ဤသည်ကား၊ ငါနှင့်မြေကြီးပေါ်မှာရှိသော သတ္တဝါအပေါင်းတို့၏စပ်ကြားမှာ၊ ငါအမြဲဖွဲ့သော ပဋိညာဉ်၏ လက္ခဏာသက်သေဖြစ်သတည်းဟု၊ နောဧကို ဘုရားသခင်မိန့်တော်မူ၏။
ထိုမှတစ်ပါး၊ ငါတစ်ဖက်၊ သင်တို့နှင့် သင်တို့ထံမှာ အသက်ရှင်သမျှသော တိရစ္ဆာန်တို့တစ်ဖက်၌၊ သားမြေးအစဉ်အဆက်မပြတ်၊ ငါပြုသောပဋိညာဉ်၏ လက္ခဏာသက်သေဟူမူကား၊
မိုးတိမ်၌ သက်တံရှိသည်ကို ငါကြည့်ရှုသဖြင့်၊ ဘုရားသခင်နှင့် မြေကြီးပေါ်မှာ အသက်ရှင်သောသတ္တဝါတိရစ္ဆာန်အပေါင်းတို့ စပ်ကြားမှာရှိသော ထာဝရပဋိညာဉ်ကို ငါအောက်မေ့မည်။
သင်္ဘောထဲကထွက်ဆင်းသော နောဧသားတို့၏အမည်ကား ရှေမ၊ ဟာမ၊ ယာဖက်တည်း။ ဟာမသည် ခါနာန်၏အဘဖြစ်၏။
သင်တို့နှင့်လည်းကောင်း၊ နောက်ဖြစ်လတ္တံ့သော အမျိုးအနွယ်နှင့်လည်းကောင်း၊