နောဧသည် လယ်လုပ်သောအတတ်ကို ပြုစု၍၊ စပျစ်ဥယျာဉ်ကို စိုက်လေ၏။
လူသည် မိမိထွက်သောမြေ၌လုပ်ရမည်အကြောင်း၊ ထာဝရအရှင်ဘုရားသခင်သည်၊ ဧဒင်ဥယျာဉ်ထဲက လွှတ်လိုက်တော်မူ၏။
တစ်ဖန် သူ့ညီအာဗေလကို ဖွားမြင်လေ၏။ အာဗေလကား သိုးထိန်းဖြစ်၏။ ကာဣနကား လယ်လုပ်သောသူဖြစ်၏။
ဤသူသည်ကား၊ ထာဝရဘုရားကျိန်တော်မူသောမြေ၌လုပ်၍၊ ပင်ပန်းစွာခံရသောငါတို့အား သက်သာစေသောသူဖြစ်လိမ့်မည်ဟူ၍၊ သူ့ကို နောဧဟူသောအမည်ဖြင့် မှည့်လေ၏။
ဤသူတို့သည် နောဧ၏သားသုံးယောက်ဖြစ်၍ မြေကြီးတစ်ပြင်လုံး၌ နှံ့ပြားကြ၏။
စပျစ်ရည်ကိုလည်း သောက်၍ယစ်မူးသဖြင့်၊ မိမိတဲ၌ အဝတ်မခြုံဘဲနေလေ၏။
ဖြောင့်မတ်သောသူ၏ နှုတ်သည် အသက်ရေတွင်းဖြစ်၏။ မတရားသောသူ၏နှုတ်ကိုကား၊ ညှဉ်းဆဲခြင်းအပြစ်သည် ပိတ်လိမ့်မည်။
မိမိလယ်ယာကို လုပ်သောသူသည် ဝစွာစားရ၏။ အချည်းနှီးသောအမှုကို စောင့်သောသူမူကား၊ ဉာဏ်ချို့တဲ့၏။
ပျင်းရိသောသူ၏လယ်ယာအနားနှင့်၊ ဉာဏ်မရှိသောသူ၏ စပျစ်ဥယျာဉ်အနားမှာ ငါလျှောက်သွားစဉ်၊
မြေကြီးကဖြစ်သော စီးပွားသည် အလုံးစုံတို့အဖို့ ဖြစ်၏။ ရှင်ဘုရင်သော်လည်း၊ လယ်၏ကျေးဇူးကို ခံရ၏။
ငါသည် နေပူကိုခံ၍ မည်းသောအဆင်းရှိသောကြောင့်၊ ငါ့ကို မကြည့်ရှုကြပါနှင့်။ ငါ့မိခင်၏သားသမီးတို့သည် ငါ့ကို မနာလိုသောစိတ်ရှိ၍၊ စပျစ်ဥယျာဉ်တို့ကို စောင့်စေကြ၏။ ကိုယ်ဥယျာဉ်ကို မစောင့်ရပါ။
အဘယ်သူသည် ကိုယ်စရိတ်ကိုသုံး၍ စစ်မှုကို ထမ်းရသနည်း။ အဘယ်သူသည် ဥယျာဉ်ကိုစိုက်ပျိုး၍ အသီးကိုမစားဘဲ နေရသနည်း။ အဘယ်သူသည် သိုးထိန်းလုပ်၍ သိုးနို့ကိုမသုံးဘဲ နေရသနည်း။
စပျစ်ဥယျာဉ်ကိုစိုက်၍ စပျစ်သီးကို မစားရသေးသောသူရှိလျှင်၊ မိမိအိမ်သို့ ပြန်သွားပါလေစေ။ သို့မဟုတ် စစ်တိုက်ရာတွင်သေ၍ အခြားသောသူသည် ထိုစပျစ်သီးကို စားလိမ့်မည်ဟု စိုးရိမ်စရာရှိ၏။
မိန်းမနှင့် လက်ထပ်ပြီးသော်လည်း အခြားသောသူသည် ပေါင်းဖော်ရလိမ့်မည်။ အိမ်ကိုဆောက်သော်လည်း ကိုယ်တိုင်မနေရ။ စပျစ်ဥယျာဉ်ကို စိုက်သော်လည်း စပျစ်သီးကို မဆွတ်မယူရ။