Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 10:12

Judson Bible

အို​ထာ​ဝ​ရ​ဘု​ရား ထ​တော်​မူ​ပါ။ အို​ဘု​ရား​သ​ခင် လက်​တော်​ကို ချီ​တော်​မူ​ပါ။ နှိမ့်​ချ​လျက်​ရှိ​သော သူ​တို့​ကို မေ့​လျော့​တော်​မ​မူ​ပါ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို အ​လျှင်း​မ​မှတ်​ဘဲ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မေ့​လျော့​တော်​မူ​မည်​နည်း။ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မျက်​နှာ​တော်​ကို ကွယ်​ထား​တော်​မူ​မည်​နည်း။

အို​ထာ​ဝ​ရ​ဘု​ရား၊ ထ​တော်​မူ​ပါ။ သူ​တို့​ကို​ဆီး​တား၍ လှဲ​ချ​တော်​မူ​ပါ။ မ​တ​ရား​သော​သူ​တို့​လက်​မှ အ​ကျွန်ုပ်​အ​သက်​ကို ဓား​တော်​ဖြင့် ကယ်​လွှတ်​တော်​မူ​ပါ။

ကိုယ်​တော်​ကို ခို​လှုံ​သော​သူ​တို့​ကို သူ​ပုန်​တို့​လက်​မှ၊ လက်​ယာ​လက်​တော်​အား​ဖြင့် ကယ်​နုတ်​တော်​မူ​သော​ဘု​ရား၊ ထူး​ဆန်း​သော မေ​တ္တာ​ကျေး​ဇူး​တော်​ကို ပြ​တော်​မူ​ပါ။

အို​ထာ​ဝ​ရ​ဘု​ရား ထ​တော်​မူ​ပါ။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို ကယ်​မ​တော်​မူ​ပါ။ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏ ရန်​သူ​တို့၏​ပါး​ရိုး​ကို ရိုက်၍၊ မ​တ​ရား​သော​သူ​တို့၏​သွား​ကို ချိုး​တော်​မူ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​မျက်​တော်​ထွက်၍ ထ​တော်​မူ​ပါ။ အ​ကျွန်ုပ်၏​ရန်​သူ​တို့ ပြင်း​ထန်​ခြင်း​ကို ဆီး​တား၍ အား​ထုတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​အ​ဖို့ နိုး​တော်​မူ​ပါ။ တ​ရား​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ပါ။

ကိုယ်​တော်၏​ချိုး​ငှက်​အ​သက်​ကို သား​ရဲ၌ အပ်​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်၏ ဆင်း​ရဲ​သား​တို့ အ​စည်း​အ​ဝေး​ကို အ​စဉ်​မေ့​လျော့​တော်​မ​မူ​ပါ​နှင့်။

ဘု​ရား​သ​ခင်​သည် သ​နား​ခြင်း​ငှာ မေ့​လျော့​တော်​မူ​သ​လော။ အ​မျက်​ထွက်​သ​ဖြင့် စုံ​စမ်း​ခြင်း​က​ရု​ဏာ​တော်​ကို ချုပ်​တည်း​တော်​မူ​သ​လော။

လူ​အ​သက်​သတ်​ခြင်း​အ​မှု​ကို​စစ်​တော်​မူ၍၊ အ​သေ​ခံ​ရ​သော​သူ​တို့​ကို အောက်​မေ့​တော်​မူ၏။ နှိမ့်​ချ​လျက်​ရှိ​သော သူ​တို့၏​အော်​ဟစ်​ခြင်း​အ​သံ​ကို မေ့​လျော့​တော်​မ​မူ​တတ်​ပါ။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​ကယ်​မ​သ​နား​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို မုန်း​သော​သူ​တို့၏ ညှဉ်း​ဆဲ​ခြင်း​အ​မှု​ကို ကြည့်​ရှု၍၊ သေ​မင်း​လက်​မှ အ​ကျွန်ုပ်​ကို​ကယ်​နုတ်​တော်​မူ​ပါ။

အို​ထာ​ဝ​ရ​ဘု​ရား၊ ထ​တော်​မူ​ပါ။ လူ​မ​နိုင်​ပါ​စေ​နှင့်။ တစ်​ပါး​အ​မျိုး​သား​တို့​သည် ရှေ့​တော်၌ စစ်​ကြော​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​ပါ​စေ​သော။

မြေ​ကြီး​သား​တို့​ကို တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​အ​ရှင်၊ ထ​တော်​မူ​ပါ။ မာ​န​ကြီး​သော​သူ​တို့​အား အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​ပါ။

အို ထာ​ဝ​ရ​ဘု​ရား၊ လက်​တော်​ကို ချီ​တော်​မူ​သော်​လည်း၊ သူ​တို့​သည် မ​မြင်​မ​မှတ်​ကြ​ပါ။ သို့​သော်​လည်း၊ ကိုယ်​တော်၏ လူ​တို့​အ​ဖို့ စိတ်​အား​ကြီး​တော်​မူ​ကြောင်း​ကို၊ သူ​တို့​သည် မြင်၍ အ​ရှက်​ကွဲ​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်၏ ရန်​သူ​တို့​ကို မီး​လောင်​ရ​ပါ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ယ​ခု​ငါ​ထ​မည်။ ယ​ခု ချီး​မြှောက်​ခြင်း​သို့ ရောက်​မည်။ ကိုယ်​ကို​ကိုယ် ချီး​မြှောက်​မည်။

သင်၏​ရန်​ဘက်၌ နေ​သော​သူ​တို့​ကို သင်​တိုက်၍၊ ရန်​သူ​အ​ပေါင်း​တို့​သည် ဆုံး​ရှုံး​ကြ​လိမ့်​မည်။

ရှံ​ဆုန်​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်​မျက်​စိ​နှစ်​ဖက်​ကို ဖောက်​သော ဖိ​လိ​တ္တိ​လူ​တို့၌ တစ်​ပြိုင်​နက်​အ​ပြစ်​ဒဏ် ပေး​နိုင်​မည်​အ​ကြောင်း၊ ယ​ခု​တစ်​ကြိမ်​မျှ​သာ ခွန်​အား​ကို ပြန်​ပေး​တော်​မူ​ပါ​ဘု​ရား​ဟု ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​ပြီး​မှ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ