ပညတ်တရားအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သမျှသော သင်တို့သည် ခရစ်တော်နှင့်ကွာ၍ ကျေးဇူးတရား၌မတည်၊ ရွေ့လျော့ကြပြီ။-
ကျေးဇူးတော်အားဖြင့်ရှိလျှင်၊ ကိုယ်ကျင့်သောအကျင့်အားဖြင့် မရှိ၊ ရှိလျှင် ကျေးဇူးသည် ကျေးဇူးမဟုတ်။ ကိုယ်ကျင့်သောအကျင့်အားဖြင့် ရှိလျှင်၊ ကျေးဇူးအားဖြင့် မရှိ၊ ရှိလျှင် ကိုယ်ကျင့်သောအကျင့်သည် အကျင့်မဟုတ်။
ထိုသို့ ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေသည်ဖြစ်သောကြောင့်၊ ပညတ်တရား၏ အကျင့်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်ရာ။-
ဘုရားသခင်၏ ကျေးဇူးတော်ကို ငါမပယ်။ ပညတ်တရားကို အမှီပြု၍ ဖြောင့်မတ်ရာသို့ ရောက်နိုင်လျှင် ခရစ်တော်သည် အချည်းနှီး အသေခံတော်မူပြီ။
ငါပေါလုဆိုသည်ကား၊ သင်တို့သည် အရေဖျားလှီးခြင်းကိုခံလျှင်၊ ခရစ်တော်အားဖြင့် အဘယ်အကျိုးကိုမျှ မရနိုင်ကြ။-
သင်တို့တွင် တစ်စုံတစ်ယောက်မျှ ဘုရားသခင်၏ ကျေးဇူးတော်ကိုမရဘဲ မနေစေခြင်းငှာလည်းကောင်း၊ ခါးစွာသော ပင်မြစ်ပေါက်၍ သင်တို့နှောင့်ယှက်သဖြင့်၊ လူအများတို့သည် အပြစ်နှင့် မညစ်ညူးစေခြင်းငှာလည်းကောင်း၊-
ထိုကြောင့်၊ ဘုရားသခင်၏ ချမ်းသာထဲသို့ ဝင်ရသောအခွင့်ကို ပေးသော ကတိတော်သည် ငါတို့၌ရှိရစ်လျက်နှင့်၊ သင်တို့တွင် အချို့တို့သည် မမီဘဲနေမည်ကို စိုးရိမ်ကြကုန်အံ့။-
ထိုကြောင့်၊ သင်သည်မရွေ့လျော့မီ၊ အရင်နေရာ အရပ်ကို အောက်မေ့လော့၊ နောင်တရလော့။ ရှေ့ဦးစွာသော အကျင့်ကို ကျင့်လော့၊ သို့မဟုတ် သင်ရှိရာသို့ ငါသည် အလျင်အမြန်လာမည်။ နောင်တမရလျှင်၊ သင်၏မီးခွက်ကို နေရာမှရွှေ့မည်။-