တစ်ဖန်မြေမျက်နှာပေါ်မှာ ရေကုန်သည် မကုန်သည်ကိုသိခြင်းငှာ၊ ချိုးတစ်ကောင်ကို လွှတ်ပြန်လေ၏။
ထိုကျီးအသည် မြေပေါ်မှာ ရေမခန်းမခြောက်မီတိုင်အောင်၊ သွားလာလျက် နေလေ၏။
မြေတစ်ပြင်လုံး၌ ရေရှိသေးသောကြောင့်၊ ချိုးသည် ခြေဖြင့်နင်း၍ အမောဖြေစရာကိုမတွေ့သဖြင့်၊ နောဧရှိရာ သင်္ဘောသို့ပြန်လာလေ၏။ နောဧသည်လည်း လက်ကိုဆန့်၍၊ ချိုးကိုကိုင်ယူပြီးလျှင်၊ မိမိနေရာ သင်္ဘောထဲသို့သွင်းလေ၏။
ငါချစ်သောနှမ၊ သင်သည် အဆင်းလှပေ၏။ အလွန်လှပေ၏။ ချိုးမျက်စိနှင့် ပြည့်စုံ၏။
တောင်ပေါ်၌ ခိုလှုံရာကျောက်ကြားတွင်ရှိသော ငါ၏ချိုးငှက်၊ သင်၏မျက်နှာကိုမြင်ပါရစေ။ သင်၏စကားသံကို ကြားပါရစေ။ သင်၏စကားသံသည် ချို၏။ သင်၏မျက်နှာလည်း လှ၏။
တောခွေးစုထဲသို့ သိုးတို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထိုကြောင့် သင်တို့သည် မြွေကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့။-