မြုံသောမိန်းမသည် အိမ်၌နေ၍၊ ဝမ်းမြောက်သောစိတ်နှင့် သားဖွားရသောအခွင့်ကို ပေးတော်မူ၏။ ဟာလေလုယ။
ဣဇာက်သည်၊ မိမိမယားရေဗက္ကမြုံသောကြောင့်၊ ထာဝရဘုရားကို တောင်းပန်၍၊ ထာဝရဘုရားနားထောင်တော်မူသဖြင့်၊ သူ၏မယားသည် ပဋိသန္ဓေ စွဲယူလေ၏။
ထိုနောက်မိန်းမသည် ပဋိသန္ဓေယူ၍ ဧလိရှဲချိန်းချက်သော အချိန်အရွယ်စေ့သောအခါ သားကို ဖွားမြင်လေ၏။
ဘုရားသခင်သည် ပေါက်ဖော်မရှိသော သူတို့အား အိမ်ထောင်ချခြင်းအခွင့်ကို ပေးတော်မူ၍၊ ချုပ်ထားသောသူတို့ကိုလည်း ကြွယ်ဝခြင်းထဲသို့ သွင်းတော်မူ၏။ ငြင်းဆန်သောသူတို့မူကား၊ သွေ့ခြောက်သော အရပ်၌ နေရကြ၏။
သားမဖွားသော အမြုံမ၊ ဝမ်းမြောက်လော့။ သားဖွားခြင်းဝေဒနာကို မခံသေးသော မိန်းမ၊ ကြွေးကြော်အော်ဟစ်လော့။ အကြောင်းမူကား၊ စွန့်ထားသော မိန်းမသည် လင်ရှိသောမိန်းမထက် သာ၍များသောသားတို့ကို ဖွားမြင်ပြီဟု ထာဝရဘုရားမိန့်တော်မူ၏။
သို့မဟုတ် ထိုမိန်းမသည်မညစ်ညူး၊ စင်ကြယ်ခြင်းရှိလျှင်၊ ဘေးနှင့်လွတ်၍ ပဋိသန္ဓေယူသောအခွင့် ရှိလိမ့်မည်။
ကျမ်းစာလာသည်ကား၊ သားမဖွားသော အမြုံမ၊ ဝမ်းမြောက်လော့။ သားဖွားခြင်းဝေဒနာကို မခံသေးသောမိန်းမ၊ ကြွေးကြော်အော်ဟစ်လော့။ အကြောင်းမူကား၊ စွန့်ထားသောမိန်းမသည် လင်ရှိသော မိန်းမထက် သာ၍များသော သားတို့ကို ဖွားမြင်ပြီဟု လာသတည်း။-
ဝစွာစားသောသူတို့သည် စားစရာကိုရခြင်းငှာ၊ သူငှားလုပ်ရကြပြီ။ ငတ်မွတ်သော သူတို့မူကား၊ တစ်ဖန်ဝကြပြီ။ မြုံသောသူသည် ခုနစ်ကြိမ်တိုင်အောင် ဖွားမြင်ပြီ။ သားများသောသူမူကား၊ တစ်ဖန်အားလျော့ပြီ။