Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 9:23

Judson Bible

ရှေ​မ​နှင့် ယာ​ဖက်​တို့​သည် အ​ဝတ်​ကို​ယူ၍ ပ​ခုံး​ပေါ်​မှာ​တင်​ပြီး​လျှင်၊ နောက်​သို့​ဆုတ်​သွား၍ မိ​မိ​အ​ဘ၌၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သည်​ကို ဖုံး​ကြ၏။ သူ​တို့​သည်​ပြင်​သို့​မျက်​နှာ​ပြု​သော​ကြောင့်၊ မိ​မိ​အ​ဘ၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သည်​ကို မ​မြင်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ခါ​နာန်၏ အ​ဘ​ဟာ​မ​သည်၊ မိ​မိ​အ​ဘ၌​အ​ဝတ်​အ​ချည်း​စည်း​ရှိ​သည်​ကို​မြင်​လျှင်၊ ပြင်​မှာ​ရှိ​သော အစ်​ကို​နှစ်​ယောက်​ကို ပြော​လေ၏။

နော​ဧ​သည် ယစ်​မူ​ခြင်း​ပျောက်၍ နိုး​သော​အ​ခါ၊ မိ​မိ၌​သား​ငယ်​ပြု​သည်​ကို​သိ​လျှင်၊

သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သင်၏​အ​သက်​တာ ရှည်​မည်​အ​ကြောင်း၊ သင်၏​မိ​ဘ​ကို​ရို​သေ​စွာ​ပြု​လော့။

ဆံ​ပင်​ဖြူ​သော​သူ​ရှေ့​မှာ ထ​ရ​မည်။ အ​သက်​ကြီး​သော​သူ၏​မျက်​နှာ​ကို ရို​သေ​ရ​မည်။ သင်၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ​ရ​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

ထို​ကြောင့်၊ လူ​အ​သီး​အ​သီး ခံ​ထိုက်​သည်​အ​တိုင်း ပေး​ကြ​လော့။ အ​ခွန်​ကို​ခံ​ထိုက်​သော​သူ​အား အ​ခွန်​ကို​လည်း​ကောင်း၊ အ​ကောက်​ကို ခံ​ထိုက်​သော​သူ​အား အ​ကောက်​ကို လည်း​ကောင်း ပေး​ကြ​လော့။ ကြောက်​ထိုက်​သော​သူ​ကို ကြောက်​ကြ​လော့။ ရို​သေ​ထိုက်​သော​သူ​ကို ရို​သေ​ကြ​လော့။

ညီ​အစ်​ကို​တို့၊ လူ​သည်​သ​တိ​လစ်၍ တစ်​စုံ​တစ်​ခု​သော ဒု​စ​ရိုက်​ကို​ပြု​မိ​လျှင်၊ ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကို ခံ​ရ​သော​သင်​တို့​သည် အ​ပြစ်​သွေး​ဆောင်​ခြင်း​နှင့် ကိုယ်​တိုင်​လွတ်​မည်​အ​ကြောင်း၊ ကိုယ်​ကို​သ​တိ​ပြု​လျက် သိမ်​မွေ့ နူး​ညံ့​သော​သ​ဘော​နှင့် ထို​သို့​သော​သူ​ကို မ​စ၍၊ သူ၏​နေ​ရာ၌ တည်​မြဲ တည်​စေ​ပြန်​ကြ​လော့။-

အ​သက်​ကြီး​သော​သူ​ကို ကျပ်​တည်း​စွာ မ​ဆုံး​မ​နှင့်။ အ​ဘ​ကဲ့​သို့ မှတ်၍ တောင်း​ပန်​လော့။ လူ​ပျို​တို့​ကို ညီ​အစ်​ကို​ကဲ့​သို့​လည်း​ကောင်း၊-

ကောင်း​မွန်​စွာ​အုပ်​သော သင်း​အုပ်​တို့​သည် အ​လှူ​နှစ်​ဆ​ကို ခံ​ထိုက်​သော​သူ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ တ​ရား​ဟော​ခြင်း၊ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ခြင်း​အ​မှု​ကို ကြိုး​စား​အား​ထုတ်​သော​သူ​တို့​သည်၊ အ​လှူ​နှစ်​ဆ​ကို အ​ထူး​သ​ဖြင့် ခံ​ထိုက်​သော​သူ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း မှတ်​ရ​မည်။-

သက်​သေ​ခံ​နှစ်​ဦး​သုံး​ဦး မ​ရှိ​လျှင်၊ သင်း​အုပ်၌ အ​ပြစ်​တင်​သော စ​ကား​ကို နား​မ​ထောင်​နှင့်။-

ခပ်​သိမ်း​သော​သူ​တို့​ကို ရို​သေ​ကြ​လော့။ ညီ​အစ်​ကို​များ​ကို ချစ်​ကြ​လော့။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ခြင်း၊ ရှင်​ဘု​ရင်​ကို ရို​သေ​ခြင်း ရှိ​ကြ​လော့။

အ​ခြား​သော​အ​မှု​အ​ရာ​ထက်​မ​က၊ အ​ချင်း​ချင်း​အား​ကြီး​သော​ချစ်​ခြင်း​မေ​တ္တာ​ရှိ​ကြ​လော့။ ချစ်​ခြင်း​မေ​တ္တာ​သည် များ​စွာ​သော အ​ပြစ်​တို့​ကို ဖုံး​အုပ်​တတ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ