Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 141:9

Judson Bible

အ​ကျွန်ုပ်​ဖို့ ထောင်​ထား​ကြ​သော ကျော့​ကွင်း​မှ​လည်း​ကောင်း၊ ဒု​စ​ရိုက်​ကို ပြု​သော​သူ​တို့၏ ညွှတ်​မှ​လည်း​ကောင်း၊ အ​ကျွန်ုပ်​ကို လွတ်​စေ​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

မ​တ​ရား​သော​သူ​တို့​သည် အ​ကျွန်ုပ်​ဖို့ ကျော့​ကွင်း​ကို ထောင်​ထား​ကြ​ပါ၏။ သို့​သော်​လည်း၊ ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​များ​မှ လွှဲ၍​မ​သွား​ပါ။

မာ​န​ကြီး​သော​သူ​တို့​သည် အ​ကျွန်ုပ်​ဖို့​ကျော့​ကွင်း​နှင့် ကြိုး​သေး​များ​ကို ဝှက်​ထား​ကြ​ပါ၏။ အ​ကျွန်ုပ်​သွား​ရာ​လမ်း၌ ကွန်​ရွက်​ကို​ဖြန့်၍ ညွှတ်​များ​ကို​ထား​ကြ​ပါ၏။

အ​ကျွန်ုပ်​သည် စိတ်​ပျက်​လျက်​ရှိ​သော​အ​ခါ၊ အ​ကျွန်ုပ်​သွား​သော​လမ်း​ကို ကိုယ်​တော်​သိ​တော်​မူ၏။ အ​ကျွန်ုပ်​သွား​သော​လမ်း၌ ကျော့​ကွင်း​ကို ဝှက်​ထား​ကြ​ပါ​ပြီ။

လက်​ယာ​ဘက်​သို့ အ​ကျွန်ုပ်​ကြည့်​ရှု​သော​အ​ခါ၊ အ​ကျွန်ုပ်​သိ​ကျွမ်း​သော​သူ မ​ရှိ​ပါ။ ပြေး​လွတ်​ရာ​လမ်း​လည်း ပိတ်​ပါ၏။ အ​ကျွန်ုပ်​အ​သက်​ကို နှ​မြော​သော​သူ မ​ရှိ​ပါ။

အ​ကျွန်ုပ်​အ​သက်​ကို ရှာ​သော​သူ​တို့​သည် ကျော့​ကွင်း​များ​ကို ထောင်​ထား​ကြ​ပါ၏။ အ​ကျွန်ုပ်၌ အ​ပြစ်​ပြု​ခြင်း​အ​ခွင့်​ကို ရှာ​သော​သူ​တို့​သည် တစ်​နေ့​လုံး မ​နာ​လို​သော​စ​ကား​ကို​ပြော၍၊ မ​ကောင်း​သော​ပ​ရိ​ယာယ်​ကို ကြံ​စည်​ကြ​ပါ၏။

အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​နှ​လုံး​သည် တည်​ကြည်​ပါ၏။ အ​ကျွန်ုပ်​နှ​လုံး​သည် တည်​ကြ​ည်ပါ၏။ သီ​ချင်း​ဆို​ပါ​မည်။ ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ​မည်။

ထို​သူ​တို့​သည် မိ​မိ​တို့​လျှာ​ကို ဓား​ကဲ့​သို့ သွေး​တတ်​ကြ၏။

ပ​ညာ​ရှိ​သော​သူ၏​တ​ရား​သည် အ​သေ​ခံ​ရာ​ကျော့​ကွင်း​တို့​မှ၊ လွှဲ​ရှောင်​ရာ အ​သက်​စမ်း​ရေ​တွင်း​ဖြစ်၏။

စစ်​တိုက်​သော ရန်​သူ​များ​ကို သူ​တို့​ရှိ​ရာ​သို့ ချက်​ချင်း​ရောက်​စေ​တော်​မူ​သော​အ​ခါ၊ သူ​တို့​အိမ်​သား​များ အော်​ဟစ်​ကြ​ပါ​စေ​သော။ အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​ကို ထောင်​ခြင်း​ငှာ တွင်း​ကို​တူး​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​သွား​ရာ​လမ်း၌ ကျော့​ကွင်း​ကို ဝှက်​ထား​ကြ​ပါ​ပြီ။

ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည် ကိုယ်​တော်​ကို ချောင်း​မြောင်း​လျက်၊ စ​ကား​တော်၌ အ​ပြစ်​ကို​ရှာ၍ မြို့​ဝန်​မင်း​လက်​သို့ အပ်​နှံ​သော​အ​ခွင့်​ကို​ရ​ခြင်း​ငှာ သူ​တော်​ကောင်း​ဖြစ်​ယောင်​ဆောင်​သော သူ​လျှို​တို့​ကို အ​ထံ​တော်​သို့ စေ​လွှတ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ