နှုတ်ကပတ်တရားကို သင်သောသူသည် သင်ပေးသောသူအား ကောင်းသောအရာ ရှိသမျှတို့ကို ဝေမျှစေ။-
ပညတ္တိကျမ်းစာ၌ ရေးထားသည်အတိုင်း၊ အဦးဖွားသော သားယောက်ျားနှင့် အဦးဖွားသော သိုးနွားအစရှိသည်တို့ကို၊ ဗိမာန်တော်၌ အမှုစောင့်သော ယဇ်ပုရောဟိတ်တို့ရှိရာ ဗိမာန်တော်သို့ ဆောင်ခဲ့ရမည်အကြောင်း၊
ထိုကြွင်းသောအဖို့ကို၊ ကိုယ်တိုင်မှစ၍ အိမ်သူအိမ်သားတို့သည် စားချင်သောအရပ်ရပ်၌ စားရသောအခွင့်ရှိ၏။ ပရိသတ်စည်းဝေးရာတဲတော်၌ အမှုစောင့်သောအတွက် ငါချသောဆုဖြစ်၏။
လမ်းခရီးဖို့ လွယ်အိတ်၊ အင်္ကျီနှစ်ထည်၊ ခြေနင်းတောင်ဝှေးကို မသိုမှီးကြနှင့်။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် ကျွေးမွေးခြင်းကို ခံထိုက်ပေ၏။-
စေ့စေ့ဖွေရှာ လိုက်စစ်ပြီးလျှင်၊ ကိုယ်တော်သင်ပြီးသော အကြောင်းအရာတို့သည် ဧကန်အမှန်ဖြစ်ကြောင်းကို ကိုယ်တော်သိစေခြင်းငှာ အစဉ်အတိုင်းရေးထား၍ ကြားလိုက်မည်အကြံရှိပါ၏၊ အလွန်မြတ်သောသော်ဖိလု။
စေတနာစိတ်ရှိသည်ဟု ဆိုသော်၊ ထိုသူတို့သည် ကျေးဇူးတင်သောသူ ဖြစ်ကြ၏။ အကြောင်းမူကား၊ တစ်ပါးအမျိုးသားတို့သည် ဓမ္မဥစ္စာကို ယုဒအမျိုးသားတို့နှင့် ဆက်ဆံ၍ခံရသည်မှန်လျှင်၊ လောကီဥစ္စာကို လှူ၍ လုပ်ကျွေးအပ်၏။-
မြေကြီးပေါ်မှာ အသက်ရှင်သမျှသော ကာလပတ်လုံး၊ လေဝိသားတို့ကို မမေ့လျော့မည်အကြောင်း သတိပြုကြလော့။
နှုတ်ကပတ်တရားတော်ကို ဟောပြောလော့။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့။ အပြစ်ကို ဖော်ပြလော့။ ဆုံးမခြင်းကိုပြုလော့။ အလွန်ရှည်သောစိတ်နှင့် ဩဝါဒမျိုးကိုပေး၍ တိုက်တွန်းသွေးဆောင်လော့။-