Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 108:1

Judson Bible

အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​နှ​လုံး​သည် တည်​ကြည်​ပါ၏။ သီ​ချင်း​ဆို​ပါ​မည်။ ဝိ​ညာဉ်​ပါ​လျက် ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် အ​သက်​ရှင်​စဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို​သီ​ချင်း​ဆို​မည်။ ငါ​ဖြစ်​သည် ကာ​လ​ပတ်​လုံး၊ ငါ၏​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​သီ​ချင်း​ဆို​မည်။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ အ​ကျွန်ုပ်​ချီး​မွမ်း​ပါ​မည်။ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ရှေ့​မှာ ကိုယ်​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။

ထာ​ဝ​ရ​ဘု​ရား​ကို​ချီး​မွမ်း​လျက် ငါ​မြွက်​ဆို​မည်။ ခပ်​သိမ်း​သော​လူ​တို့​သည် သန့်​ရှင်း​သော​နာ​မ​တော်​ကို က​မ္ဘာ​အ​ဆက်​ဆက် ကောင်း​ချီး​ပေး​ကြ​စေ။

ငါ့​ဝိ​ညာဉ်​သည်​လည်း ရွှင်​လန်း​ခြင်း​ရှိ၏။ ထို​မှ​တစ်​ပါး၊ ငါ့​အ​သား​သည် မျှော်​လင့်​လျက် ကျိန်း​ဝပ်​လိမ့်​မည်။

သို့​ဖြစ်၍ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် တိတ်​ဆိတ်​စွာ​မ​နေ။ ကိုယ်​တော်​ကို သီ​ချင်း​ဆို​ပါ​မည်။ အို​အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျေး​ဇူး​တော်​ကို အ​စဉ်​အ​မြဲ​ချီး​မွမ်း​ပါ​မည်။

ငါ​သည် ခပ်​သိမ်း​သော​ကာ​လ​တို့၌ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​မည်။ ဂုဏ်​ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ် မြွက်​ဆို​မည်။

ဘု​ရား​သ​ခင်​ထ​တော်​မူ၍၊ ရန်​သူ​တို့​သည် အ​ရပ်​ရပ်​သို့ ကွဲ​ပြား​ကြ​ပါ​စေ​သော။ ဘု​ရား​သ​ခင်​ကို မုန်း​သော​သူ​တို့​သည် အ​ထံ​တော်​က ပြေး​ကြ​ပါ​စေ​သော။

ဖြောင့်​မတ်​တော်​မူ​ခြင်း​နှင့် ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​ကျွန်ုပ်​သည် နေ့​တိုင်း​အ​စဉ် ညွှန်​ကြား​ပါ​မည်။ ကျေး​ဇူး​တော်​တို့​ကို ရေ​တွက်၍ မ​ကုန်​နိုင်​ပါ။

ဂုဏ်​အ​သ​ရေ​တော်​နှင့် ယှဉ်​သော ထော​မ​နာ​စ​ကား​ကို အ​ကျွန်ုပ်​သည် နေ့​တိုင်း​အ​စဉ် မြွက်​ဆို​ပါ​စေ​သော။

ထို​အ​ခါ မော​ရှေ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို​သော စ​ကား​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည်​ဘုန်း​ပွင့်​လျက် အောင်​ပွဲ​ခံ​တော်​မူ​သည်​ဖြစ်၍၊ ကိုယ်​တော်​အား​သီ​ချင်း​ဆို​ပါ​အံ့။ မြင်း​နှင့် မြင်း​စီး​သူ​ရဲ​ကို ပင်​လယ်​ထဲ​သို့​လှဲ​ချ​တော်​မူ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ