Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကော​လော​သဲ 3:20

Judson Bible

သား​သ​မီး​တို့၊ မိ​ဘ​စ​ကား​ကို အ​ရာ​ရာ၌ နား​ထောင်​ကြ​လော့။ မိ​ဘ​စ​ကား​ကို နား​ထောင်​ခြင်း​အ​မှု​သည် သ​ခင်​ဘု​ရား နှစ်​သက်​တော်​မူ​သော အ​မှု​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်​သည်​မိ​ဘ​စ​ကား​ကို နား​ထောင်၍၊ ပါ​ဒ​နာ​ရံ​ပြည်​သို့​သွား​ကြောင်း​ကို​လည်း​ကောင်း၊

သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သင်၏​အ​သက်​တာ ရှည်​မည်​အ​ကြောင်း၊ သင်၏​မိ​ဘ​ကို​ရို​သေ​စွာ​ပြု​လော့။

အ​ကြင်​သူ​သည် မိ​ဘ​ကို​ကျိန်​ဆဲ၏။ ထို​သူ၏​မီး​ခွက်​သည် ထူ​ထပ်​သော မှောင်​မိုက်၌ သေ​လိမ့်​မည်။

အ​ဘ​ကို​ကျိန်​ဆဲ၍ အ​မိ​ကို​လည်း ကောင်း​ချီး​မ​ပေး​တတ်​သော လူ​တစ်​မျိုး၊

အ​ဘ​ကို ကျီ​စား​သော​သူ၊ အ​မိ​စ​ကား​ကို နား​မ​ထောင်၊ မ​ထီ​မဲ့​မြင်​ပြု​သော​သူ၏​မျက်​စိ​ကို ချိုင့်၌​ကျင်​လည်​သော ကျီး​အ​တို့​သည် နှိုက်​ကြ​လိမ့်​မည်။ ရွှေ​လင်း​တ သူ​ငယ်​တို့​သည်​လည်း စား​ကြ​လိမ့်​မည်။

ငါ့​သား၊ အ​ဘ၏​ပ​ညတ်​စ​ကား​ကို နား​ထောင်​လော့။ အ​မိ​ပေး​သော တ​ရား​ကို မ​ပယ်​နှင့်။

ထို​ကြောင့်၊ အ​ကျွန်ုပ်​တို့​သည် မ​ယား​သား​သ​မီး​နှင့်​တ​ကွ တစ်​သက်​လုံး စ​ပျစ်​ရည်​ကို​မ​သောက်။

သင့်​အ​လယ်၌ မိ​ဘ​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​ကြ၏။ တစ်​ပါး​အ​မျိုး​သား​တို့​ကို အ​နိုင်​အ​ထက်​ပြု​ကြ၏။ မိ​ဘ​မ​ရှိ​သော​သူ​နှင့် မု​ဆိုး​မ​တို့​ကို ညှဉ်း​ဆဲ​ကြ၏။

လူ​တိုင်း ကိုယ်​မိ​ဘ​ကို​ရို​သေ​ရ​မည်။ ငါ့​ဥ​ပုသ်​နေ့​တို့​ကို​လည်း စောင့်​ရ​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

သား​သည် အ​ဘ​ကို ရို​သေ​တတ်၏။ ကျွန်​သည် သ​ခင်​ကို ကြောက်​ရွံ့​တတ်၏။ ငါ​သည် အ​ဘ​မှန်​လျှင်၊ ငါ့​ကို အ​ဘယ်​သူ ရို​သေ​သ​နည်း။ သ​ခင်​မှန်​လျှင်၊ အ​ဘယ်​သူ​ကြောက်​ရွံ့​သ​နည်း​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် နာ​မ​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​သော ယဇ်​ပု​ရော​ဟိတ်​တို့​အား မေး​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် နာ​မ​တော်​ကို အ​ဘယ်​သို့ မ​ထီ​မဲ့​မြင်​ပြု​ပါ​သ​နည်း​ဟု သင်​တို့​မေး​ရာ​တွင်၊

မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​လော့​ဟု မိန့်​တော်​မူ၏။-

အ​သင်း​တော်​သည် ခ​ရစ်​တော်၏ အုပ်​စိုး​တော်​မူ​ခြင်း​ကို ဝန်​ခံ​သ​ကဲ့​သို့၊ မိန်း​မ​တို့​လည်း ကိုယ်​ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို အ​ရာ​ရာ၌ ဝန်​ခံ​ရ​ကြ​မည်။-

မိ​ဘ​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု​ဝန်​ခံ​ရ​ကြ​မည်။

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သင်​သည် အ​သက်​တာ​ရှည်၍ ကောင်း​စား​ရ​မည်​အ​ကြောင်း၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သင်၏​မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။

ယ​ခု​အ​ခါ အ​ရာ​ရာ၌ ငါ​ရ​တတ်၏။ ဥ​စ္စာ ကြွယ်​ဝ၏။ မွှေး​ကြိုင်​သော​အ​နံ့​နှင့် ပြည့်​စုံ၍၊ ဘု​ရား​သ​ခင် နှစ်​သက်​အား​ရ​တော်​မူ​သော ယဇ်​တည်း​ဟူ​သော သင်​တို့ ပေး​လိုက်​သော​အ​ရာ​တို့​ကို ဧ​ပ​ဖြော​ဒိတ်​လက်​မှ ငါ​ခံ​ရ​သည်​ဖြစ်၍ ကြွယ်​ဝ​လျက်​ရှိ၏။-

အ​စေ​ခံ​ကျွန်​တို့၊ သ​ခင်​ဘု​ရား​ကို ကြောက်​ရွံ့​လျက်၊ လူတို့၏​စိတ်​ကို နူး​ညွတ်​စေ​သော​သူ​ကဲ့​သို့၊ မျက်​မှောက်၌​သာ နား​ထောင်​သည်​မ​ဟုတ်၊ စိတ်​နှစ်​ခွ​မ​ရှိ​ဘဲ၊ လော​ကီ​သ​ခင်၏​စ​ကား​ကို အ​ရာ​ရာ၌ နား​ထောင်​ကြ​လော့။-

အ​စေ​ခံ​ကျွန်​တို့​သည်၊ ငါ​တို့​ကို ကယ်​တင်​တော်​မူ​သော အ​ရှင်​ဘု​ရား​သ​ခင်၏ ဩ​ဝါ​ဒ​ကို အ​ရာ​ရာ၌ တန်​ဆာ​ဆင်​ခြင်း​ငှာ၊ မိ​မိ​တို့​သ​ခင်၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ၍၊ ငြင်း​ခုံ​ခြင်း​မ​ရှိ​ဘဲ၊ အ​ရာ​ရာ၌ သ​ခင်၏​အ​လို​သို့ လိုက်​မည်​အ​ကြောင်း​နှင့်၊-

မိ​မိ​နှစ်​သက်​တော်​မူ​သော အ​မှု​အ​ရာ​ကို ယေ​ရှု​ခ​ရစ်​အား​ဖြင့် သင်​တို့၌​ပြု​တော်​မူ၍၊ သင်​တို့​သည် အ​လို​တော်​သို့ လိုက်​မည်​အ​ကြောင်း၊ ကောင်း​သော​အ​ကျင့် အ​မျိုး​မျိုး၌ သင်​တို့​ကို ပြု​ပြင်​တော်​မူ​ပါ​စေ​သော။ ထို​သ​ခင် ယေ​ရှု​ခ​ရစ်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။

ရု​သ​က၊ မိ​ခင်​မှာ​ထား​သ​မျှ​တို့​ကို ပြု​ပါ​မည်​ဟု ဝန်​ခံ​လျက်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ