Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဂ​လာ​တိ 2:11

Judson Bible

ထို​နောက်​ပေ​တ​ရု​သည် အ​န္တိ​အုတ်​မြို့​သို့ ရောက်​လာ​သော​အ​ခါ၊ သူ၌​အ​ပြစ်​တင်​စ​ရာ အ​ခွင့်​ရှိ​သော​ကြောင့် သူ့​ကိုယ်​တိုင်​ကို ငါ​ငြင်း၍​ဆီး​တား​ရ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

31 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်၍ သင်​သည် ခါး​ပန်း​ကို​စည်း၍​ထ​လော့။ ငါ​မှာ​ထား​သ​မျှ​ကို သူ​တို့​အား​ဟော​ပြော​လော့။ သူ​တို့​ရှေ့​မှာ သင့်​ကို ငါ​အ​ရှက်​မ​ခွဲ​ရ​မည်​အ​ကြောင်း သူ​တို့​ကို မ​ကြောက်​နှင့်။

သို့​သော်​လည်း၊ ယော​န​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ တာ​ရှု​မြို့​သို့ ပြေး​မည့်​အ​ကြံ​ရှိ​သည်​နှင့် ထ​လျက် ယု​ပ္ပေ​မြို့​သို့​သွား၍ ရောက်​သ​ဖြင့်၊ တာ​ရှု​မြို့​သို့​သွား​သော သင်္ဘော​ကို တွေ့​ကြုံ၍ သင်္ဘော​ခ​ကို​ပေး​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ သင်္ဘော​သား​တို့​နှင့်​အ​တူ တာ​ရှု​မြို့​သို့​လိုက်​ခြင်း​ငှာ သင်္ဘော​ကို စီး​လေ၏။

ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် ကြက်​ဆူ​ပင်​အ​တွက် အ​မျက်​ထွက်​ကောင်း​သ​လော​ဟု မေး​တော်​မူ​လျှင်၊ ယော​န​က၊ အ​ကျွန်ုပ်​သည် အ​သက်​သေ​သည်​တိုင်​အောင် အ​မျက်​ထွက်​ကောင်း​ပါ​သည်​ဟု လျှောက်​ဆို၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​တို့​သည် ငါ့​ကို​မ​ယုံ​ကြည်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ငါ့​ကို​မ​ရို​မ​သေ​ပြု​သော​ကြောင့်၊ ဤ​ပ​ရိ​သတ်​တို့​အား ငါ​ပေး​သော​ပြည်​သို့ သင်​တို့​သည် ပို့​ဆောင်​သော​အ​ခွင့်​ကို​မ​ရ​ကြ​ဟု မော​ရှေ​နှင့်​အာ​ရုန်​တို့​အား မိန့်​တော်​မူ၏။

ကိုယ်​တော်​သည် မျက်​နှာ​တော်​ကို​လှည့်၍ အ​ချင်း​ရန်​သူ၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်​သည် ငါ​တိုက်​မိ၍ လဲ​စ​ရာ​အ​ကြောင်း ဖြစ်၏။ သင်​သည် ဘု​ရား​သ​ခင်၏​အ​ရာ​ကို စိတ်​မ​စွဲ​လမ်း၊ လူ​တို့၏​အ​ရာ​ကို​သာ စွဲ​လမ်း​သည်​ဟု မိန့်​တော်​မူ၏။

သူ့​ကို ယေ​ရှု​ထံ​သို့ ပို့​ဆောင်​လေ၏။ မေ​ရှိ​ယ​အ​နက်​ကား ခ​ရစ်​တော်​ဟု​ဆို​လို​သ​တည်း။ ယေ​ရှု​သည် ထို​သူ​ကို​ကြည့်​ရှု၍၊ သင်​သည် ယော​န၏​သား​ရှိ​မုန်​ဖြစ်၏။ ကေ​ဖ​အ​မည်​သစ်​ကို ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏၊ ကေ​ဖ​အ​နက်​ကား ပေ​တ​ရု​ဟု ဆို​လို​သ​တည်း။

ထို​မှ​တစ်​ပါး၊ သ​တေ​ဖန်၏​အ​မှု​ကြောင့် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ၍ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​သော​သူ​တို့​သည် ဖိ​နိတ်၊ ကု​ပ​ရု၊ အ​န္တိ​အုတ်​မြို့​များ​သို့ တိုင်​အောင်​သွား၍၊ ယု​ဒ လူ​တို့​အား​သာ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ကြ၏။-

နောက်​မှ ထို​သူ​အ​ချို့​တို့​သည် ကု​ပ​ရု​ပြည်​သား၊ ကု​ရေ​နေ​ပြည်​သား​ဖြစ်၍ အ​န္တိ​အုတ်​သို့​သွား​ပြီး​လျှင်၊ သ​ခင်​ယေ​ရှု၏ အ​ကြောင်း​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟေ​လေ​နစ်​လူ​တို့​အား ဟော​ပြော​ကြ၏။-

ထို​အ​ကြောင်း​အ​ရာ​ကို ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော အ​သင်း​တော်​သည် ကြား​လျှင်၊ အ​န္တိ​အုတ်​မြို့​တိုင်​အောင် သွား​စေ​မည်​အ​ကြောင်း ဗာ​န​ဗ​ကို​စေ​လွှတ်​လေ၏။-

ထို​အ​ခါ၌ ပ​ရော​ဖက်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​မှ အ​န္တိ​အုတ်​မြို့​သို့​လာ​ကြ၏။-

ယု​ဒ​ပြည်​မှ အ​န္တိ​အုတ်​မြို့​သို့ ရောက်​လာ​သော သူ​အ​ချို့​တို့​က၊ သင်​တို့​သည် မော​ရှေ၏​တ​ရား​အ​တိုင်း အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​လျှင်၊ ကယ်​တင်​တော်​မူ​ခြင်း​သို့ မ​ရောက်​နိုင်​ဟု ညီ​အစ်​ကို​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ၏။-

ဖာ​ရိ​ရှဲ​စု​ထဲ​က ယုံ​ကြည်​သော​သူ​အ​ချို့​တို့​သည် ထ​လျက်၊ တစ်​ပါး​အ​မျိုး​သား​တို့​အား အ​ရေ​ဖျား​လှီး​ခြင်း​ကို ပေး​ရ​မည်။ မော​ရှေ၏​တ​ရား​ကို ကျင့်​စေ​ခြင်း​ငှာ ဆုံး​မ​ရ​မည်​ဟု​ဆို​ကြ၏။-

ငါ​သည် အ​ကြီး​ဆုံး​သော တ​မန်​တော်​အောက် အ​လျှင်း​မ​ယုတ်​သည်​ကို ငါ​သ​ဘော​ရှိ၏။-

ငါ​သည် ဝါ​ကြွား​တတ်​သော သူ​ရူး​ဖြစ်​သ​လော။ ထို​သို့​ဖြစ်​လျှင်၊ သင်​တို့​သည် ငါ့​ကို အ​နိုင်​အ​ထက်​ဖြစ်​စေ​ကြ​ပြီ။ အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ သင်​တို့​ချီး​မွမ်း​ခြင်း​ကို ငါ​ခံ​သင့်၏။ ငါ​သည် ဘာ​မျှ​မ​ဟုတ်​သော်​လည်း၊ အ​ကြီး​ဆုံး​သော တ​မန်​တော်​အောက် အ​လျှင်း​မ​ယုတ်​မ​ညံ့။-

သို့​ဖြစ်​လျှင်၊ ယ​ခု​မှ​စ၍ ငါ​တို့​သည် ဇာ​တိ​အ​မျိုး​ကို​ထောက်၍ အ​ဘယ်​သူ​ကို​မျှ မ​သိ​မ​မှတ်။ ဇာ​တိ​အ​မျိုး​ကို​ထောက်၍ ခ​ရစ်​တော်​ကို အ​ထက်​က သိ​မှတ်​သော်​လည်း၊ ယ​ခု​မှ​စ၍ ထို​သို့​သော​သိ​မှတ်​ခြင်း မ​ရှိ။

ထို​နောက် သုံး​နှစ်​လွန်​ပြီး​မှ ပေ​တ​ရု​ကို အ​ကျွမ်း​ဝင်​လို​သော​ငှာ၊ ယေ​ရု​ရှ​လင်​မြို့​သို့​သွား၍ သူ​နှင့်​အ​တူ တစ်​ဆယ်​ငါး​ရက်​နေ၏။-

သူ​တို့​သည် မှန်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့်​အ​ညီ ဖြောင့်​မတ်​စွာ မကျင့်​ကြောင်း​ကို ငါ​သည်​မြင်​လျှင်၊ ထို​သူ​အ​ပေါင်း​တို့​ရှေ့​မှာ ပေ​တ​ရု​အား ငါ​ဆို​သည်​ကား၊ သင်​သည် ယု​ဒ​လူ​ဖြစ်​လျက်​ပင် ယု​ဒ​ထုံး​စံ​အ​တိုင်း​မ​ကျင့်​ဘဲ၊ တစ်​ပါး​အ​မျိုး၏​ထုံး​စံ​အ​တိုင်း ကျင့်​လျှင်၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် ယု​ဒ​ထုံး​စံ​အ​တိုင်း ကျင့်​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့် သူ​တို့​ကို အ​နိုင်​အ​ထက်​ပြု​သ​နည်း။

မှန်​သော​ဧ​ဝံ​ဂေ​လိ​တ​ရား​သည် သင်​တို့၌ တည်​နေ​မည်​အ​ကြောင်း၊ ငါ​တို့​သည် ထို​သူ​တို့​စီ​ရင်​ခြင်း​ကို ခ​ဏ​မျှ ဝန်​မ​ခံ​ကြ။-

အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော​သူ​တို့​တွင် ပေ​တ​ရု​ကို တ​မန်​တော်​ဖြစ်​စေ​ခြင်း​ငှာ၊ ပေ​တ​ရု၌ ပြု​ပြင်​တော်​မူ​သော​သူ​သည်၊ တစ်​ပါး​အ​မျိုး​သား​တို့​တွင် ငါ့​ကို တ​မန်​တော်​ဖြစ်​စေ​ခြင်း​ငှာ ငါ၌​လည်း ပြု​ပြင်​တော်​မူ​သည်​ဖြစ်၍၊ အ​ရေ​ဖျား​လှီး​ခြင်း​နှင့် စပ်​ဆိုင်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ပေ​တ​ရု၌ အပ်​တော်​မူ​သည်​နည်း​တူ၊ အ​ရေ​ဖျား​လှီး​ခြင်း​နှင့် မ​စပ်​ဆိုင်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ငါ၌ အပ်​တော်​မူ​ကြောင်း​ကို သူ​တို့​သည် သိ​မြင်​ကြ၏။-

အ​မှီ​တံ​ကဲ​ဖြစ်​သော​ယာ​ကုပ်၊ ကေ​ဖ၊ ယော​ဟန် တို့​သည်​လည်း၊ ငါ​ရ​သော​ကျေး​ဇူး​တော်​ကို သိ​ကြ​သော​အ​ခါ၊ မိ​မိ​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော သူ​တို့​ဆီ​သို့ သွား​မည်​အ​ကြောင်း​နှင့်၊ ငါ​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​ဆီ​သို့ သွား​မည်​အ​ကြောင်း၊ လက်​ယာ​လက်​ခံ​ခြင်း​ကို ဗာ​န​ဗ​နှင့် ငါ့​အား ပေး​ကြ၏။-

ကြွင်း​သော​သူ​တို့​သည် ကြောက်​စေ​ခြင်း​ငှာ အ​ပြစ်​ရှိ​သော သူ​တို့​ကို လူ​အ​ပေါင်း​တို့​ရှေ့​မှာ အ​ပြစ်​တင်၍ ဆုံး​မ​လော့။-

ငါ​တို့​ရှိ​သ​မျှ​သည် အ​များ​သော​အား​ဖြင့် မှား​တတ်​ကြ၏။ စ​ကား​အား​ဖြင့် မှား​ခြင်း​မ​ရှိ​သော​သူ​မည်​သည်​ကား၊ စုံ​လင်​သော​သူ​ဖြစ်၏။ မိ​မိ​ကိုယ်​တစ်​ကိုယ်​လုံး​ကို ချုပ်​တည်း​နိုင်​သော​သူ ဖြစ်၏။-

ချစ်​သူ​တို့၊ အ​ညီ​အ​မျှ​ဆက်​ဆံ​သော ကယ်​တင်​ခြင်း​အ​ကြောင်း​အ​ရာ​ကို သင်​တို့​ထံ​သို့​ရေး၍ ပေး​လိုက်​ခြင်း​ငှာ ငါ​သည် အ​လွန်​ကြိုး​စား​သည်​တွင်၊ သန့်​ရှင်း​သူ​တို့၌ အ​ထက်​က​အပ်​ပေး​ခဲ့​ပြီး​သော ယုံ​ကြည်​ခြင်း တ​ရား​ဘက်​မှာ သင်​တို့​သည် ကြိုး​စား၍​တိုက်​လှန်​စေ​ခြင်း​ငှာ နှိုး​ဆော်​သွေး​ဆောင်၍ ရေး​လိုက်​ရ​သော​အ​ကြောင်း ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ