Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဂ​လာ​တိ 6:5

Judson Bible

အ​ဘယ်​ကြောင့်​နည်း ဟူ​မူ​ကား၊ လူ​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​ဝန်​ကို ဆောင်​ရွက်​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ပ​ညာ​ရှိ​လျှင်၊ ကိုယ်​တိုင်​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။ မ​ထီ​မဲ့​မြင်ပြု​လျှင် ကိုယ်​တိုင်​သာ​အ​ပြစ်​ကို​ခံ​ရ​လိမ့်​မည်။

ငါ​ထာ​ဝ​ရ​ဘု​ရား​သည် လူ​အ​သီး​အ​သီး​တို့​အား မိ​မိ​တို့​အ​ကျင့်​အ​တိုင်း၊ မိ​မိ​တို့​ခံ​ထိုက်​သော အ​ကျိုး​အ​ပြစ်​ကို​ပေး​ခြင်း​ငှာ၊ နှ​လုံး​ကျောက်​ကပ်​တို့​ကို စေ့​စေ့​စစ်​ကြော​တတ်၏။

ထူး​ဆန်း​သော​အ​ကြံ​ကို ကြံ၍၊ ထူး​ဆန်း​သော​အ​မှု​ကို စီ​ရင်​တော်​မူ​လျက်၊ လူ​အ​သီး​အ​သီး​တို့ ကျင့်​ကြံ​ပြု​မူ​သည်​အ​တိုင်း အ​ကျိုး​အ​ပြစ်​ကို ပေး​ခြင်း​ငှာ၊ လူ​သား​များ သွား​လာ​သော လမ်း​အ​လုံး​စုံ​တို့​ကို အ​စဉ်​ကြည့်​ရှု​လျက်​နေ​တော်​မူ၏။

ဝိ​ညာဉ်​အ​ပေါင်း​တို့​ကို​ငါ​ပိုင်၏။ အ​ဘ၏​ဝိ​ညာဉ်​ကို ငါ​ပိုင်​သ​ကဲ့​သို့ သား၏​ဝိ​ညာဉ်​ကို​လည်း ငါ​ပိုင်၏။ ပြစ်​မှား​သော​ဝိ​ညာဉ်​သည် အ​သက်​သေ​ရ​မည်။

လူ​သား​သည် မိ​မိ​အ​ဘ​ခ​မည်း​တော်၏ ဘုန်း​အာ​နု​ဘော်​ကို ဆောင်​လျက်၊ ကောင်း​ကင်​တ​မန် အ​ခြံ​အ​ရံ​တို့​နှင့် ကြွ​လာ​တော်​မူ​လ​တ္တံ့။ ထို​အ​ခါ သူ​အ​သီး​အ​သီး ကျင့်​သော​အ​ကျင့်​နှင့် အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​လ​တ္တံ့။-

သို့​သော်​လည်း၊ စိုက်​ပျိုး​သော​သူ​နှင့် ရေ​လောင်း​သော​သူ​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်၍၊ အ​သီး​အ​သီး မိ​မိ​လုပ်​သည်​အ​တိုင်း မိ​မိ​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။-

ထို​သို့​ဖြစ်​လျှင် မှောင်​မိုက်၌ ဝှက်​ထား​သော​အ​ရာ​တို့​ကို ပွင့်​လင်း​စေ၍ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို ထင်​ရှား​စေ​လ​တ္တံ့​သော သ​ခင်​ဘု​ရား ကြွ​လာ​တော်​မ​မူ​မီ တိုင်​အောင် အ​ဘယ်​အ​မှု​ကို​မျှ အ​ဆုံး​အ​ဖြတ် မ​စီ​ရင်​ကြ​နှင့်။ ကြွ​လာ​တော်​မူ​သော​အ​ခါ၊ အ​သီး​အ​သီး​တို့​သည် ဘု​ရား​သ​ခင် ချီး​မွမ်း​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​ကြ​လ​တ္တံ့။

သူ၏​သား​သ​မီး​တို့​ကို​လည်း အ​သေ​သတ်​မည်။ ငါ​သည် နှ​လုံး​ကျောက်​ကပ်​ကို စစ်​ဆေး​တော်​မူ​သော သူ​ဖြစ်​ကြောင်း​ကို ထို​သို့​သော​အား​ဖြင့် ခပ်​သိမ်း​သော အ​သင်း​တော်​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ သင်​တို့​သည် အ​သီး​အ​သီး​ကျင့်​သော အ​ကျင့်​နှင့်​အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ငါ​ပေး​မည်။-

ငါ​သည် အ​လျင်​အ​မြန်​လာ​မည်။ ငါ​သည် အ​ကျိုး​အ​ပြစ်​ကို ဆောင်​ခဲ့​သည်​ဖြစ်၍၊ လူ​အ​သီး​အ​သီး​တို့​အား မိ​မိ​တို့​အ​ကျင့်​အ​တိုင်း ဆပ်​ပေး​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ