Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 101:3

Judson Bible

အ​ဓ​မ္မ​အ​မှု​အ​ရာ​ကို မျက်​မှောက်​မ​ပြု​ပါ။ လမ်း​လွှဲ​သော​သူ၏​အ​မှု​ကို ရွံ​ရှာ​သည်​ဖြစ်၍၊ ငါ၌ မ​မှီ​မ​ကပ်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

44 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​အ​ပျို​ကို​မျှ မ​ကြည့်​ရှု​မည်​အ​ကြောင်း၊ ကိုယ်​မျက်​စိ​နှင့် ပ​ဋိ​ညာဉ်​ဝန်​ခံ​ခြင်း​ကို ပြု​ပြီ။

အ​ကျွန်ုပ်​သည် အ​ဓ​မ္မ​လူ​တို့​ကို မုန်း​၍၊ ကိုယ်​တော်၏​တ​ရား​ကို နှစ်​သက်​ပါ၏။

အ​န​တ္တ​ကို ပ​မာ​ဏ​မ​ပြု​စေ​ခြင်း​ငှာ အ​ကျွန်ုပ်​မျက်​စိ​ကို အ​ခြား​သို့​လွှဲ​တော်​မူ​ပါ။ လမ်း​ခ​ရီး​တော်၌ အ​ကျွန်ုပ်​အ​သက်​ရှင်​စေ​တော်​မူ​ပါ။

ကောက်​သော​လမ်း​များ​သို့ လွှဲ​သွား​သော​သူ​တို့​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​တို့​နှင့်​အ​တူ ထုတ်​သွား​တော်​မူ​မည်။ ဣ​သ​ရေ​လ​အ​မျိုး၌ ငြိမ်​ဝပ်​ခြင်း​ရှိ​ပါ​စေ​သော။

ထို​သူ​တို့​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​မုန်း​ပါ၏။ ကိုယ်​ရန်​သူ​ကဲ့​သို့ မှတ်​ပါ၏။

လူ​အ​ပေါင်း​တို့​သည် လမ်း​လွဲ​ကြ​ပြီ။ တ​ညီ​တ​ညွတ်​တည်း ဆွေး​မြေ့​ယို​ယွင်း​ခြင်း​ရှိ​ကြ​၏။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​မ​ရှိ။ တစ်​ယောက်​မျှ​မ​ရှိ။

သူ​ပြော​သော​စ​ကား​သည် အ​ဓ​မ္မ​စ​ကား၊ လှည့်​စား​သော​စ​ကား​ဖြစ်၏။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​စေ​တတ်​သော​ပ​ညာ​ကို စွန့်​လေ​ပြီ။

ငါ​သည်​စ​ကား​ဖြင့်​မျှ မ​ပြစ်​မှား​မည်​အ​ကြောင်း၊ ကိုယ်​အ​ကျင့်​ကို သ​တိ​ပြု​မည်။ မ​တ​ရား​သော​သူ​သည် ငါ့​ရှေ့​မှာ​ရှိ​စဉ်၊ ငါ​သည်​ကိုယ်​နှုတ်​ကို ချည်​နှောင်​မည်​ဟု ငါ​ပြော​ထား၏။

မာ​န​ထောင်​လွှား​သော​သူ​နှင့် မိ​စ္ဆာ​တ​ရား​လမ်း​သို့ လွှဲ​သွား​သော သူ​တို့​ကို မ​မှီ​ဝဲ၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။

အ​ကယ်​စင်​စစ် ငါ​ယုံ၍၊ ငါ့​မုန့်​ကို​စား​သော အ​ဆွေ​ခင်​ပွန်း​သည် ငါ့​ကို ခြေ​နှင့်​ကျောက်​သ​တည်း။

ဘု​ရား​သ​ခင်​ကို​အ​ဖန်​ဖန်​စုံ​စမ်း၍ ဣ​သ​ရေ​လ​အ​မျိုး၌ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား​ကို ဆန့်​ကျင်​ဘက် ပြု​ကြ​ပါ​သည်​တ​ကား။

ဘိုး​ဘေး​များ​ကဲ့​သို့ ဖောက်​ပြန်၍​သ​စ္စာ​ကို ဖျက်​ကြ၏။ လိမ်​တတ်​သော လေ​ကဲ့​သို့ လမ်း​လွဲ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​သော​သူ​တို့၊ မ​ကောင်း​သော​အ​မှု​ကို ရွံ​ရှာ​ကြ​လော့။ ကိုယ်​တော်၏​သန့်​ရှင်း​သူ​တို့၏ အ​သက်​ဝိ​ညာဉ်​ကို စောင့်​မ​တော်​မူ၍၊ မ​တ​ရား​သော​သူ​တို့၏​လက်​မှ​လည်း ကယ်​နုတ်​တော်​မူ၏။

ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏​အိမ်​ကို တပ်​မက်​လို​ချင်​သော​စိတ် မ​ရှိ​စေ​နှင့်။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏ မ​ယား၊ သူ၏ ကျွန်​ယောက်ျား၊ မိန်း​မ၊ နွား၊ မြည်း​မှ​စ၍ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏ ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို​မျှ တပ်​မက်​လို​ချင်​သော​စိတ်​မ​ရှိ​စေ​နှင့်​ဟု မိန့်​တော်​မူ၏။

ငါ​မှာ​ထား​သော​လမ်း​မှ အ​လျင်​အ​မြန်​လွှဲ​သွား၍၊ နွား​သ​ငယ်​ရုပ်​ကို​သွန်း​ပြီး​လျှင်၊ အို​ဣ​သ​ရေ​လ​အ​မျိုး၊ ဤ​ဘု​ရား​သည် သင့်​ကို​အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​ခဲ့​သော ဘု​ရား​ဖြစ်​တော်​မူ၏​ဟု​ဆို​လျက်၊ ရုပ်​တု​ရှေ့​မှာ ယဇ်​ပူ​ဇော်​ကိုး​ကွယ်​ကြ​ပြီ​ဟူ၍​လည်း​ကောင်း၊

ဆိုး​ယုတ်​သော​သူ​နှင့် မ​တ​ရား​သော​သူ​သည် ကောက်​လိမ်​သော​စ​ကား၌ ကျင်​လည်​တတ်၏။

မျက်​တောင်​ခတ်​လျက်၊ ခြေ​ဖြင့် အ​မှတ်​ပေး​လျက်၊ လက်​ချောင်း​တို့​ဖြင့် သွန်​သင်​လျက် ပြု​တတ်၏။

ထို​သို့​သော​မိန်း​မ​သည် အ​ဆင်း​လှ​သော်​လည်း၊ တပ်​မက်​သော​စိတ်​မ​ရှိ​နှင့်။ သူ​သည် မျက်​ခမ်း​တို့​ဖြင့် သင့်​ကို မ​ကျော့​မိ​စေ​နှင့်။

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​ကား၊ ဒု​စ​ရိုက်​ကို မုန်း​သော​သ​ဘော​တည်း။ မာ​န​ထောင်​လွှား​ခြင်း၊ စော်​ကား​ခြင်း၊ မ​ကောင်း​သော​လမ်း​သို့​လိုက်​ခြင်း၊ ကောက်​သော​စ​ကား​ဖြင့် ပြော​ဆို​ခြင်း​တို့​ကို ငါ​မုန်း၏။

ကိုယ်​တိုင်​တွေ့​မြင်​ခြင်း​အ​ကျိုး​သည် လော​ဘ​ပြန့်​ပွား​ခြင်း​အ​ကျိုး​ထက် သာ၍​ကြီး၏။ ထို​အ​မှု​အ​ရာ​သည် အ​န​တ္တ​အ​မှု၊ လေ​ကို​ကျက်​စား​သော​အ​မှု​ဖြစ်၏။

လမ်း​လွှဲ​ကြ​ပါ။ မှန်​သော​လမ်း​ကို ရှောင်​ကြ​ပါ။ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား​ကို ငါ​တို့​ရှေ့​မှာ ကွယ်​ထား​ကြ​ပါ​ဟု ပ​ရော​ဖက်​တို့​အား​လည်း​ကောင်း ဆို​တတ်​ကြ၏။

တ​ရား​သ​ဖြင့်​ကျင့်၍ ဖြောင့်​မတ်​စွာ ပြော​ထ​သော၊ ညှဉ်း​ဆဲ​ခြင်း​အား​ဖြင့် ရ​သော​ငွေ​ကို ရွံ၍၊ တံ​စိုး​ကို​လည်း ငြင်း​ပယ်​ထ​သော၊ လူ​အ​သက်​သတ်​ခြင်း​အ​မှု​ကို နား​မ​ခံ၊ အ​ဓ​မ္မ​အ​မှု​များ​ကို မ​ကြည့်​မ​ရှု​သော​သူ​သည် မြင့်​သော​အ​ရပ်၌ နေ​လိမ့်​မည်။

သင်၏​မျက်​စိ​နှင့် သင်၏​နှ​လုံး​မူ​ကား၊ လော​ဘ​လွန်​ကျူး​ခြင်း၊ အ​ပြစ်​မ​ရှိ​သော​သူ​ကို သတ်​ခြင်း၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​မှ​တစ်​ပါး၊ အ​ဘယ်​အ​မှု​ကို​မျှ မ​မှတ်​တတ်။

သူ​တစ်​ပါး၏​အိမ်​နှင့် လယ်​ယာ​တို့​ကို​တပ်​မက်၍ အ​နိုင်​အ​ထက် သိမ်း​ယူ​လျက်၊ လူ​နှင့် သူ၏​အိမ်​ကို​လည်း​ကောင်း၊ လူ​ကြီး​နှင့် သူ၏​အ​မွေ​ဥ​စ္စာ​ကို​လည်း​ကောင်း လု​ယက်၍ ညှဉ်း​ဆဲ​တတ်​ကြ၏။

တစ်​ယောက်​ကို​တစ်​ယောက် အ​ဘယ်​သူ​မျှ မ​ကောင်း​သော​အ​ကြံ​ကို မ​ကြံ​ကြ​နှင့်။ မ​မှန်​သော​ကျိန်​ဆို​ခြင်း​ကို မ​နှစ်​သက်​ကြ​နှင့်။ ထို​သို့​သော​အ​မှု​ရှိ​သ​မျှ​တို့​ကို ငါ​မုန်း​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ငါ​ပ​ညတ်​သည်​ကား ကိ​လေ​သာ​စိတ်​နှင့် သူ့​မ​ယား​ကို​ကြည့်​ရှု​သော​သူ​သည် စိတ်​နှ​လုံး​ထဲ၌ ထို​မိန်း​မ​နှင့် ပြစ်​မှား​ပြီ။-

မေ​တ္တာ​စိတ်​သည် လျှို့​ဝှက်​ခြင်း​နှင့် ကင်း​စေ​လော့။ ဆိုး​ညစ်​သော​အ​မှု​ကို စက်​ဆုပ်​ရွံ​ရှာ​ကြ​လော့။ ကောင်း​မွန်​သော​အ​မှု၌ မှီ​ဝဲ​ဆည်း​ကပ်​ကြ​လော့။-

ယ​ခု​မူ​ကား​သင်​တို့​သည် ဘု​ရား​သ​ခင်​ကို သိ​ပြီး​မှ​ဟူ၍​မ​ဆို၊ ဘု​ရား​သင်​သည် သင်​တို့​ကို သိ​တော်​မူ​ပြီး​မှ၊ အား​မ​ရှိ၊ ချမ်း​သာ​မ​ပေး​နိုင်​သော တ​ရား​နု​ဘက်​သို့ အ​ဘယ်​ကြောင့် တစ်​ဖန် ပြောင်း​လဲ​ကြ​သ​နည်း။ ထို​လော​ကီ တ​ရား၌ တစ်​ဖန် ကျွန်​ခံ​ခြင်း​ငှာ အ​လို​ရှိ​ကြ​ပြီ​တ​ကား။-

ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​အ​ရှိန်​ကို​ငြိမ်း​စေ၍၊ သင်၏​ဘိုး​ဘေး​တို့​အား က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ သင့်​ကို ကယ်​မ​သ​နား​တော်​မူ​သ​ဖြင့် များ​ပြား​စေ​တော်​မူ​မည်​အ​ကြောင်း၊ ကျိန်​အပ်​သော​ဥ​စ္စာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​သိမ်း​မ​ယူ​ဘဲ၊ အ​လုံး​စုံ​တို့​ကို စွန့်​ပစ်​ရ​မည်။

သင့်​စိတ်​နှ​လုံး၌ ဆိုး​ညစ်​သော​သ​ဘော​ရှိ၍၊ သ​တ္တ​မ​နှစ်​တည်း​ဟူ​သော လွှတ်​ရာ​နှစ်​နီး​ပြီ​ဟု အောက်​မေ့​လျက်၊ ထို​ဆင်း​ရဲ​သော ညီ​အစ်​ကို​ကို မ​နာ​လို​သော​စိတ်​ရှိ၍၊ ဘာ​မျှ​မ​ပေး​ဘဲ​နေ​လျှင် သူ​သည် ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်​သ​ဖြင့်၊ သင်၌​အ​ပြစ်​မ​ရောက်​မည်​အ​ကြောင်း သ​တိ​ပြု​လော့။

ငါ​တို့​မူ​ကား၊ ပျက်​စီး​ခြင်း​သို့​ရောက်​အံ့​သော​ငှာ ရွေ့​လျော့​သော​သူ မ​ဟုတ်။ စိတ်​ဝိ​ညာဉ်​သည် ကယ်​တင်​ခြင်း​သို့​ရောက်​အံ့​သော​ငှာ ယုံ​ကြည်​သော​သူ ဖြစ်​ကြ၏။

သို့​ဖြစ်၍ သင်​တို့​သည် မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​စာ​လမ်း​မှ လက်​ယာ​ဘက် ဘက်​ဝဲ​ဘက်​သို့​မ​လွှဲ​ဘဲ၊ ပါ​သ​မျှ​အ​တိုင်း ကျင့်​စောင့်​ခြင်း​ငှာ​လည်း​ကောင်း၊

ဖြောင့်​မတ်​ခြင်း​တ​ရား​လမ်း​ကို​သိ၍၊ မိ​မိ​ခံ​ခဲ့​ပြီး​သော သန့်​ရှင်း​သော​ပ​ညတ်​ကို တစ်​ဖန် စွန့်​ပစ်​သည်​ထက်၊ ထို​လမ်း​ကို​မ​သိ​ဘဲ​နေ​သော် သာ၍​ကောင်း၏။-

ထို​သူ​တို့​သည် ငါ​တို့​ထံ​မှ ထွက်​သွား​ကြ၏။ သို့​သော်​လည်း အ​ထက်​က ငါ​တို့​နှင့်​မ​စပ်​ဆိုင်​ကြ။ ငါ​တို့​နှင့်​စပ်​ဆိုင်​လျှင် ငါ​တို့​နှင့်​အ​တူ နေ​ကြ​လိမ့်​မည်။ ထို​သူ​အ​ပေါင်း​တို့​သည် ငါ​တို့​နှင့်​မ​စပ်​ဆိုင်​ကြောင်း​ကို ထင်​ရှား​စေ​ခြင်း​ငှာ၊ ငါ​တို့​ထံ​မှ ထွက်​သွား​ကြ၏။-

ငါ​သည် ရှော​လု​ကို ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​သည်​အ​မှု​ကြောင့် နောင်​တ​ရ၏။ သူ​သည် ငါ၏​ပ​ညတ်​တို့​ကို​မ​ကျင့်၊ ငါ့​နောက်​သို့​မ​လိုက်၊ လမ်း​လွှဲ​ပြီ​ဟု မိန့်​တော်​မူ၏။ ရှ​မွေ​လ​သည် ဝမ်း​နည်း၍ တစ်​ည​လုံး ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ကြော်​ပြီး​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ