Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဂ​လာ​တိ 4:9

Judson Bible

ယ​ခု​မူ​ကား​သင်​တို့​သည် ဘု​ရား​သ​ခင်​ကို သိ​ပြီး​မှ​ဟူ၍​မ​ဆို၊ ဘု​ရား​သင်​သည် သင်​တို့​ကို သိ​တော်​မူ​ပြီး​မှ၊ အား​မ​ရှိ၊ ချမ်း​သာ​မ​ပေး​နိုင်​သော တ​ရား​နု​ဘက်​သို့ အ​ဘယ်​ကြောင့် တစ်​ဖန် ပြောင်း​လဲ​ကြ​သ​နည်း။ ထို​လော​ကီ တ​ရား၌ တစ်​ဖန် ကျွန်​ခံ​ခြင်း​ငှာ အ​လို​ရှိ​ကြ​ပြီ​တ​ကား။-

အခန်းကိုကြည့်ပါ။ ကော်ပီ

30 ပူးပေါင်းရင်းမြစ်များ  

ကျိန်း​ဝပ်​တော်​မူ​ရာ ကောင်း​ကင်​ဘုံ၌ နား​ထောင်​တော်​မူ​ပါ။ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်​ကို​ကြောက်​ရွံ့​သ​ကဲ့​သို့ မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​လျက်၊ နာ​မ​တော်​ကို သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျွန်ုပ်​တည်​ဆောက်​သော ဤ​အိမ်​တော်​ကို နာ​မ​တော်​ဖြင့်​သ​မုတ်​ကြောင်း​ကို သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​တစ်​ပါး​အ​မျိုး​သား​တို့​သည် ဆု​တောင်း​သ​မျှ​အ​တိုင်း ကျေး​ဇူး​ပြု​တော်​မူ​ပါ။

ငါ့​သား​ရှော​လ​မုန်၊ သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​ကို သိ​လော့။ စုံ​လင်​သော​နှ​လုံး၊ ကြည်​ညို​သော​စိတ်​သ​ဘော​နှင့် ဝတ်​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော စိတ်​နှ​လုံး​တို့​ကို​စစ်၍ အ​ကြံ​အ​စည်​ရှိ​လေ​သ​မျှ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို​ရှာ​လျှင် အ​တွေ့​ခံ​တော်​မူ​မည်။ ကိုယ်​တော်​ကို​စွန့်​လျှင် သင့်​ကို အ​စဉ်​အ​မြဲ စွန့်​တော်​မူ​မည်။

အ​ကြောင်း​မူ​ကား၊ ဖြောင့်​မတ်​သော​သူ​တို့၏​လမ်း​ကို ထာ​ဝ​ရ​ဘု​ရား​သိ​ကျွမ်း​တော်​မူ​၏။ မ​တ​ရား​သော​သူ​တို့​၏​လမ်း​သည် ဆုံး​ရှုံး​ခြင်း​သို့ ရောက်​ရ​လိမ့်​သ​တည်း။

နာ​မ​တော်​ကို သိ​သော​သူ​တို့​သည် ကိုယ်​တော်​ကို ယုံ​ကြည်​ကြ​ပါ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို​ရှာ​သော သူ​တို့​ကို​စွန့်​ပစ်​တော်​မ​မူ​တတ်​ပါ။

ထာ​ဝ​ရ​ဘု​ရား​က၊ သင်​လျှောက်​သည်​အ​တိုင်း ငါ​ပြု​မည်။ သင်​သည် ငါ့​ရှေ့၌ မျက်​နှာ​ရ​ပြီ။ သင့်​ကို သင်၏​နာ​မ​ဖြင့်​ငါ​သိ၏​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​သော​သ​ဘော၌ ကျင်​လည်၍၊ ဘု​ရား​သ​ခင်​ကို သိ​သော​ဉာဏ်​နှင့် ပြည့်​စုံ​လိမ့်​မည်။

ထို​သူ​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​ကို သိ​လော့​ဟု၊ အ​မျိုး​သား​ချင်း၊ ညီ​အစ်​ကို​အ​ချင်း​ချင်း တစ်​ယောက်​ကို တစ်​ယောက် ဆုံး​မ​ဩ​ဝါ​ဒ​မ​ပေး​ရ​ကြ။ အ​ကြောင်း​မူ​ကား၊ အ​ငယ်​ဆုံး​သော​သူ​မှ​စ၍ အ​ကြီး​ဆုံး​သော​သူ​တိုင်​အောင်၊ ထို​သူ​အ​ပေါင်း​တို့​သည် ငါ့​ကို​သိ​ကြ​လိမ့်​မည်။ ထို​အ​ခါ ငါ​သည် သူ​တို့​အ​ပြစ်​များ​ကို သည်း​ခံ​မည်။ သူ​တို့​ပြု​သော​ဒု​စ​ရိုက်​များ​ကို မ​အောက်​မေ့​ဘဲ​နေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ပင်​လယ်​ရေ​သည် မိ​မိ​နေ​ရာ​ကို လွှမ်း​မိုး​သ​ကဲ့​သို့၊ မြေ​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​ကို သိ​ကျွမ်း​ခြင်း​ပ​ညာ​နှင့် ပြည့်​စုံ​လိမ့်​မည်။

ငါ၏​ခ​မည်း​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ငါ၌​အပ်​ပေး​တော်​မူ​ပြီ။ ခ​မည်း​တော်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ သား​တော်​ကို​မ​သိ။ သား​တော်​နှင့် သား​တော်​သည် လင်း​စေ​လို​သော သူ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ခ​မည်း​တော်​ကို​မ​သိ။-

အ​သစ်​သော​စ​ပျစ်​ရည်​ကို အ​သစ်​သော​သား​ရေ​ဘူး၌ ထည့်​ရ​သည်၊ ထို​သို့​ထည့်​လျှင် နှစ်​ပါး​စ​လုံး မ​ပျက်​စီး။-

ငါ​သည် ကောင်း​သော​သိုး​ထိန်း​ဖြစ်၏။ ခ​မည်း​တော်​သည် ငါ့​ကို​သိ​တော်​မူ၍၊ ငါ​သည်​လည်း ခ​မည်း​တော်​ကို သိ​သ​ကဲ့​သို့ ငါ၏​သိုး​တို့​ကို ငါ​သိ၏။ ငါ့​သိုး​တို့​သည်​လည်း ငါ့​ကို​သိ​ကြ၏။-

ငါ့​သိုး​တို့​သည် ငါ့​စ​ကား​သံ​ကို​နား​ထောင်၍ ငါ့​နောက်​သို့​လိုက်​ကြ၏။ ထို​သိုး​တို့​ကို ငါ​သိ၏။-

ထာ​ဝ​ရ​အ​သက်​ဟူ​မူ​ကား၊ မှန်​သော​ဘု​ရား​သ​ခင် တစ်​ဆူ​တည်း​ဖြစ်​တော်​မူ​သော ကိုယ်​တော်​ကို​လည်း​ကောင်း၊ စေ​လွှတ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​ကို​လည်း​ကောင်း၊ သိ​ကျွမ်း​ခြင်း​တည်း။-

ဘု​ရား​သ​ခင်၏​သား​တော်​သည် အ​များ​သော​ညီ​တို့​တွင် သား​ဦး​ဖြစ်​တော်​မူ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ရှေ့​မ​ဆွ​က​သိ​တော်​မူ​သော သူ​တို့​ကို သား​တော်၏​ပုံ​သ​ဏ္ဌာန်​နှင့် တ​ညီ​တည်း​ဖြစ်​စေ​ခြင်း​ငှာ ရှေ့​မ​ဆွ​က ခွဲ​ခန့်​မှတ်​သား​တော်​မူ၏။-

ဇာ​တိ​ပ​က​တိ​ကြောင့် ပ​ညတ်​တ​ရား​သည် အား​နည်း၍ မ​တတ်​နိုင်​သော​အ​မှု​ကို ဘု​ရား​သ​ခင်​ပြု​တော်​မူ​ခြင်း​ငှာ၊ အ​ပြစ်​နှင့်​ပြည့်​စုံ​သော ဇာ​တိ​ပ​က​တိ၏ သ​ဏ္ဌာန်​ကို​ဆောင်​သော မိ​မိ​သား​တော်​ကို စေ​လွှတ်​တော်​မူ၍၊ အ​ပြစ်​ဖြေ​ဖို့​ရာ ဇာ​တိ​ပ​က​တိ၌ အ​ပြစ်​ကို ဒဏ်​ပေး​တော်​မူ၏။-

ယ​ခု​တွင် ငါ​တို့​သည် မှန်​အား​ဖြင့် ရိပ်​မိ​လျက်​သာ နေ​ကြ၏။ ထို​အ​ခါ​မူ​ကား၊ မျက်​မှောက်​ထင်​ထင် မြင်​ရ​ကြ​လိမ့်​မည်။ ယ​ခု​တွင် ငါ​အ​သိ​အ​မြင် မ​စုံ​မ​လင်​ဖြစ်၏။ ထို​အ​ခါ​မူ​ကား၊ သူ​တစ်​ပါး​သည် ငါ့​ကို​သိ​သ​ကဲ့​သို့ ငါ​သိ​ရ​လိမ့်​မည်။-

တ​ရား​သ​ဖြင့် နိုး​ကြ​လော့။ ဒု​စ​ရိုက်​ကို​မ​ပြု​ကြ​နှင့်။ အ​ချို့​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​ကြ။ ထို​သို့​ဆို​သော်၊ သင်​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ ငါ​ဆို၏။

ဘု​ရား​သ​ခင်​ကို​ချစ်​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင် သိ​စေ​တော်​မူ​သော​သူ ဖြစ်၏။-

သူ​တစ်​ပါး​သည် သင်​တို့​ကို ကျွန်​ခံ​စေ​ခြင်း၊ ရောင်း၍​စား​ခြင်း၊ ဥ​စ္စာ​ကို​လု​ယူ​ခြင်း၊ ရန်​တွေ့​ခြင်း၊ ပါး​ပုတ်​ခြင်း​ကို​ပြု​လျှင် သင်​တို့​သည် သည်း​ခံ​ကြ၏။-

မှောင်​မိုက်​ထဲ​က အ​လင်း​ထွန်း​လင်း​မည်​အ​ကြောင်း မိန့်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်၊ ယေ​ရှု​ခ​ရစ်၏ မျက်​နှာ၌​ထွန်း​လင်း​သော ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို​သိ​သော ဉာဏ်၏​အ​ရောင်​ကို ပေး​လို​သော​ငှာ၊ ငါ​တို့​စိတ်​နှ​လုံး​ထဲ၌ အ​လင်း​ကို ထွန်း​လင်း​စေ​တော်​မူ၏။

ဤ​မျှ​လောက် ပ​ညာ​မဲ့​ကြ​သ​လော။ ဝိ​ညာဉ်​တော်​ကို​အ​မှီ​ပြု၍ လုပ်​စ​ရှိ​ပြီး​မှ၊ ဇာ​တိ​ကို​အ​မှီ​ပြု၍ ပြီး​စေ​ကြ​သ​လော။-

ထို​နည်း​တူ​ငါ​တို့​သည် အ​ရွယ်​မ​ရောက်​မီ လော​ကီ​တ​ရား​နု​လက်၌ ကျွန်​ခံ​ရ​ကြ၏။-

ဆု​တောင်း​သော​အ​ချက်​ဟူ​မူ​ကား၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော ဘုန်း​ကြီး​သော အ​ဘ​ခ​မည်း​တော်​သည် ကိုယ်​တော်​မြတ်​ကို သိ​ခြင်း​အ​လို​ငှာ ပ​ညာ​ကို​လည်း​ကောင်း၊ ထိုး​ထွင်း​သော​ဉာဏ်​ကို​လည်း​ကောင်း၊ သင်​တို့​အား ပေး​ပါ​မည်​အ​ကြောင်း၊-

သို့​သော်​လည်း၊ သ​ခင်​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို သိ​ကျွမ်း​တော်​မူ၏ ဟူ၍​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကို ၀န်​ခံ​သော​သူ​မည်​သည်​ကား၊ မ​တ​ရား​သော​အ​မှု​ကို ရှောင်​ရ​မည်​ဟူ၍​လည်း​ကောင်း၊ တံ​ဆိပ်​ခတ်​လျက်​ရှိ​သော ဘု​ရား​သ​ခင်၏ တိုက်​မြစ်​သည် ခိုင်​ခံ့၍​တည်၏။-

ပ​ညတ်​တ​ရား​သည် အ​ဘယ်​သူ​ကို​မျှ စုံ​လင်​ခြင်း​သို့ မ​ပို့​နိုင်​သည်​ဖြစ်၍၊-

ကယ်​တင်​တော်​မူ​သော အ​ရှင်​သ​ခင် ယေ​ရှု​ခ​ရစ်​ကို သိ​ကျွမ်း​ခြင်း​အား​ဖြင့်၊ လော​ကီ​ညစ်​ညူး​ခြင်း​နှင့် ကင်း​လွတ်​ပြီး​မှ၊ တစ်​ဖန် ကျော့​မိ၍ ရှုံး​လျှင်၊ နောက်​ဖြစ်​ဟန်​သည် ရှေး​ဖြစ်​ဟန်​ထက်​သာ၍​ဆိုး၏။-

ဘု​ရား​သ​ခင်၏​သား​တော်​သည် ကြွ​လာ၍၊ မှန်​သော​ဘု​ရား​သ​ခင်​ကို သိ​သော​ဉာဏ်​ကို ငါ​တို့​အား ပေး​တော်​မူ​သည်​ကို​လည်း ငါ​တို့​သိ​ကြ၏။ မှန်​သော​ဘု​ရား​သ​ခင်၌​လည်း​ကောင်း၊ သား​တော်​ယေ​ရှု​ခ​ရစ်၌​လည်း​ကောင်း ငါ​တို့​သည် တည်​လျက်​ရှိ​ကြ၏။ ထို​သူ​သည်​မှန်​သော ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​အ​သက်​လည်း ဖြစ်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ