Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 113:6

Judson Bible

ကိုယ်​ကို​နှိမ့်​ချ၍ ကောင်း​ကင်​အ​ရာ​နှင့် မြေ​ကြီး​အ​ရာ​တို့​ကို ကြည့်​ရှု​တော်​မူ​သော ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နှင့် အ​ဘယ်​သူ​တူ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​သည် မိ​မိ​သန့်​ရှင်း​သူ​တို့​ကို​ပင် ယုံ​တော်​မ​မူ။ ကောင်း​ကင်​ဘုံ​သော်​လည်း ရှေ့​တော်၌ မ​စင်​ကြယ်။

ပ​ညာ​နေ​ရာ​အ​ရပ်​ကို သိ​တော်​မူ၏။

အ​မှု​တော်​ထမ်း​တို့​ကို ယုံ​တော်​မ​မူ။ ကောင်း​ကင်​တ​မန်​တော်​တို့၌ စုံ​လင်​ခြင်း​မ​ရှိ​ဟု ထင်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​သော ဗိ​မာန်​တော်၌ ရှိ​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏​ပ​လ္လင်​တော်​သည် ကောင်း​ကင်​ပေါ်​မှာ​တည်၏။ မျက်​စိ​တော်​သည် ကြည့်​ရှု၍ မျက်​ခမ်း​တော်​သည် လူ​သား​တို့​ကို​စစ်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မြင့်​မြတ်​တော်​မူ​သော်​လည်း၊ စိတ်​နှိမ့်​ချ​သော သူ​တို့​ကို ကြည့်​ရှု​တော်​မူ၏။ စိတ်​မြင့်​သော သူ​တို့​ကို​ကား၊ အ​ဝေး​က​သိ​တော်​မူ၏။

ကျိန်း​ဝပ်​တော်​မူ​ရာ အ​ရပ်​က​ကြည့်​ရှု၍၊ မြေ​ကြီး​ပေါ်​မှာ​နေ​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို မှတ်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ သန့်​ရှင်း​ခြင်း​ဟု နာ​မ​ရှိ​တော်​မူ​ထ​သော၊ အ​န​န္တ​ကာ​လ​တည်း​ဟူ​သော ဘုံ​ဗိ​မာန်၌ စံ​တော်​မူ​ထ​သော၊ အထွတ်​အ​မြတ် ဖြစ်​တော်​မူ​သော​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် မြင့်​မြတ်​သန့်​ရှင်း​သော အ​ရပ်၌​နေ၏။ စိတ်​နှိမ့်​ချ​သော​သူ​နှင့်၊ နှ​လုံး​ကြေ​ကွဲ​သော သူ​တို့၏​စိတ်​ဝိ​ညာဉ်​အ​သက်​ရှင်​စေ​ခြင်း​ငှာ၊ ကြေ​ကွဲ​နှိမ့်​ချ​သော စိတ်​သ​ဘော​ရှိ​သော​သူ​တို့၌​လည်း ငါ​နေ၏။

ကောင်း​ကင်​တ​မန်​သ​ရပ်​တို့​သည် ပ​လ္လင်​တော်​တစ်​ဖက်​တစ်​ချက်၌ ရပ်​နေ​ကြ၏။ သူ​တို့​သည် အ​တောင်​ခြောက်​ခု​စီ​ရှိ၍၊ အ​တောင်​နှစ်​ခု​ဖြင့် မျက်​နှာ​ကို​ဖုံး​လျက်၊ အ​တောင်​နှစ်​ခု​ဖြင့် ခြေ​တို့​ကို​ဖုံး​လျက်၊ အ​တောင်​နှစ်​ခု​ဖြင့် ပျံ​တတ်​ကြ၏။

ဤ​အ​ရာ​အ​လုံး​စုံ​တို့​သည် ငါ့​ကိုယ်​တိုင် ဖန်​ဆင်း​သော​ကြောင့် ဖြစ်​ကြ၏။ စိတ်​နှိမ့်​ချ​ခြင်း၊ နှ​လုံး​ကြေ​ကွဲ​ခြင်း၊ ငါ့​စ​ကား​ကြောင့် တုန်​လှုပ်​ခြင်း​ရှိ​သော​သူ​ကို​သာ ငါ​ကြည့်​ရှု​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ