Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကော​လော​သဲ 4:18

Judson Bible

ငါ​ပေါ​လု​သည် သင်​တို့​အား နှုတ်​ဆက်​သော​အ​ချက်​ကို ကိုယ်​လက်​ဖြင့် ရေး​ထား၏။ ငါ​ခံ​ရ​သော ချည်​နှောင်​ခြင်း​ကို အောက်​မေ့​ကြ​လော့။ သင်​တို့၌ ကျေး​ဇူး​တော်​ရှိ​စေ​သ​တည်း ။ အာ​မင်။ ကော​လော​သဲ​ဩ​ဝါ​ဒ​စာ​ပြီး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ငြိမ်​သက်​ခြင်း​အ​ရှင် ဘု​ရား​သ​ခင်​သည် မ​ကြာ​မ​မြင့်​မီ စာ​တန်​ကို သင်​တို့​ခြေ​အောက်၌ နှိပ်​စက်​တော်​မူ​မည်။ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။-

ဤ​စာ​ကို​ရေး​သော ကျွန်ုပ်​တေ​ရ​တိ​သည် သ​ခင်​ဘု​ရား​ကို ထောက်၍ သင်​တို့​ကို နှုတ်​ဆက်​ပါ၏။-

ငါ့​ကို​လည်း​ကောင်း၊ သင်း​ဝင်​သူ အ​ပေါင်း​တို့​ကို​လည်း​ကောင်း လက်​ခံ၍ ဧည့်​သည်​ဝတ်​ပြု​တတ်​သော ဂါ​ယု၊ မြို့​စာ​ရေး ဧ​ရ​တ္တု၊ သင်​တို့​ညီ ကွာ​တု​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။-

ငါ​ပေါ​လု​သည် နှုတ်​ဆက်​ခြင်း​အ​ချက်​ကို ကိုယ်​လက်​နှင့် ရေး​ထား၏။-

သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ မေ​တ္တာ​တော်​လည်း​ကောင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ မိတ်​သ​ဟာ​ယ​တော်​လည်း​ကောင်း၊ သင်​တို့​အ​ပေါင်း၌ ရှိ​စေ​သ​တည်း။ အာ​မင်။ ကော​ရိ​န္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး၏။

ရှိ​သ​မျှ​သော​သင်​တို့၏ အ​မှု​အ​ရာ၌ ဤ​သို့ ငါ​ယူ​အပ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​ခံ​ရ​သော ကျေး​ဇူး​တော်​ကို သင်​တို့​အ​ပေါင်း​သည် ဆက်​ဆံ​ကြ​သည်​ဖြစ်၍၊ ငါ​သည် အ​ကျဉ်း​ခံ​ရ​သော်​လည်း​ကောင်း၊ ဧ​ဝံ​ဂ​လိ​တ​ရား​ဘက်၌ သက်​သေ​ခံ၍ ထို​တ​ရား​ကို တည်​စေ​သော်​လည်း​ကောင်း၊ သင်​တို့​ကို အောက်​မေ့၏။-

ငါ​သည် ခ​ရစ်​တော်၏ နက်​နဲ​သော​အ​ရာ​ကြောင့် အ​ချည်​အ​နှောင်​ခံ​ရ​သည်​ဖြစ်၍။-

ငါ​ပေါ​လု​သည် သင်​တို့​ကို နှုတ်​ဆက်​ခြင်း အ​ချက်​ကို ကိုယ်​လက်​နှင့် ရေး​ထား၏။ ဤ​သို့ ရေး​ထား​လေ့​ရှိ၍၊ ငါ​ရေး​သ​မျှ​သော ဩ​ဝါ​ဒ၏ လက္ခ​ဏာ​ဖြစ်၏။-

ထို​သိ​ပ္ပံ​အ​တတ်​ကို လူ​အ​ချို့​တို့​သည် ဝန်​ခံ​ပြု​စု​သော​အား​ဖြင့်၊ ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ လွဲ​ကြ​ပြီ။ သင်၌​ကျေး​ဇူး​တော် ရှိ​စေ​သ​တည်း။ အာ​မင်။ တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ပြီး၏။

ထို​ကြောင့်၊ ငါ​တို့​သ​ခင်​ဘု​ရား၏ သက်​သေ​ကို​လည်း​ကောင်း၊ ထို​သ​ခင်​ကြောင့် အ​ကျဉ်း​ခံ​ရ​သော​သူ​ဖြစ်​သော ငါ​ကို​လည်း​ကောင်း ရှက်​ကြောက်​ခြင်း​မ​ရှိ​နှင့်။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော တန်​ခိုး​ကို​ရ​သည်​အ​တိုင်း ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့် ဆက်​ဆံ၍ ဆင်း​ရဲ​ဒု​က္ခ​ကို​ခံ​လော့။-

သ​ခင်​ယေ​ရှု​ခ​ရစ်​သည် သင်၏​စိတ်​ဝိ​ညာဉ်​နှင့် အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။ သင်၌ ကျေး​ဇူး​တော်​ရှိ​စေ​သ​တည်း။ အာ​မင်။ တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး၏။

ငါ့​ထံ​မှာ​ရှိ​သော​သူ​အ​ပေါင်း​တို့​သည် သင့်​ကို နှုတ်​ဆက်​ကြ၏။ ယုံ​ကြည်​ခြင်း​နှင့်​တ​ကွ ငါ​တို့​ကို ချစ်​သော​သူ​များ​ကို နှုတ်​ဆက်​လော့။ သင်​တို့​အ​ပေါင်း၌ ကျေး​ဇူး​တော်​ရှိ​စေ​သ​တည်း။ အာ​မင်။ တိ​တု​ဩ​ဝါ​ဒ​စာ​ပြီး၏။

သင်​တို့​အ​ပေါင်း၌ ကျေး​ဇူး​တော်​ရှိ​စေ​သ​တည်း။ အာ​မင်။ ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ​ပြီး၏။

အ​ကျဉ်း​ခံ​ရ​သော သူ​တို့​နှင့်​အ​တူ ကိုယ်​ခံ​ရ​သ​ကဲ့​သို့ မှတ်၍၊ သူ​တို့​ကို အောက်​မေ့​ကြ​လော့။ သင်​တို့​သည် ကိုယ်​ခ​န္ဓာ​နှင့် မ​ကင်း​လွတ်​သော​သူ​ဖြစ်၍၊ ညှဉ်း​ဆဲ​ခံ​ရ​သော​သူ​တို့​ကို အောက်​မေ့​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ