Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 140:7

Judson Bible

အို​ဘု​ရား​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ကယ်​တင်​ခြင်း​အ​စွမ်း​သ​တ္တိ ဖြစ်​တော်​မူ၏။ စစ်​တိုက်​ရ​သော​နေ့၌ အ​ကျွန်ုပ်၏​ဦး​ခေါင်း​ကို ဖုံး​အုပ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ဧ​ဒုံ​ပြည်​အ​ရပ်​ရပ်၌ မြို့​စောင့်​တပ်​တို့​ကို​ထား၍၊ ဧ​ဒုံ​ပြည်​သား​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်၌​ကျွန်​ခံ​ကြ၏။ ဒါ​ဝိဒ်​သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​စောင့်​မ​တော်​မူ၏။

ရှု​ရိ​ပြည်​ဒ​မာ​သက်​မြို့၌ မြို့​စောင့်​တပ်​ကို​ထား​သ​ဖြင့်၊ ရှု​ရိ​လူ​တို့​သည် ဒါ​ဝိဒ်၌​ကျွန်​ခံ၍ အ​ခွန်​ဆက်​ရ​ကြ၏။ ဒါ​ဝိဒ်​သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​စောင့်​မ​တော်​မူ၏။

အောင်​မြင်​ရ​သော​အ​ခွင့်​ကို ရှင်​ဘု​ရင်​တို့​အား​ပေး​တော်​မူ၏။ ကိုယ်​တော်၏​ကျွန်​ဒါ​ဝိဒ်​ကို ဆိုး​သော​ဓား​ဘေး​နှင့် ကင်း​လွတ်​စေ​တော်​မူ၏။

ကိုယ်​တော်​သည် ကယ်​တင်​တော်​မူ​ခြင်း ဒိုင်း​လွှား​ကို​အပ်၍၊ လက်​ယာ​လက်​တော်​အား​ဖြင့် မ​စ​တော်​မူ၏။ သည်း​ခံ​တော်​မူ​ခြင်း​အား​ဖြင့် အ​ကျွန်ုပ်​သည်​ချီး​မြှောက်​ခြင်း​သို့ ရောက်​ပါ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​လင်း၊ ငါ့​ကို ကယ်​တင်​သော​အ​ရှင်​ဖြစ်​တော်​မူ၏။ ငါ​သည် အ​ဘယ်​သူ​ကို ကြောက်​ရ​အံ့​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​သက်​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။ ငါ​သည် အ​ဘယ်​သူ​ကို​မျှ ကြောက်​လန့်​ရ​အံ့​နည်း။

အ​ကျွန်ုပ်၌​ဖြစ်​လေ​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို ကိုယ်​တော်​စီ​ရင်​ပိုင်​တော်​မူ၏။ ရန်​သူ​တို့​နှင့် ညှဉ်း​ဆဲ​တတ်​သော သူ​တို့​လက်​မှ အ​ကျွန်ုပ်​ကို​ကယ်​နုတ်​တော်​မူ​ပါ။

အို အ​ကျွန်ုပ်​အ​စွမ်း​သ​တ္တိ၊ ကိုယ်​တော်​ကို သီ​ချင်း​ဆို​ပါ​မည်။ ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်၌ က​ရု​ဏာ​အ​ရှင်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။

အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် ငါ၏​ကျောက်၊ ငါ့​ကို​ကယ်​တင်​ခြင်း​အ​ကြောင်း၊ ငါ့​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၍၊ ငါ၌ လှုပ်​ရှား​ခြင်း​များ​စွာ မ​ရှိ​ရာ။

ငါ့​ကို ကယ်​တင်​ခြင်း​အ​ကြောင်း၊ ငါ၏​ဘုန်း​ပွင့်​ခြင်း​အ​ကြောင်း​ကား ဘု​ရား​သ​ခင်​ပေ​တည်း။ ငါ့​ကို အား​ပေး​သော​ကျောက်၊ ငါ​ခို​လှုံ​ရာ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။

သူ​က​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​အ​ဘ၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို ကယ်​တင်​ရာ​ကျောက်​ဖြစ်​တော်​မူ၏​ဟု ငါ့​ကို ကြွေး​ကြော်​လိမ့်​မည်။

လာ​ကြ။ ထာ​ဝ​ရ​ဘု​ရား​အား ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ကြ​ကုန်​အံ့။ ငါ​တို့​သည် ကယ်​တင်​ခြင်း​သို့​ရောက်​ရာ ကျောက်​ကို ကျူး​ဧ​ကြ​ကုန်​အံ့။

ဘု​ရား​သ​ခင်​သည် ငါ့​ကို ကယ်​တင်​သော​အ​ရှင် ဖြစ်​တော်​မူ၏။ ကြောက်​လန့်​သော​စိတ်​မ​ရှိ​ဘဲ ရဲ​ရင့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​ချီး​မွမ်း​ရာ၊ ငါ​သီ​ချင်း​ဆို​ရာ၊ ငါ့​ကို​ကယ်​တင်​တော်​မူ​သော​အ​ရှင် ဖြစ်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ