Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကော​လော​သဲ 1:18

Judson Bible

အ​သင်း​တော်​တည်း​ဟူ​သော ကိုယ်၏​ဦး​ခေါင်း ဖြစ်​တော်​မူ၏။ အ​ရာ​ရာ၌ ထူး​မြတ်​ခြင်း​ငှာ မူ​လ​အ​ရင်း​ဖြစ်၍၊ သေ​သော​သူ​တို့​တွင် သား​ဦး​ဖြစ်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

36 ပူးပေါင်းရင်းမြစ်များ  

အ​ကယ်​စင်​စစ် သူ့​ကို သား​ဦး​အ​ရာ၌ ခန့်​ထား၍၊ လော​ကီ​ရှင်​ဘု​ရင်​တို့​အ​ပေါ်​မှာ ချီး​မြှောက်​မည်။

ငါ​ချစ်​ရာ​သ​ခင်​သည် ဖြူ​သော​အ​ဆင်း၊ နီ​သော​အ​ဆင်း​နှင့် ပြည့်​စုံ၍၊ လူ​တစ်​သောင်း​တို့​တွင် အ​ထွတ်​အ​မြတ် ဖြစ်​တော်​မူ၏။

ကြည့်​ရှု​လော့။ ငါ့​ကျွန်​သည် အ​မှု​ဆောင်၍ အောင်​လိမ့်​မည်။ ချီး​မြှောက်​ချီး​မြှင့်​ခြင်း​သို့ ရောက်၍၊ အထွတ်​အ​မြတ် ဖြစ်​လိမ့်​မည်။

သင်​တို့​မူ​ကား အ​ရှင်​ဘု​ရား​ဟု ခေါ်​ဝေါ်​ခြင်း​ကို မ​ခံ​ကြ​နှင့်။ ခ​ရစ်​တော်​တည်း​ဟူ​သော သင်​တို့​ဥ​ပ​ဇ္ဈာယ်​ဆ​ရာ တစ်​ပါး​တည်း​ရှိ၏။ သင်​တို့​အ​ပေါင်း​သည် ညီ​အစ်​ကို​ချင်း ဖြစ်​ကြ၏။-

ယေ​ရှု​သည် အ​နီး​အ​ပါး​သို့ ချဉ်း​တော်​မူ​ပြီး​လျှင်၊ ကောင်း​ကင်​ဘုံ၌​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်၌​လည်း​ကောင်း၊ စီ​ရင်​ပိုင်​သော အ​ခွင့်​တန်​ခိုး​ရှိ​သ​မျှ​တို့​ကို ငါ​ခံ​ရ​ပြီ။-

အ​စ​အ​ဦး​၌ နှုတ်​က​ပတ်​တော်​ရှိ၏။ နှုတ်​က​ပတ်​တော်​သည် ဘု​ရား​သ​ခင်​နှင့်​အ​တူ ရှိ၏။ နှုတ်​က​ပတ်​တော်​သည်​လည်း ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။-

ထို​သူ၏​ပြည့်​စုံ​ခြင်း​မှ​လည်း ကျေး​ဇူး​တစ်​ပါး၌ ထပ်​ဆင့်၍ ကျေး​ဇူး​တစ်​ပါး​ကို ငါ​တို့​ရှိ​သ​မျှ​သည်​ခံ​ရ​ကြ​ပြီ။-

ထို​သူ​သည် ငါ့​နောက်​ကြွ​လာ​သော်​လည်း ငါ့​ထက်​သာ၍​ကြီး​မြတ်၏။ ထို​သူ၏​ခြေ​နင်း​တော်​ကြိုး​ကို​မျှ ဖြည်​ခြင်း​ငှာ ငါ​မ​ထိုက်​ဟု ပြန်​ပြော၏။-

ယ​ခု​တိုင်​အောင် ရှိ​နေ​ရ​ပါ၏။ ခ​ရစ်​တော်​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်​ဟူ၍​လည်း​ကောင်း၊ သေ​ခြင်း​မှ အ​ဦး​ဆုံး​ထ​မြောက်၍ ယု​ဒ​အ​မျိုး​သား၊ တစ်​ပါး​အ​မျိုး​သား​တို့​အား အ​လင်း​ကို​ပေး​မည်​ဟူ၍​လည်း​ကောင်း၊ မော​ရှေ​မှ​စ​သော ပ​ရော​ဖက်​များ​တို့ ဟော​ပြော​သော​စ​ကား​ထက် အ​ကျွန်ုပ်​သည် မ​လွန်​ဘဲ၊ လူ​အ​ကြီး​အ​ငယ်​တို့​အား သက်​သေ​ခံ၍ နေ​ပါ​သည်​ဟု လျှောက်​လေ၏။

ဘု​ရား​သ​ခင်၏​သား​တော်​သည် အ​များ​သော​ညီ​တို့​တွင် သား​ဦး​ဖြစ်​တော်​မူ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ရှေ့​မ​ဆွ​က​သိ​တော်​မူ​သော သူ​တို့​ကို သား​တော်၏​ပုံ​သ​ဏ္ဌာန်​နှင့် တ​ညီ​တည်း​ဖြစ်​စေ​ခြင်း​ငှာ ရှေ့​မ​ဆွ​က ခွဲ​ခန့်​မှတ်​သား​တော်​မူ၏။-

ယောက်ျား၏​ခေါင်း​ကား ခ​ရစ်​တော်​ဖြစ်​သည်​ကို​လည်း​ကောင်း၊ မိန်း​မ၏​ခေါင်း​ကား ယောက်ျား​ဖြစ်​သည်​ကို​လည်း​ကောင်း၊ ခ​ရစ်​တော်၏​ခေါင်း​ကား ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ သင်​တို့ သိ​မှတ်​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။-

သင်​တို့​သည် ခ​ရစ်​တော်၏​ကိုယ်​ဖြစ်​ကြ၏။ အ​သီး​အ​သီး အင်္ဂါ​တော်​ဖြစ်​ကြ၏။-

ခ​ရစ်​တော်​သည် ရန်​သူ​အ​ပေါင်း​တို့​ကို ခြေ​ဖ​ဝါး​တော်​အောက်၌ ချ​ထား​တော်​မ​မူ​မီ​တိုင်​အောင် အုပ်​စိုး​တော်​မူ​ရ​မည်။-

ထို​နက်​နဲ​သော​အ​ရာ​ဟူ​မူ​ကား၊ ကာ​လ​အ​ချိန်​စေ့​စုံ​ခြင်း၏ သာ​သ​နာ​တွင် ကောင်း​ကင်​ပေါ်၊ မြေ​ကြီး​ပေါ်​မှာ ရှိ​ရှိ​သ​မျှ​တို့​ကို​ပေါင်း၍ ခ​ရစ်​တော်၌ ချုပ်​ခြာ စေ​တော်​မူ​လိမ့်​သ​တည်း။-

အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည် အ​သင်း​တော်၏​အ​ပေါ်​မှာ ခေါင်း​ဖြစ်​တော်​မူ​သ​ကဲ့​သို့၊ ယောက်ျား​သည် မိ​မိ​ခင်​ပွန်း၏​အ​ပေါ်​မှာ ခေါင်း​ဖြစ်၏။ ခ​ရစ်​တော်​သည်​လည်း မိ​မိ​ကိုယ်​ကို ကယ်​တင်​သော​သူ ဖြစ်​တော်​မူ၏။-

ငါ​ပေါ​လု​သည် ထို​တ​ရား​ကို ဟော​သော​ဆ​ရာ​ဖြစ်​သည်​နှင့် သင်​တို့​အ​ဖို့​အ​လို​ငှာ ဆင်း​ရဲ​ခံ​ခြင်း၌ ယ​ခု​ဝမ်း​မြောက်၍၊ ခ​ရစ်​တော်၏ ဆင်း​ရဲ​ဒု​က္ခ​အ​ကြွင်း​အ​ကျန်​ကို အ​သင်း​တော်​တည်း​ဟူ​သော ကိုယ်​တော်​အ​ဖို့ အ​လို​ငှာ ငါ့​ကိုယ်​ခ​န္ဓာ၌ ပြည့်​စုံ​စေ၏။-

ဦး​ခေါင်း​တော်​မှ တစ်​ကိုယ်​လုံး​သည် အ​ဆစ်​အ​ပိုင်း အ​ထုံး​အ​ဖွဲ့​များ​အား​ဖြင့်၊ အား​ဖြည့်၍ ထုံး​ဖွဲ့​လျက်၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ ကြီး​ပွား​တတ်၏။

ရှေ့​ဦး​စွာ​က​ပင်​ဖြစ်၍၊ ငါ​တို့​သည် ကိုယ်​တိုင်​ကြား​လျက်၊ ကိုယ်​မျက်​စိ​နှင့်​မြင်​လျက်၊ စေ့​စေ့​ကြည့်​ရှု၍ လက်​နှင့် စမ်း​သပ်​ခဲ့​ပြီး​သော အ​ရာ​တည်း​ဟူ​သော အ​သက်​ရှင်​သော နှုတ်​က​ပတ်​တော်​နှင့်​ဆိုင်​သော​အ​ရာ​ကို သင်​တို့​အား ပြ​သ​ကြ၏။-

အ​သက်​ရှင်​သော​သူ​လည်း ဖြစ်၏။ ငါ​သည် အ​ရင်​သေ​သည် ဖြစ်၍၊ က​မ္ဘာ​အ​ဆက်​ဆက် အ​သက်​နှင့် ပြည့်​စုံ၏။ မ​ရ​ဏ​နှင့် မ​ရ​ဏ​နိုင်​ငံ​ကို​လည်း ငါ​အ​စိုး​ရ၏။-

သ​စ္စာ​စောင့်​သော သက်​သေ​ခံ ဖြစ်​တော်​မူ​ထ​သော၊ သေ​သော​သူ​တို့​တွင် သား​ဦး ဖြစ်​တော်​မူ​ထ​သော၊ လော​ကီ​ဘု​ရင်​တို့၏ အ​ထွတ်​ဖြစ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​အ​ထံ​တော်​က​လည်း​ကောင်း၊ ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌​ရှိ​ပါ​စေ​သော။ ငါ​တို့​ကို​ချစ်၍ မိ​မိ​အ​သွေး​နှင့် ငါ​တို့​အ​ပြစ်​များ​ကို ဆေး​ကြော​တော်​မူ၍၊-

ငါ​သည် အာ​လ​ဖ​ဖြစ်၏။ ဩ​မေ​ဃ​လည်း​ဖြစ်​၏​ဟု အ​န​န္တ​တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ၍၊ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင် မိန့်​တော်​မူ၏။-

သ​တ္တ​မ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ကောင်း​ကင်​ဘုံ၌ ကြီး​သော အ​သံ​တို့​ကား၊ လော​ကီ​နိုင်​ငံ​သည် ငါ​တို့​အ​ရှင်၏ နိုင်​ငံ​ဖြစ်​လေ​ပြီ။ ထို​အ​ရှင်၏ ခ​ရစ်​တော်​နိုင်​ငံ ဖြစ်​လေ​ပြီ။ သူ​သည်​လည်း က​မ္ဘာ​အ​ဆက်​ဆက် စိုး​စံ​တော်​မူ​မည်​ဟု ပြော​ဆို​ကြ၏။-

အ​မှု​ပြီး​ပြီ။ ငါ​သည် အာ​လ​ဖ​ဖြစ်၏။ ဩ​မေ​ဃ​လည်း ဖြစ်၏။ အ​စ​နှင့်​အ​ဆုံး​လည်း ဖြစ်၏။ ရေ​ငတ်​သော​သူ​အား အ​သက်​စမ်း​ရေ​ကို အ​ဖိုး​မ​ယူ​ဘဲ ငါ​ပေး​မည်။-

ငါ​သည် အာ​လ​ဖ​ဖြစ်၏။ ဩ​မေ​ဃ​လည်း​ဖြစ်၏။ အ​ဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော​သူ ဖြစ်၏။ အ​စ​နှင့်​အ​ဆုံး​လည်း ဖြစ်၏။-

လော​ဒိ​ကိ​မြို့၌​ရှိ​သော အ​သင်း​တော်၏​တ​မန်​ကို ဤ​သို့ ရေး၍ မှာ​လိုက်​လော့။ ဘု​ရား​သ​ခင်၏ ဝေ​နေ​ယျ​သ​တ္တ​ဝါ​တို့​အ​ထွတ်၊ သ​စ္စာ​ရှိ၍ ဟုတ်​မှန်​သော သက်​သေ​ခံ၊ အာ​မင်၏ အ​မိန့်​တော်​ကား၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ