ငါ့ကို ဝိုင်းကြ၏။ ဝိုင်းကြသော်လည်း၊ ထာဝရဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏။
ယွာဘသည်လည်း ရှေ့၌လည်းကောင်း၊ နောက်၌လည်းကောင်း၊ စစ်မျက်နှာနှစ်ဖက်ရှိသည်ကို မြင်လျှင်၊ ဣသရေလလူတို့တွင် သန်မြန်သောသူရှိသမျှတို့ကို ရွေးကောက်၍ ရှုရိလူတို့တစ်ဖက်၌ စစ်ခင်းကျင်း၏။
သူတို့သည် အော်ဟစ်ကြသောအခါ၊ ကယ်တင်သောသူ မရှိ။ ထာဝရဘုရားကို အော်ဟစ်သော်လည်း ထူးတော်မမူ။
ရေကဲ့သို့ အစဉ်မပြတ်ဝိုင်း၍ တညီတညွတ်တည်း ဝန်းရံကြပါ၏။
ချစ်သောသူနှင့် အဆွေခင်ပွန်းကို အကျွန်ုပ်နှင့် ဝေးဝေးရွှေ့တော်မူပြီ။ အသိအကျွမ်းတို့သည် မှောင်မိုက်ထဲမှာ ရှိကြပါ၏။
ရှောလုသည် တောင်တစ်ဖက်၌လည်းကောင်း၊ ဒါဝိဒ်နှင့် သူ၏လူတို့သည် တစ်ဖက်၌လည်းကောင်း၊ သွားကြ၍ ရှောလုကိုကြောက်သဖြင့်၊ လွတ်အောင်ကြိုးစားစဉ်တွင်၊ ရှောလုနှင့် သူ၏လူတို့သည် ဒါဝိဒ်နှင့်သူ၏လူတို့ကို ဝိုင်း၍ ဖမ်းမိလုကြပြီ။