ကမ္ဘာဦး 9:21Judson Bibleစပျစ်ရည်ကိုလည်း သောက်၍ယစ်မူးသဖြင့်၊ မိမိတဲ၌ အဝတ်မခြုံဘဲနေလေ၏။ အခန်းကိုကြည့်ပါ။ |
သူ့အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊ ယစ်မျိုးကို သောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သော အကျင့်ပေတည်း။ ထိုသို့သော အကျင့်ကို ကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြဟု အထက်က ငါပြောနှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြောနှင့်၏။-
သင်သည် ဥစ္စာရတတ်ခြင်းငှာ၊ မီးနှင့်ချွတ်ပြီးသော ရွှေကိုလည်းကောင်း၊ အဝတ်အချည်းစည်းရှိ၍၊ သူတစ်ပါး ရှေ့တွင် မရှက်စေခြင်းငှာ ခြုံစရာဖို့၊ ဖြူသောအဝတ်ကိုလည်းကောင်း ငါ့ထံမှာဝယ်လော့။ သင်၏မျက်စိမြင်စေခြင်းငှာ၊ မျက်စိ၌ မျက်စဉ်းခတ်လော့ဟု သင့်အားငါသည် အကြံပေး၏။-