Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဂ​လာ​တိ 4:27

Judson Bible

ကျမ်း​စာ​လာ​သည်​ကား၊ သား​မ​ဖွား​သော အ​မြုံ​မ၊ ဝမ်း​မြောက်​လော့။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို မ​ခံ​သေး​သော​မိန်း​မ၊ ကြွေး​ကြော်​အော်​ဟစ်​လော့။ အ​ကြောင်း​မူ​ကား၊ စွန့်​ထား​သော​မိန်း​မ​သည် လင်​ရှိ​သော မိန်း​မ​ထက် သာ၍​များ​သော သား​တို့​ကို ဖွား​မြင်​ပြီ​ဟု လာ​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

မောင်​ရင်း​အ​ဗ​ရှ​လုံ​က​လည်း၊ ငါ့​အစ်​ကို​အာ​မ​နုန်​သည် သင်​နှင့်​အ​တူ​ရှိ​ပြီ​လော။ သို့​သော်​လည်း​ငါ့​နှ​မ တိတ်​ဆိတ်​စွာ​နေ​လော့။ သူ​သည် သင်၏​မောင်​ဖြစ်၏။ ဤ​အ​မှု​ကို​မ​မှတ်​နှင့်​ဟု ဆို​သော်၊ တာ​မာ​သည် မိ​မိ​မောင်​အ​ဗ​ရှ​လုံ​အိမ်၌ ဆိတ်​ညံ​စွာ​နေ၏။

မြုံ​သော​မိန်း​မ​သည် အိမ်၌​နေ၍၊ ဝမ်း​မြောက်​သော​စိတ်​နှင့် သား​ဖွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ဟာ​လေ​လု​ယ။

သင်​က​လည်း၊ ဤ​သူ​တို့​ကို ငါ့​အား အ​ဘယ်​သူ ဖြစ်​ဖွား​စေ​သ​နည်း။ ငါ​သည် သား​ဆုံး​သော​သူ၊ ဆိတ်​ညံ​လျက် နေ​ရ​သော​သူ၊ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​သ​ဖြင့်၊ အ​ဝေး​သို့ လည်​ရ​သော​သူ​ဖြစ်၍၊ ဤ​သူ​တို့​ကို အ​ဘယ်​သူ မွေး​စား​သ​နည်း။ ငါ​သည် တစ်​ယောက်​တည်း နေ​ရ​သည်​ဖြစ်၍၊ ဤ​သူ​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း​ဟု အောက်​မေ့​လိမ့်​မည်။

ခ​ရစ်​တော်​သည် သင်​တို့​အ​ထဲ၌ တည်​လျက် ရှိ​တော်​မူ​သည်​တိုင်​အောင် သင်​တို့​အ​ဖို့ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို ငါ​ခံ​ရ​သော ငါ့​ချစ်​သား​တို့၊-

မု​ဆိုး​မ​အ​မှန်​ဖြစ်၍ တစ်​ယောက်​တည်း​ကျန်​ရစ်​သော မိန်း​မ​သည်၊ ဘု​ရား​သ​ခင်​ကို ကိုး​စား၍ ဆု​တောင်း ပ​တ္ထ​နာ​ပြု​ခြင်း၌ နေ့​ည​မ​ပြတ် တည်​နေ​တတ်၏။-

ဝ​စွာ​စား​သော​သူ​တို့​သည် စား​စ​ရာ​ကို​ရ​ခြင်း​ငှာ၊ သူ​ငှား​လုပ်​ရ​ကြ​ပြီ။ ငတ်​မွတ်​သော သူ​တို့​မူ​ကား၊ တစ်​ဖန်​ဝ​ကြ​ပြီ။ မြုံ​သော​သူ​သည် ခု​နစ်​ကြိမ်​တိုင်​အောင် ဖွား​မြင်​ပြီ။ သား​များ​သော​သူ​မူ​ကား၊ တစ်​ဖန်​အား​လျော့​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ