Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကော​လော​သဲ 3:23

Judson Bible

လူ၏​အ​မှု​ကို​သာ ဆောင်​ရွက်​သ​ကဲ့​သို့​မ​ဟုတ်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ဆောင်​ရွက်​သ​ကဲ့​သို့၊ ပြု​လေ​သ​မျှ​တို့၌ စေ​တ​နာ​စိတ်​နှင့် ပြု​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

မိ​မိ​ဘု​ရား​သ​ခင်​ကို ဆည်း​ကပ်​လျက်၊ ဗိ​မာန်​တော်၊ တ​ရား​တော်၊ ပ​ညတ်​တော်​တို့​အ​ဖို့ အ​မှု​စောင့်​စ​ပြု​လေ​ရာ​ရာ၌ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ပြု၍ အ​ကြံ​ထ​မြောက်​တတ်၏။

အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ ငါ၏​အ​ထဲ​မှာ​ရှိ​သ​မျှ​တို့၊ သန့်​ရှင်း​သော​နာ​မ​တော်​ကို ကောင်း​ချီး​ပေး​ကြ​လော့။

အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ရှာ​ပါ၏။ ပ​ညတ်​တော်​လမ်း​မှ လွဲ​စေ​တော်​မ​မူ​ပါ​နှင့်။

အ​ကျွန်ုပ်​သည် စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​အော်​ဟစ်​ပါ​၏။ အို​ထာ​ဝ​ရ​ဘု​ရား နား​ထောင်​တော်​မူ​ပါ။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို စောင့်​ပါ​မည်။

ဉာဏ်​ကို ပေး​တော်​မူ​ပါ။ တ​ရား​တော်​ကို စောင့်​ပါ​မည်။ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​စောင့်​ပါ​မည်။

ဆောင်​ရွက်​စ​ရာ​အ​မှု​ရှိ​သ​မျှ​ကို ကြိုး​စား​အား​ထုတ်၍ ဆောင်​ရွက်​လော့။ အ​ကြောင်း​မူ​ကား၊ သင်​ယ​ခု​သွား၍ ရောက်​ရ​လ​တ္တံ့​သော​အ​ရပ်​တည်း​ဟူ​သော မ​ရ​ဏ​နိုင်​ငံ၌ လုပ်​ဆောင်​ခြင်း​မ​ရှိ။ ကြံ​စည်​ခြင်း​မ​ရှိ။ သိ​ပ္ပံ​အ​တတ်​မ​ရှိ။ ပ​ညာ​မ​ရှိ​ပါ​တ​ကား။

ထို​မျှ​လောက်​အ​ပြစ်​ရှိ​သော်​လည်း၊ သ​စ္စာ​ပျက်​သော​ညီ​မ​ယု​ဒ​သည် ငါ့​ထံ​သို့ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ပြန်၍​မ​လာ။ ပြန်​လာ​ဟန်​ဆောင်​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်​တို့​သည် အ​စာ​ရှောင်​ခြင်း​အ​ကျင့်​ကို ကျင့်​သော​အ​ခါ လျှို့​ဝှက်​သော​သူ​တို့​နည်း​တူ မျက်​နှာ​ညှိုး​ငယ်​ခြင်း မ​ရှိ​ကြ​နှင့်။ ထို​သူ​တို့​သည် မိ​မိ​တို့​အ​စာ​ရှောင်​သည်​ကို လူ​များ​တို့​ရှေ့​မှာ ထင်​ရှား​စေ​ခြင်း​ငှာ မိ​မိ​တို့​မျက်​နှာ​ကို ဖျက်​တတ်​ကြ၏။-

နေ့​ရက်​ကို​စောင့်​သော​သူ​သည် သ​ခင်​ဘု​ရား​ကို ထောက်၍ စောင့်၏။ နေ့​ရက်​ကို မ​စောင့်​သော​သူ​သည်​လည်း၊ သ​ခင်​ဘု​ရား​ကို ထောက်၍ မ​စောင့်​ဘဲ​နေ၏။ စား​သော​သူ​သည် သ​ခင်​ဘု​ရား​ကို ထောက်​သော​စိတ်​နှင့် စား၍ ကျေး​ဇူး​တော်​ရှိ​သည်​ဟု ဝန်​ခံ၏။ မ​စား​သော​သူ​သည်​လည်း၊ သ​ခင်​ဘု​ရား​ကို ထောက်​သော​စိတ်​နှင့် မ​စား​ဘဲ​နေ၍၊ ကျေး​ဇူး​တော်​ရှိ​သည်​ဟု ဝန်​ခံ၏။-

အ​သက်​ရှင်​လျှင်၊ သ​ခင်​ဘု​ရား​အ​ဖို့​အ​လို​ငှာ ရှင်၏။ သေ​လျှင်​လည်း၊ သ​ခင်​ဘု​ရား​အ​ဖို့​အ​လို​ငှာ သေ၏။ ထို​ကြောင့် အ​သင်​ရှင်​သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ၊ သ​ခင်​ဘု​ရား​ဆိုင်​တော်​မူ၏။-

အ​ချင်း​မိန်း​မ​တို့၊ သ​ခင်​ဘု​ရား၏ အုပ်​စိုး​တော်​မူ​ခြင်း​ကို ဝန်​ခံ​သ​ကဲ့​သို့၊ ကိုယ်​ခင်​ပွန်း၏​အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။-

စ​ကား​ပြော​သော်​လည်း​ကောင်း၊ အ​မှု​ဆောင်​ရွက်​သော်​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကို​ထောက်၍ ခပ်​သိမ်း​သော​အ​မှု​တို့​ကို ပြု​မူ​လျက်၊ ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏​ဟု ထို​သ​ခင်​ကို အ​မှီ​ပြု၍ ခ​မည်း​တော်​ဘု​ရား​သ​ခင့်​ရှေ့၌ ဝန်​ခံ​ကြ​လော့။

သင်​တို့​သည် ဖောက်​ပြန်​ပျက်​စီး​တတ်​သော မျိုး​စေ့​အား​ဖြင့် ဖြစ်​ဖွား​သည်​မ​ဟုတ်၊-

သ​ခင်​ဘု​ရား၏​မျက်​နှာ​တော်​ကို ထောက်​လျက်၊ အ​ထွတ်​အ​မြတ်​တည်း​ဟူ​သော ရှင်​ဘု​ရင်​ဖြစ်​စေ၊ လူ​ဆိုး​တို့​ကို ဒဏ်​စီ​ရင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လူ​ကောင်း​တို့​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​အား​ဖြင့် လူ​မိုက်​တို့၏ မိုက်​မဲ​သော​စ​ကား​ကို ချေ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် ထို​သို့​သော အ​လို​တော်​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ