Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 121:4

Judson Bible

အ​ကယ်​စင်​စစ် ဣ​သ​ရေ​လ​အ​မျိုး​ကို​စောင့်​သော​သူ​သည် ငိုက်​မျဉ်းအိပ်​ပျော်​ခြင်း ရှိ​တော်​မ​မူ။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

မွန်း​တည့်​အ​ချိန်၌ ဧ​လိ​ယ​က၊ ကျယ်​သော​အ​သံ​နှင့် ဟစ်​ကြ​လော့။ ဗာ​လ​သည် ဘု​ရား​ဖြစ်​တော်​မူ၏။ ဆင်​ခြင်​လျက်​နေ​တော်​မူ၏။ သို့​မ​ဟုတ် တစ်​စုံ​တစ်​ခု​ကို လိုက်၍​ရှာ​တော်​မူ၏။ သို့​မ​ဟုတ် ခ​ရီး​သွား​တော်​မူ၏။ သို့​မ​ဟုတ် ကျိန်း​စက်​တော်​မူ​သော​ကြောင့်၊ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် နှိုး​ရ​မည်​ဟု ပြက်​ရယ်​ပြု၍​ဆို၏။

ထာ​ဝ​ရ​ဘု​ရား​သည် အိမ်​ကို​ဆောက်​တော်​မ​မူ​လျှင်၊ ဆောက်​သော​သူ​တို့​သည် အ​ချည်း​နှီး​လုပ်​ဆောင်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မြို့​ကို​စောင့်​တော်​မ​မူ​လျှင်၊ ကင်း​စောင့်​တို့​သည် အ​ချည်း​နှီး​စောင့်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​လင်း၊ ငါ့​ကို ကယ်​တင်​သော​အ​ရှင်​ဖြစ်​တော်​မူ၏။ ငါ​သည် အ​ဘယ်​သူ​ကို ကြောက်​ရ​အံ့​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​သက်​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။ ငါ​သည် အ​ဘယ်​သူ​ကို​မျှ ကြောက်​လန့်​ရ​အံ့​နည်း။

လူ​အ​ချို့​တို့​သည် တစ်​နေ့​နှင့် တစ်​ည​လုံး​မ​အိပ်​ဘဲ နေ​တတ်​သည်​ဖြစ်၍၊ ပ​ညာ​တ​ရား​ကို သိ​ခြင်း​ငှာ​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်​မှာ ပြု​သော​အ​မှု​များ​ကို ကြည့်​ရှု​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​သည် ကိုယ်​နှ​လုံး​ကို နှိုး​ဆော်၏။

ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဥ​ယျာဉ်​စောင့်​ဖြစ်၏။ မ​ခြား​မ​လပ် ရေ​လောင်း​မည်။ အ​ဘယ်​သူ​မျှ မ​ဖျက်​စေ​ခြင်း​ငှာ၊ နေ့​ည​မ​ပြတ် စောင့်​ရှောက်​မည်။

ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏ ပ​လ္လင်​တော်​ရှေ့​မှာ နေ​ရာ​ကို​ရ၍၊ ဗိ​မာန်​တော်၌​ဘု​ရား​ဝတ်​ကို​နေ့​ည​မ​ပြတ် ပြု​ရ​ကြ၏။ ပ​လ္လင်​ပေါ်​မှာ ထိုင်​တော်​မူ​သော သူ​သည် သူ​တို့​တွင် ကျိန်း​ဝပ်​တော်​မူ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ