သင်တို့ကို ငါယုံမှားခြင်းရှိသောကြောင့်၊ ယခု သင်တို့ကို ကိုယ်တိုင်တွေ့၍ ထူးခြားသောစကားကို ပြောခြင်းငှာ အလိုရှိ၏။
သို့သော်လည်း ယောဟန်သည် ဖြောင့်မတ်သန့်ရှင်းသောသူဖြစ်ကြောင်းကို ဟေရုဒ်သည် သိ၍ သူ့ကို ကြောက်ရွံ့ရိုသေ၏။ သူ့ကိုလည်း စောင့်မ၏။ အမှုအရာများတို့၌ သူ၏စကားကို နားထောင်၍ ဝမ်းမြောက်သောစိတ်နှင့်လည်း နားထောင်တတ်သည်ဖြစ်သောကြောင့် ထိုမိန်းမသည် အခွင့်မရနိုင်။
ငါတို့သည် အမျိုးမျိုးသော နှောင့်ယှက်ခြင်းကို ခံရသော်လည်း၊ အကျိုးနည်းခြင်းသို့မရောက်။ မကြံစည်နိုင်အောင်ရှိသော်လည်း စိတ်မပျက်။-
ငါတို့၏ ဘုရားသခင်ရှေ့၌ သင်တို့၏အကြောင်းကြောင့် ငါတို့ခံရသော ဝမ်းမြောက်ခြင်းအပေါင်းကို ထောက်၍၊ သင်တို့အကြောင်းကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အဘယ်သို့ ဆပ်နိုင်သနည်း။-