Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကော​လော​သဲ 2:23

Judson Bible

ထို​သို့​သော ပ​ညတ်​တို့​သည် ကိုယ်​အ​သား​ကို ဝ​ပြော​စွာ ကျွေး​မွေး​ခြင်း​နှင့်​မ​ဆိုင်၊ ကိုယ်​အ​လို​အ​လျောက် ကိုး​ကွယ်​ခြင်း၊ စိတ်​နှိမ့်​ချ​ခြင်း၊ ကိုယ်​ကာ​ယ​ကို နှိပ်​စက်​ခြင်း​နှင့်​ဆိုင်၍၊ ပ​ညာ​ရှိ​ယောင်​ဆောင်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယူ​တင်​ဝတ်​ဆောင်​ကြ​လော့။ ကိုယ်​ကာ​ယ၏​တပ်​မက်​ခြင်း​အ​လို​ငှာ မ​ကြံ​စည်​ကြ​နှင့်။

ကိုယ်​အ​သား​ကို မုန်း​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ခ​ရစ်​တော်​သည် အ​သင်း​တော်​ကို ကျွေး​မွေး​ပြု​စု​တော်​မူ သ​ကဲ့​သို့၊ ခပ်​သိမ်း​သော​သူ​တို့​သည် မိ​မိ​တို့​အ​သား​ကို ကျွေး​မွေး​ပြု​စု​တတ်​ကြ၏။-

ဦး​ခေါင်း​တော်​ကို အ​မှီ​မ​ပြု၊ ဇာ​တိ​ပ​က​တိ၏ စိတ်​နှ​လုံး အ​ချည်း​နှီး​ထောင်​လွှား​လျက်၊ မိ​မိ​မ​သိ​မ​မြင်​သော​အ​ရာ​ကို စူး​စမ်း​လျက်၊ စိတ်​နှိမ့်​ချ​ခြင်း၌​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန်​ကို ကိုး​ကွယ်​ခြင်း၌​လည်း​ကောင်း မွေ့​လျော်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ သင်​တို့​ဆု​ကို မ​လု​မ​ယူ​စေ​နှင့်။-

လူ​တို့၏ ပ​ညတ်​ဩ​ဝါ​ဒ​အ​တိုင်း စောင့်​ရှောက်​သော ထို​ပ​ညတ်​ရှိ​သ​မျှ​တို့​သည် ပုပ်​ပျက်​စေ​ခြင်း​အ​ကြောင်း ဖြစ်​ကြ၏။-

ခ​ရစ်​တော်၏​တ​ရား​ကို မ​လိုက်၊ လူ​အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​နှင့် လော​ကီ​တ​ရား​နု​ကို လိုက်၍၊ လော​ကီ​ပ​ညာ​နှင့် အ​ချည်း​နှီး​သော ပ​ရိ​ယာယ်​အား​ဖြင့် သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​လု​ယူ​မ​ဖျက်​ဆီး စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။-

မင်္ဂ​လာ​ဆောင်​ခြင်း​အ​မှု​ကို မ​ပြု​ရ​ဟူ၍​လည်း​ကောင်း၊ ယုံ​ကြည်၍ သ​မ္မာ​တ​ရား​ကို သိ​သော​သူ​တို့​သည် ကျေး​ဇူး​တော်​ကို သိ​သော​စိတ်​နှင့်​တ​ကွ သုံး​ဖို့​ရာ၊ ဘု​ရား​သ​ခင် ဖန်​ဆင်း​တော်​မူ​သော အ​စာ​မျိုး​ကို ရှောင်​ရ​မည်​ဟူ၍​လည်း​ကောင်း ပ​ညတ်​ထား​ကြ​လိမ့်​မည်။-

ကိုယ်​ကာ​ယ​ကို​ဆုံး​မ​ခြင်း​သည် များ​စွာ​သော အ​ကျိုး​ကို မ​ပေး​တတ်။ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​မူ​ကား၊ ယ​ခု​ဘ​ဝ၊ နောင်​ဘ​ဝ​နှင့် စပ်​ဆိုင်​သော​က​တိ​တော်​ကို ရ​သည်​ဖြစ်၍၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ