ဆာလံ 113:7Judson Bibleဆင်းရဲသောသူကို မြေမှုန့်ထဲကကြွလျက်၊ ငတ်မွတ်သောသူကို နောက်ချေးပုံထဲကချီးမြှောက်လျက်၊ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်၏ လူသေတို့သည် အသက်ရှင်ကြပါလိမ့်မည်။ ငါ၏အသေကောင်တို့သည်လည်း ထမြောက်ကြပါလိမ့်မည်။ မြေမှုန့်၌နေသော သူတို့၊ နိုး၍ သီချင်းဆိုကြလော့။ အကြောင်းမူကား၊ ကိုယ်တော်၏နှင်းသည် မြက်ပင်တို့ကိုပေါက်စေသော နှင်းကဲ့သို့ဖြစ်၍၊ မြေသည်လည်း မိမိသင်္ချိုင်းသားတို့ကို ထုတ်ဖော်ရပါလိမ့်မည်။
ငါထာဝရဘုရားသည် မြင့်သောအပင်ကိုနှိမ့်၍၊ နိမ့်သောအပင်ကို ချီးမြှောက်ကြောင်း၊ စိမ်းလန်းသောအပင်ကို သွေ့ခြောက်စေ၍၊ သွေ့ခြောက်သောအပင်ကို စိမ်းလန်းစေကြောင်းများကို၊ တောသစ်ပင်ရှိသမျှတို့သည် သိရကြလိမ့်မည်။ ငါထာဝရဘုရားသည် စကားတော်ရှိသည်အတိုင်း ပြုမည်ဟုမိန့်တော်မူ၏။
ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ လောကတွင် ဆင်းရဲသောသူတို့သည် ယုံကြည်ခြင်း ရတနာကို ရတတ်စေခြင်းငှာလည်းကောင်း၊ ဘုရားသခင်ကို ချစ်သောသူတို့အား ပေးမည်ဟု ဝန်ခံတော်မူသော နိုင်ငံတော်၏အမွေခံ ဖြစ်စေခြင်းငှာလည်းကောင်း၊ ထိုသူတို့ကို ရွေးကောက်တော်မူသည် မဟုတ်လော။-