Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 135:14

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​တို့၏​အ​တွက် နောင်​တ​ရ၍၊ မိ​မိ​လူ​စု​ဘက်​မှ တ​ရား​စီ​ရင်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ယေ​ရု​ရှ​လင်​မြို့​ကို ဖျက်​ဆီး​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်​တော်​မူ​သည်​အ​တိုင်း၊ ကောင်း​ကင်​တ​မန် ဖျက်​ဆီး​မည်​ဟု အား​ထုတ်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည်​ကြည့်​ရှု​လျက်၊ ထို​ဘေး​ကြောင့် နောင်​တ​ရ​တော်​မူ၍၊ တန်​ပြီ။ သင့်​လက်​ကို ရုပ်​သိမ်း​လော့​ဟု ဖျက်​ဆီး​သော ကောင်း​ကင်​တ​မန်​အား မိန့်​တော်​မူ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည်၊ ယေ​ဗု​သိ​လူ​အ​ရော​န၏ ကောက်​နယ်​တ​လင်း​အ​နား​မှာ​ရပ်​နေ၏။

မိ​မိ​လူ​တို့​ကို စစ်​ကြော​စီ​ရင်​ခြင်း​အ​လို​ငှာ အ​ထက်​ကောင်း​ကင်​ကို​လည်း​ကောင်း၊ မြေ​ကြီး​ကို​လည်း​ကောင်း ခေါ်​တော်​မူ​လျက်၊

ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး​တို့​ကို တ​ရား​စီ​ရင်​တော်​မူ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် ဖြောင့်​မတ်​ခြင်း​ကို​လည်း​ကောင်း၊ စုံ​လင်​ခြင်း​ကို​လည်း​ကောင်း​ထောက်၍ အ​ကျွန်ုပ်​အ​မှု​ကို စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ပါ။

အို ထာ​ဝ​ရ​ဘု​ရား၊ ပြန်​လာ​တော်​မူ​ပါ။ အ​ဘယ်​မျှ​လောက် ကြာ​ရ​ပါ​မည်​နည်း။ ကိုယ်​တော်၏​ကျွန်​တို့​အ​တွက် နာ​ကြင်​သော​စိတ် ရှိ​တော်​မူ​ပါ။

အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် ကြွ​လာ​တော်​မူ၏။ မြေ​ကြီး​သား​တို့​ကို တ​ရား​စီ​ရင်​ခြင်း​ငှာ ကြွ​လာ​တော်​မူ၏။ လော​က​သား​တို့​ကို ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့်​လည်း​ကောင်း၊ လူ​များ​ကို သ​စ္စာ​တော်​နှင့်​လည်း​ကောင်း စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​လ​တ္တံ့။

ထာ​ဝ​ရ​ဘု​ရား​သည် နောင်​တ​ရ၍၊ ဤ​သို့​မ​ဖြစ်​ရ​ဟု မိန့်​တော်​မူ၏။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် နောင်​တ​ရ၍၊ ဤ​သို့ မ​ဖြစ်​ရ​ဟု မိန့်​တော်​မူ၏။

ကိုယ်​တော်​သည် သ​နား​စုံ​မက်​တတ်​သော​ဘု​ရား​ဖြစ်၍ စိတ်​ရှည်​သော​သ​ဘော၊ ကျေး​ဇူး​ပြု​ချင်​သော​သ​ဘော၊ အ​ပြစ်​ဒဏ်​ပေး​မည့်​အ​မှု​ကို နောင်​တ​ရ​တတ်​သော သ​ဘော​ရှိ​တော်​မူ​ကြောင်း​ကို အ​ကျွန်ုပ်​သိ​ပါ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​အ​ဖို့ တ​ရား​စီ​ရင်​တော်​မူ​မည်။ ကိုယ်​တော်၏ ကျွန်​တို့​သည် တန်​ခိုး​ကုန်​ကြောင်း၊ အ​ချုပ်​ခံ​ရ​သော​သူ၊ လွတ်​သော​သူ​တစ်​ယောက်​မျှ မ​ရှိ​ကြောင်း​ကို မြင်​သော​အ​ခါ၊ သူ​တို့​အ​မှု​ကြောင့် နောင်​တ​ရ​တော်​မူ​လျက်၊

တစ်​ပါး​အ​မျိုး​သား​ကိုး​ကွယ်​သော ဘု​ရား​တို့​ကို​ပယ်၍ ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ကြ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ခံ​ရ​သော ဒု​က္ခ​ဆင်း​ရဲ​ကြောင့် နာ​ကျင်​သော​စိတ်​နှ​လုံး​ရှိ​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ