ဒသမလတိုင်အောင် ရေသည်အစဉ်မပြတ်ယုတ်လျော့၍၊ ထိုလဆန်းတစ်ရက်နေ့တွင် တောင်ထိပ်တို့သည် ပေါ်ကြ၏။
နောဧအသက်ခြောက်ရာစေ့သောနှစ်၊ ဒုတိယလ၊ ဆယ်ခုနစ်ရက်နေ့တွင်၊ ကြီးစွာသော နက်နဲရာ ရေပေါက်ရေတွင်းတို့၏ အဆီးအတားရှိသမျှကိုပယ်ရှင်း၍၊ မိုးကောင်းကင်ပြွန်၀များကို ဖွင့်သဖြင့်၊
ရေသည်လည်း မြေပေါ်မှာ အစဉ်အတိုင်းစီးသွား၍၊ အရက်တစ်ရာငါးဆယ်စေ့သောအခါ ယုတ်လျော့လေ၏။
သတ္တမလ၊ ဆယ်ခုနစ်ရက်နေ့တွင် သင်္ဘောသည် အာရရတ်အမည်ရှိသောတောင်ပေါ်မှာ တင်လေ၏။
ထိုမှအရက်လေးဆယ်ကြာလျှင်၊ နောဧသည် သင်္ဘောထဲ၌လုပ်ခဲ့သော ပြတင်းပေါက်ကိုဖွင့်၍၊ ကျီးအတစ်ကောင်ကို လွှတ်လေ၏။