Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဂ​လာ​တိ 2:9

Judson Bible

အ​မှီ​တံ​ကဲ​ဖြစ်​သော​ယာ​ကုပ်၊ ကေ​ဖ၊ ယော​ဟန် တို့​သည်​လည်း၊ ငါ​ရ​သော​ကျေး​ဇူး​တော်​ကို သိ​ကြ​သော​အ​ခါ၊ မိ​မိ​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော သူ​တို့​ဆီ​သို့ သွား​မည်​အ​ကြောင်း​နှင့်၊ ငါ​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​ဆီ​သို့ သွား​မည်​အ​ကြောင်း၊ လက်​ယာ​လက်​ခံ​ခြင်း​ကို ဗာ​န​ဗ​နှင့် ငါ့​အား ပေး​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

32 ပူးပေါင်းရင်းမြစ်များ  

ထို​ဇ​ရပ်​မှ ထွက်​သော​အ​ခါ ခ​ရီး​ဦး​ကြို​ပြု​အံ့​ဟု​လာ​သော ရေ​ခပ်​သား​ယော​န​ဒပ်​ကို တွေ့၍ နှုတ်​ဆက်​သ​ဖြင့်၊ ငါ့​စိတ်​နှ​လုံး​သည် သင့်​စိတ်​နှ​လုံး​နှင့်​သင့်၍ သ​ဘော​ဖြောင့်​သ​ကဲ့​သို့ သင့်​စိတ်​နှ​လုံး​သည် သ​ဘော​ဖြောင့်​သ​လော​ဟု မေး​လျှင်၊ ဖြောင့်​ပါ​သည်​ဟု လျှောက်​ဆို​သော်၊ ထို​သို့​မှန်​လျှင် သင့်​လက်​ကို​ပေး​ပါ​ဟု ဆို​သည်​အ​တိုင်း၊ လက်​ကို​ပေး၍ ယေ​ဟု​သည် မိ​မိ​အ​နား​သို့ ရ​ထား​ပေါ်​မှာ ဆွဲ​တင်​လျက်၊

ငါ​ဆို​သည်​ကား၊ သင်​သည် ပေ​တ​ရု​ဖြစ်၏။ ဤ​ကျောက်​ပေါ်​မှာ ငါ့​အ​သင်း​ကို ငါ​တည်​ဆောက်​မည်။ ထို​အ​သင်း​ကို မ​ရ​ဏ​နိုင်​ငံ၏ တံ​ခါး​တို့​သည် မ​နိုင်​ရာ။-

ကိုယ်​တော်​က၊ ငါ​တို့ စား​ဖို့​ရာ သင်​တို့​သည်​သွား၍ ပ​သ​ခါ​ပွဲ​ကို ပြင်​ဆင်​ကြ​လော့​ဟု ပေ​တ​ရု​နှင့် ယော​ဟန်​ကို စေ​လွှတ်​တော်​မူ၏။-

သူ့​ကို ယေ​ရှု​ထံ​သို့ ပို့​ဆောင်​လေ၏။ မေ​ရှိ​ယ​အ​နက်​ကား ခ​ရစ်​တော်​ဟု​ဆို​လို​သ​တည်း။ ယေ​ရှု​သည် ထို​သူ​ကို​ကြည့်​ရှု၍၊ သင်​သည် ယော​န၏​သား​ရှိ​မုန်​ဖြစ်၏။ ကေ​ဖ​အ​မည်​သစ်​ကို ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏၊ ကေ​ဖ​အ​နက်​ကား ပေ​တ​ရု​ဟု ဆို​လို​သ​တည်း။

ပေ​တ​ရု​သည်​လည်း ထို​သူ​တို့​ကို​တိတ်​ဆိတ်​စွာ နေ​စေ​ခြင်း​ငှာ မိ​မိ​လက်​နှင့်​အ​မှတ်​ပေး၍ မိ​မိ​ကို ထောင်​ထဲ​က သ​ခင်​ဘု​ရား​နုတ်​တော်​မူ သော​အ​ကြောင်း​အ​ရာ​ကို ဖော်​ပြ​ပြီး​မှ၊ သင်​တို့​သွား၍ ယာ​ကုပ်​နှင့် ညီ​အစ်​ကို​တို့​အား ဤ​အ​ကြောင်း​များ​ကို ပြန်​ကြား​ကြ​လော့​ဟု ဆို​ပြီး​လျှင်၊ ထွက်၍​အ​ခြား​တစ်​ပါး​သို့ သွား​လေ၏။-

ထို​သူ​တို့​သည် အ​ကုန်​အ​စင်​ပြော​ဆို​ပြီး​မှ၊ ယာ​ကုပ်​က၊ ညီ​အစ်​ကို​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။-

များ​စွာ​သော​ဆွေး​နွေး​ငြင်း​ခုံ​ခြင်း ရှိ​သော​အ​ခါ ပေ​တ​ရု​သည် ထ​လျက်၊ ညီ​အစ်​ကို​တို့၊ ဘု​ရား​သ​ခင်​သည် ရှေ့​ဦး​စွာ​ငါ​တို့​တွင် ရွေး​ကောက်​တော်​မူ၍၊ ငါ​ဟော​ပြော​သော​အား​ဖြင့် တစ်​ပါး​အ​မျိုး​သား​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို​ကြား​နာ၍ ယုံ​ကြည်​ရ​မည်​အ​ကြောင်း စီ​ရင်​တော်​မူ​သည်​ကို သင်​တို့​သိ​ကြ၏။-

ယော​သေ​အ​မည်​ရှိ၍ သက်​သာ​စေ​ခြင်း၏ သား​ဟု​ဆို​လို​သော ဗာ​န​ဗ​အ​မည်​သစ်​ကို တ​မန်​တော်​တို့ သ​မုတ်​ခြင်း​အား​ဖြင့်​ရ​သော ကု​ပ​ရု​ပြည်​သား လေ​ဝိ​လူ​တစ်​ယောက်​သည်၊-

ဘု​ရား​သ​ခင်​ချစ်​တော်​မူ၍၊ သန့်​ရှင်း​သူ​အ​ရာ၌ ခန့်​ထား​သော ရော​မ​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို ကြား​လိုက်​ပါ၏။-

သင်​တို့​သည် ကိုယ်​ကို​ထင်​သင့်​သည် အ​တိုင်း​ထက် လွန်၍​မ​ထင်​ဘဲ၊ ဘု​ရား​သ​ခင်​သည် လူ​အ​သီး​အ​သီး​တို့​အား ယုံ​ကြည်​ခြင်း​ကို ဝေ​ပေး​တော်​မူ​သည်​နှင့်​အ​ညီ၊ ကိုယ်​ကို လျောက်​ပတ်​စွာ ထင်​ရ​မည်​အ​ကြောင်း ငါ​သည် ကိုယ်​ခံ​ရ​သော ကျေး​ဇူး​တော်​ကို​အ​မှီ​ပြု​လျက်၊ သင်​တို့​တွင် ရှိ​သ​မျှ​သော​သူ​တို့​ကို မှာ​ထား၏။-

သို့​သော်​လည်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သန့်​ရှင်း​စေ​တော်​မူ​သော နှစ်​သက်​ဖွယ်​ရာ ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော တစ်​ပါး​အ​မျိုး​တို့​ကို ပူ​ဇော်​ခြင်း​ငှာ ငါ​သည် ဘု​ရား​သ​ခင်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​သော​အ​မှု​ကို ဆောင်​ရွက်၍၊ တစ်​ပါး​အ​မျိုး​သား​တို့​တွင် ယေ​ရှု​ခ​ရစ်၏ အ​မှု​ဆောင်​ဖြစ်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ၌​အပ်​ပေး​တော်​မူ​သော ကျေး​ဇူး​တော်​ကို ငါ​အ​မှီ​ပြု၍၊ ညီ​အစ်​ကို​တို့၊ သင်​တို့​ကို သ​တိ​ပေး​လျက် သာ၍​ရဲ​ရင့်​စွာ ရေး​လိုက်​ပါ၏။-

သို့​သော်​လည်း ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​အား​ဖြင့်​သာ ငါ​ဖြစ်​သည်​အ​တိုင်း ငါ​ဖြစ်၏။ ငါ​ခံ​ရ​သော ကျေး​ဇူး​တော်​ကို​လည်း အ​ကျိုး​မဲ့​ခံ​ရ​သည်​မ​ဟုတ်။ အ​ခြား​သော တ​မန်​တော်​အ​ပေါင်း​တို့​ထက်၊ ငါ​သည် သာ၍ ကြိုး​စား​ခြင်း​ကို​ပြု၏။ ထို​သို့​ဆို​သော်​လည်း၊ ငါ​ကြိုး​စား​သည်​မ​ဟုတ်။ ငါ​နှင့်​အ​တူ​ရှိ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည် ကြိုး​စား​တော်​မူ၏။-

ငါ​သည် အ​ကြီး​ဆုံး​သော တ​မန်​တော်​အောက် အ​လျှင်း​မ​ယုတ်​သည်​ကို ငါ​သ​ဘော​ရှိ၏။-

ငါ​သည် ဝါ​ကြွား​တတ်​သော သူ​ရူး​ဖြစ်​သ​လော။ ထို​သို့​ဖြစ်​လျှင်၊ သင်​တို့​သည် ငါ့​ကို အ​နိုင်​အ​ထက်​ဖြစ်​စေ​ကြ​ပြီ။ အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ သင်​တို့​ချီး​မွမ်း​ခြင်း​ကို ငါ​ခံ​သင့်၏။ ငါ​သည် ဘာ​မျှ​မ​ဟုတ်​သော်​လည်း၊ အ​ကြီး​ဆုံး​သော တ​မန်​တော်​အောက် အ​လျှင်း​မ​ယုတ်​မ​ညံ့။-

သူ​တို့​အ​လှူ​ဒါ​န​ကို ငါ​တို့​သည်​ယူ၍ သူ​တို့​နှင့် ကူ​ညီ​လျက်၊ သန့်​ရှင်း​သူ​တို့​အား လုပ်​ကျွေး​ခြင်း​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သူ​တို့​သည် တိုက်​တွန်း​သွေး​ဆောင်​သော စ​ကား​များ​အား​ဖြင့် ငါ​တို့​ကို တောင်း​ပန်​ကြ၏။-

သား​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို တစ်​ပါး​အ​မျိုး​သား​တို့၌ ဟော​ပြော​စေ​မည်​အ​ကြောင်း၊ မိ​မိ​အ​လို​တော် နှင့်​အ​ညီ သား​တော်​ကို ငါ့​အား ပြ​တော်​မူ​သော​အ​ခါ၊ ငါ​သည်​အ​သွေး​အ​သား​နှင့် တိုင်​ပင်​ခြင်း​ကို​မ​ပြု။-

ထို​နောက် သုံး​နှစ်​လွန်​ပြီး​မှ ပေ​တ​ရု​ကို အ​ကျွမ်း​ဝင်​လို​သော​ငှာ၊ ယေ​ရု​ရှ​လင်​မြို့​သို့​သွား၍ သူ​နှင့်​အ​တူ တစ်​ဆယ်​ငါး​ရက်​နေ၏။-

ထို​နောက် တစ်​ဆယ်​လေး​နှစ်​လွန်​ပြီး​မှ၊ ငါ​သည် တိ​တု​ကို​ခေါ်၍ ဗာ​န​ဗ​နှင့်​အ​တူ ယေ​ရု​ရှင်​မြို့​သို့ တစ်​ဖန် သွား​လေ၏။-

ဗျာ​ဒိတ်​တော်​အ​တိုင်း​ပင် သွား​သည်​ဖြစ်၍၊ တစ်​ပါး​အ​မျိုး​တို့၌ ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ထို​အ​ခါ ငါ​ကြား​ပြော​လေ၏။ ထို​သို့​ဆို​သော် ငါ​ဆောင်​ရွက် ခဲ့​ပြီး​သော​အ​မှု​နှင့် နောက်၌ ဆောင်​ရွက် လ​တ္တံ့​သော​အ​မှု​ကို အ​ချည်း​နှီး​မ​ဖြစ်​စေ​ခြင်း​ငှာ၊ အ​သ​ရေ ထင်​ရှား​သော သူ​တို့​အား​သာ တိတ်​ဆိတ်​စွာ​ကြား​ပြော၏။-

အ​ကြင်​သူ​သည် ဘာ​မျှ​မ​ဟုတ်​ဘဲ​လျက်၊ ဤ​မျှ​လောက်​ငါ​ဖြစ်​သည်​ဟု​စိတ်​ထင်​လျှင်၊ ထို​သူ​သည် ကိုယ်​ကို လှည့်​ဖြား​သော​သူ​ဖြစ်၏။-

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ တ​မန်​တော်​တို့​မှ​စ၍ ပ​ရော​ဖက်​များ​တည်း​ဟူ​သော တိုက်​မြစ်​အ​ပေါ်၌ သင်​တို့​သည် ထပ်​ဆင့်၍ တည်​ဆောက်​လျက်​ရှိ​ကြ၏။-

စစ်၍​မ​ကုန်​နိုင်​သော ခ​ရစ်​တော်၏ ကြွယ်​ဝ​ပြည့်​စုံ​ခြင်း၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား ဟော​ပြော​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လုံး​စုံ​တို့​ကို ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်၌ ရှေး​ကပ်​ကာ​လ​ပတ်​လုံး ဝှက်​ထား​လျက်​ရှိ​သော ထို​နက်​နဲ​သော​အ​ရာ​နှင့် စပ်​ဆိုင်​သော သာ​သ​နာ​သည် အ​ဘယ်​သို့ ဖြစ်​သည်​ကို လူ​အ​ပေါင်း​တို့​အား ထင်​ရှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​တွင် အ​ငယ်​ဆုံး​သော​သူ​ထက် သာ၍​ငယ်​သော ငါ​အား ထို​ကျေး​ဇူး​တော်​ကို ပေး​တော်​မူ​ပြီ။-

ထို​သို့​အ​လို​ငှာ ငါ​သည် အ​မှု​ဆောင်​ရွက်၍၊ ငါ၌​တန်​ခိုး​တော် ပြု​ပြင်​အား​ထုတ်​တော်​မူ​သည်​အ​တိုင်း ကြိုး​စား​အား​ထုတ်​လေ့​ရှိ၏။

ငါ​တို့​သည် ခ​မည်း​တော်​နှင့်​လည်း​ကောင်း၊ သား​တော် ယေ​ရှု​ခ​ရစ်​နှင့်​လည်း​ကောင်း၊ မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​သည်​ဖြစ်၍၊ သင်​တို့​သည် ငါ​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​ခြင်း​ငှာ၊ ငါ​တို့​ကြား​မြင်​ရ​သော​အ​ရာ​ကို သင်​တို့​အား​ပြ​သ​ကြ၏။-

အ​ကြင်​သူ​သည် အောင်​မြင်၏။ ထို​သူ​ကို ငါ​သည် ငါ၏​ဘု​ရား​သ​ခင့်​ဗိ​မာန်​တော်၌ တိုင်​ဖြစ်​စေ​မည်။ နောက်​တစ်​ဖန် သူ​သည် ပြင်​သို့​မ​ရွေ့​ရ။ ငါ၏ ဘု​ရား​သ​ခင့် နာ​မ​တော်​ကို​လည်း​ကောင်း၊ ငါ၏​ဘု​ရား​သ​ခင့်​အ​ထံ​တော် မှ​ထွက်၍၊ ကောင်း​ကင်​ဘုံ​မှ ဆင်း​သက်​သော ယေ​ရှု​ရှ​လင်​မြို့​သစ်​တည်း​ဟူ​သော၊ ငါ၏​ဘု​ရား​သ​ခင့်​မြို့​တော်၏ နာ​မ​ကို​လည်း​ကောင်း၊ ငါ၏ နာ​မ​သစ်​ကို​လည်း​ကောင်း၊ ထို​သူ​အ​ပေါ်၌ ငါ​သည် အ​က္ခ​ရာ​တင်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ