Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 13:4

Judson Bible

အ​ကျွန်ုပ်၏​ရန်​သူ​က၊ ငါ​နိုင်​ပြီ​ဟု​ဆို၍၊ အ​ကျွန်ုပ်​ကို​နှောင့်​ယှက်​သော သူ​တို့​သည် အ​ကျွန်ုပ်​လှုပ်​ရှား​သည်​ကို ဝမ်း​မြောက်​ကြ​ပါ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​ခ​ဏ​တွင်၊ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ အ​ကျွန်ုပ်​တို့​ကို ဘေး​မဲ့​လွှတ်၍ ကျန်​ကြွင်း​စေ​လျက်၊ သန့်​ရှင်း​သော ဌာ​န​တော်၌ စွဲ​ထား​သော​တံ​စို့​ကို ပေး​တော်​မူ​သော​ကျေး​ဇူး​တော် ကြီး​လှ​ပါ၏။ အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​တို့​မျက်​စိ​ကို လင်း​စေ၍၊ အ​ကျွန်ုပ်​တို့ ကျွန်​ခံ​နေ​ရာ၌ အ​သက်​ရှူ​ပြန်​ရ​သော အ​ခွင့်​ကို ပေး​တော်​မူ​ပြီ။

ထို​သူ​က၊ ဘု​ရား​သ​ခင်​သည် မေ့​လျော့​တော်​မူ၏။ မျက်​နှာ​ကို လွှဲ​တော်​မူ၏။ မြင်​တော်​မ​မူ​ဟု အောက်​မေ့​တတ်​ပါ၏။

အ​ကယ်​စင်​စစ် လှုပ်​ရှား​ခြင်း​နှင့် အ​စဉ်​ကင်း​လွတ်​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​သည် အ​စဉ်​အ​မြဲ အောက်​မေ့​ဖို့​ရာ ဖြစ်​လိမ့်​မည်။

အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ခို​လှုံ​သည်​ဖြစ်၍၊ ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ပါ​စေ​နှင့်။ အ​ကျွန်ုပ်၏ ရန်​သူ​တို့​သည် အ​ကျွန်ုပ်​ကို​အောင်၍ အောင်​ပွဲ​ကို​မ​ခံ​ပါ​စေ​နှင့်။

မ​ဟုတ်​မ​မှန်​ဘဲ အ​ကျွန်ုပ်​ကို ရန်​ဘက်​ပြု​သော သူ​တို့​သည် အောင်​ပွဲ​ကို မ​ခံ​ကြ​ပါ​စေ​နှင့်။ အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​ကို​မုန်း​သော သူ​တို့​လည်း မျက်​စိ​စွေ​ပြ​ခြင်း​ကို မ​ပြု​ကြ​ပါ​စေ​နှင့်။

အဲ၊ ငါ​တို့​အ​လို​ပြည့်​စုံ​ပြီ​ဟု မ​အောက်​မေ့​ကြ​ပါ​စေ​နှင့်။ ငါ​တို့​သည် သူ့​ကို​မျို​ပြီ​ဟု၊ မ​ပြော​ကြ​ပါ​စေ​နှင့်။

သို့​မ​ဟုတ်၊ သူ​တို့​သည် အ​ကျွန်ုပ်​အ​မှု​မှာ ဝမ်း​မြောက်​ကြ​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည် ခြေ​ချော်​သော​အ​ခါ အ​ကျွန်ုပ်​တစ်​ဖက်၌ ကိုယ်​ကို​ချီး​မြှောက်​ကြ​ပါ​လိမ့်​မည်​ဟု လျှောက်​ပါ​ပြီ။

ထမ်း​ရွက်​ရ​သော​ဝန်​ကို ထာ​ဝ​ရ​ဘု​ရား၌ ချ​ထား​လော့။ သင့်​ကို​မ​စ​တော်​မူ​မည်။ ဖြောင့်​မတ်​သော​သူ​ကို အ​စဉ်​အ​မြဲ လှုပ်​ရှား​စေ​တော်​မ​မူ​ရာ။

အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် ငါ၏​ကျောက်၊ ငါ့​ကို​ကယ်​တင်​ခြင်း​အ​ကြောင်း၊ ငါ့​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၍၊ ငါ၌ လှုပ်​ရှား​ခြင်း​များ​စွာ မ​ရှိ​ရာ။

အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် ငါ၏​ကျောက်၊ ငါ့​ကို ကယ်​တင်​ခြင်း​အ​ကြောင်း၊ ငါ​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၍၊ ငါ​သည် လှုပ်​ရှား​ခြင်း​မ​ရှိ​ရာ။

အို​ထာ​ဝ​ရ​ဘု​ရား၊ ထ​တော်​မူ​ပါ။ လူ​မ​နိုင်​ပါ​စေ​နှင့်။ တစ်​ပါး​အ​မျိုး​သား​တို့​သည် ရှေ့​တော်၌ စစ်​ကြော​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​ပါ​စေ​သော။

လူ​သည် ဒု​စ​ရိုက်​အား​ဖြင့် မြဲ​မြံ​ခြင်း​သို့ မ​ရောက်​ရာ။ ဖြောင့်​မတ်​သော​သူ၏​အ​မြစ်​မူ​ကား မ​ရွေ့​ရာ။

သူ​တို့​သည် သင့်​ကို​စစ်​တိုက်၍ မ​နိုင်​ရ​ကြ။ သင့်​ကို ကယ်​နုတ်​ခြင်း​ငှာ၊ သင်​နှင့်​အ​တူ ငါ​ရှိ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။

ထို​အ​ကြောင်း​ကြောင့် ငါ​သည်​ငို​ရ၏။ မျက်​ရည်​ကျ​လျက်​ရှိ၏။ ငါ့​အ​သက်​ကို ထောက်​မ၍ ငါ့​ကို နှစ်​သိမ့်​စေ​သော​သူ​သည် ငါ​နှင့်​ဝေး​ပါ၏။ ရန်​သူ​နိုင်​သော​ကြောင့် ငါ့​သား​သ​မီး​တို့​သည် ပျောက်​ပျက်​ကြ​ပြီ။

ခါ​န​နိ​လူ အ​စ​ရှိ​သော ဤ​ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ထို​သ​တင်း​ကို​ကြား​လျှင်၊ အ​ကျွန်ုပ်​တို့​ကို​ဝိုင်း၍ အ​ကျွန်ုပ်​တို့၏​နာ​မည်​ကို မြေ​ကြီး​မှ ပယ်​ရှင်း​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည် ကြီး​မြတ်​သော နာ​မ​တော်​အ​ဖို့​အ​လို​ငှာ အ​ဘယ်​သို့ ပြု​တော်​မူ​မည်​နည်း​ဟု လျှောက်​ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ