ဆာလံ 131:2Judson Bibleအကယ်စင်စစ် အကျွန်ုပ်သည် အမိနို့နှင့် ကွာသော သူငယ်ကဲ့သို့၊ ကိုယ်စိတ်ကိုဖြေ၍ ငြိမ်းစေပါပြီ။ အကျွန်ုပ်စိတ်နှလုံးသည် နို့ကွာသောသူငယ်ကဲ့သို့ ဖြစ်ပါ၏။ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရား၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ပြောင်းလဲ၍ ငြိမ်ဝပ်စွာနေလျှင်၊ ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်။ ငြိမ်ဝပ်စွာနေခြင်း၊ ယုံကြည်ခြင်းအားဖြင့် ခွန်အားအစွမ်းကို ရကြလိမ့်မည်။ သင်တို့သည် ထိုသို့သော အလိုမရှိကြ။
ယနေ့ ထာဝရဘုရားသည် ဥမင်ထဲမှာ ကိုယ်တော်ကို ကျွန်တော်လက်၌ အပ်တော်မူကြောင်းကို ကြည့်ရှုတော်မူပါ။ အသက်တော်ကိုသတ်စေခြင်းငှာ အချို့တို့သည် တိုက်တွန်းသော်လည်း၊ ကျွန်တော်သည် နှမြောသောစိတ်ရှိ၍၊ ငါ့အရှင်သည် ထာဝရဘုရား၏ဘိသိက်ခံသူ ဖြစ်တော်မူသောကြောင့်၊ ထိုအရှင်ကို ထိခိုက်ခြင်းငှာ ငါသည် လက်ကိုမဆန့်ဟု အကြံရှိပါ၏။