော​နေ့​ရက် ရောက်​ပါ​ပြီ​ဟု ဆို​ကြ​လျှင်၊ ဒါ​ဝိဒ်​သည်​ထ၍ ရှော​လု​ဝတ်​လျက်​ရှိ​သော အင်္ကျီ​အောက်​ပိုင်း​ကို တိတ်​ဆိတ်​စွာ လှီး​ဖြတ်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ