Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဂ​လာ​တိ 4:24

Judson Bible

ထို​အ​ကြောင်း​အ​ရာ​ကို ပုံ​ပ​မာ​အား​ဖြင့်​ဆို​သော်၊ ထို​မိန်း​မ​နှစ်​ယောက်​ကား၊ ပ​ဋိ​ညာဉ်​တ​ရား​နှစ်​ပါး​ကို ဆို​လို​သ​တည်း။ ဟာ​ဂ​ရ​အ​မည်​ရှိ​သော မိန်း​မ​တည်း​ဟူ​သော ပ​ဋိ​ညာဉ်​တ​ရား​တစ်​ပါး​သည် သိ​နာ​တောင်​ပေါ်​မှာ စီ​ရင်၍၊ ကျွန်​များ​ကို ဖွား​တတ်​သော​တ​ရား​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

စာ​ရဲ​ကျွန်​မ​ဟာ​ဂ​ရ၊ အ​ဘယ်​က​လာ​သ​နည်း။ အ​ဘယ်​အ​ရပ်​သို့ သွား​မည်​နည်း​ဟု​မေး​သော်၊ ကျွန်​မ​သည် သ​ခင်​မ​စာ​ရဲ​ထံ​မှ​ပြေး​လာ​ပါ​သည်​ဟု ဆို​လေ၏။

စာ​ရာ၏​ကျွန်​မ၊ အဲ​ဂု​တ္တု​အ​မျိုး​သား​ဟာ​ဂ​ရ​ဖွား​မြင်​သော အာ​ဗြ​ဟံ​သား ဣ​ရှ​မေ​လ၏​သား​စဉ်​မြေး​ဆက်​တည်း​ဟူ​သော၊

ငါ​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​က၊ ဤ​သူ​သည် ပုံ​ပ​မာ​ကို​သာ​ဆောင်၍ ဟော​ပြော​တတ်​သည်​မ​ဟုတ်​လော​ဟု၊ အ​ကျွန်ုပ်​ကို​ရည်​မှတ်၍ ဆို​တတ်​ကြ​ပါ​သည်​ဟု လျှောက်​လေ၏။

သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​နောက်​တော်​သို့ လိုက်​ကြ​လိမ့်​မည်။ ခြင်္သေ့​ကဲ့​သို့ ဟောက်​တော်​မူ​မည်။ ဟောက်​တော်​မူ​သော​အ​ခါ သား​သ​မီး​တို့​သည် အ​နောက်​မျက်​နှာ​မှ အ​လျင်​အ​မြန် ပြေး​ကြ​လိမ့်​မည်။

ထို​သို့​သော​အား​ဖြင့် ပ​ရော​ဖက်​စ​ကား​ဟူ​မူ​ကား၊ ငါ​သည်​နှုတ်​ကို​ဖွင့်၍ ဥ​ပ​မာ​များ​ကို​မြွက်​ဆို​အံ့။ က​မ္ဘာ​ဦး​မှ​စ၍ ထိမ်​ဝှက်​သော​အ​ရာ​တို့​ကို ဖော်​ပြ​ပေ​အံ့​ဟု ဟော​ဖူး​သော​စ​ကား​သည် ပြည့်​စုံ​ခြင်း​သို့ ရောက်​သ​တည်း။-

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် တစ်​ဖန် ကြောက်​ရွံ့​တတ်​သော ကျွန်၏​သ​ဘော​ကို ရ​ကြ​သည်​မ​ဟုတ်။ အ​ဗ္ဗ​အ​ဘ​ဟု​ခေါ်​ရ​သော​အ​ခွင့်​နှင့် သား​ဖြစ်​ခြင်း၏ သ​ဘော​ကို​ရ​ကြ​ပြီ။-

ထို​အ​ကြောင်း​အ​ရာ​ရှိ​သ​မျှ​တို့​သည် ပုံ​သက်​သေ ဖြစ်​အံ့​သော​ငှာ ထို​သူ​တို့၌ ရောက်​ကြ၏။ ကပ်​ကာ​လ အ​ဆုံး​တွင် ဖြစ်​သော​ငါ​တို့​ကို ဆုံး​မ​စ​ရာ​ဖို့ ကျမ်း​စာ၌ ရေး​ထား​လျက်​ရှိ​သ​တည်း။-

ထို​သူ​တို့​နောက်၌ လိုက်​သော​ဓ​မ္မ​ကျောက်​မှ ထွက်​သော​ရေ​ကို သောက်​ကြ၏။ ထို​ကျောက်​ကား ခ​ရစ်​တော်​ဖြစ်​သ​တည်း။-

အ​ကြောင်း​မူ​ကား၊ ဟာ​ဂ​ရ​သည် အာ​ရပ်​ပြည်၌​ရှိ​သော သိ​နာ​တောင်​ဖြစ်၏။ ယ​ခု​ရှိ​သော ယေ​ရု​ရှ​လင်​မြို့​နှင့် တူ၏၊ မိ​မိ​သား​များ​နှင့်​တ​ကွ ကျွန်​ခံ​ရ၏။-

ထို​နည်း​တူ​ငါ​တို့​သည် အ​ရွယ်​မ​ရောက်​မီ လော​ကီ​တ​ရား​နု​လက်၌ ကျွန်​ခံ​ရ​ကြ၏။-

ထို​ကြောင့် ခ​ရစ်​တော်​သည် ငါ​တို့​ကို လွှတ်​တော်​မူ​သော လွှတ်​ခြင်း​အ​ခွင့်၌ တည်​နေ​သ​ဖြင့်၊ ကျွန်​ခံ​ရာ ထမ်း​ပိုး​ကို​ထမ်း၍ ချည်​နှောင်​ခြင်း​ကို တစ်​ဖန် မ​ခံ​ကြ​နှင့်။

ထာ​ဝ​ရ​ဘု​ရား​သည် သိ​နာ​တောင်​ပေါ်​က ကြွ​တော်​မူ၏။ စိ​ရ​အ​ရပ်​မှ ထို​လူ​တို့​အား နေ​ထွက်​တော်​မူ၏။ ပါ​ရန်​တောင်​ပေါ်​က ရောင်​ခြည်​ထွန်း​ပ​တော်​မူ၍၊ သန့်​ရှင်း​သော​သူ အ​ထောင်​အ​သောင်း​တို့​နှင့်​အ​တူ ကြွ​တော်​မူ၍၊ ဓ​မ္မ​မီး​သည် ဣ​သ​ရေ​လ​လူ​တို့​အ​ဖို့၊ လက်​ယာ​လက်​တော်​မှ ထွက်​လေ၏။

ထို​သို့​ပူ​ဇော်​သော​အ​ခါ သေ​ခြင်း​မှ ထ​မြောက်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် တတ်​နိုင်​တော်​မူ​သည်​ကို သူ​သည်​အောက်​မေ့၏။ ထို​သား​ကို ပုံ​စ​ကား​အား​ဖြင့် သေ​ခြင်း​ထဲ​က​ရ၏။-

ပ​ဋိ​ညာဉ်​တ​ရား​သစ်၏ အာ​မ​ခံ​တည်း​ဟူ​သော ယေ​ရှု​ထံ​တော်​သို့​လည်း​ကောင်း၊ အာ​ဗေ​လ၏​အ​သွေး ပြော​ဆို​သော​အ​ရာ​ထက် သာ၍ မြတ်​သော​အ​ရာ​ကို ပြော​ဆို​သော ဖျန်း​ဆွတ်​ခြင်း၏ အ​သွေး​ထံ​သို့​လည်း​ကောင်း ရောက်​ကြ၏။

ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​တ​ရား၏ အ​သွေး​တော်​အား​ဖြင့်၊ သိုး​များ​ကို​ထိန်း​သော သိုး​ထိန်း​ကြီး​ဖြစ်​သော ငါ​တို့​သ​ခင်​ယေ​ရှု​ကို သေ​ခြင်း​မှ နုတ်​ဆောင်​တော်​မူ​သော၊ ငြိမ်​သက်​ခြင်း၏​အ​ရှင် ဘု​ရား​သ​ခင်​သည်၊-

သာ၍​မြတ်​သော ပ​ဋိ​ညာဉ်​တ​ရား၏ အာ​မ​ခံ​ဖြစ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ