လူမျိုးအပေါင်းတို့သည် ငါ့ကိုဝိုင်းကြသော်လည်း၊ ထာဝရဘုရား၏နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏။
အကျွန်ုပ်ကို မုန်းသောရန်သူတို့၏လည်ပင်းကို အကျွန်ုပ်၌အပ်၍၊ ဖျက်ဆီးရသောအခွင့်ကို ပေးတော်မူ၏။
သူတို့သည် အော်ဟစ်ကြသောအခါ၊ ကယ်တင်သောသူ မရှိ။ ထာဝရဘုရားကို အော်ဟစ်သော်လည်း ထူးတော်မမူ။
ရေကဲ့သို့ အစဉ်မပြတ်ဝိုင်း၍ တညီတညွတ်တည်း ဝန်းရံကြပါ၏။
ချစ်သောသူနှင့် အဆွေခင်ပွန်းကို အကျွန်ုပ်နှင့် ဝေးဝေးရွှေ့တော်မူပြီ။ အသိအကျွမ်းတို့သည် မှောင်မိုက်ထဲမှာ ရှိကြပါ၏။
ထိုကာလအခါ၌လည်း ထိုမြို့ကို လူမျိုးအပေါင်းတို့အား လေးသောကျောက်ဖြစ်စေမည်။ ထိုကျောက်ကို ချီသောသူအပေါင်းတို့သည် ကျိုးပဲ့ကြေမွ ကြလိမ့်မည်။ လောကီသားအမျိုးမျိုးတို့သည် ယေရုရှလင်မြို့တစ်ဖက်၌ စုဝေးလျက် ရှိကြလိမ့်မည်။
ထိုမင်းကြီးအပေါင်းတို့သည် စည်းဝေးလျက်၊ ဣသရေလအမျိုးကို တိုက်ခြင်းငှာချီလာ၍၊ မေရုံအိုင်နားမှာ တစ်စုတည်း တပ်ချလျက်နေကြ၏။