Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 8:12

Judson Bible

မြေ​ကြီး​ပေါ်​မှာ ရေ​ကုန်​ကြောင်း​ကို နော​ဧ​သိ​လေ၏။ တစ်​ဖန်​ခု​နစ်​ရက်​နေ​ပြီး​မှ ထို​ချိုး​ကို လွှတ်​ပြန်၏။ နောက်​တစ်​ဖန်​ချိုး​သည် မ​ပြန်​မ​လာ​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်​ခု​နစ်​ရက်​နေ​ပြီး​မှ ထို​ချိုး​ကို သင်္ဘော​ထဲ​က​လွှတ်​ပြန်၏။

ညဉ့်​ဦး​အ​ချိန်၌ ချိုး​သည် နော​ဧ​ထံ​သို့​ပြန်​လာ၍၊ မိ​မိ​ဆိတ်​ယူ​သော သံ​လွင်​ရွက်​ကို မိ​မိ​နှုတ်​သီး​ဖြင့် ဆောင်​ခဲ့​သော​ကြောင့်၊

ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​လော့။ အား​ယူ၍ ရဲ​ရင့်​သော စိတ်​နှ​လုံး​ရှိ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​လျက်​နေ​လော့။

ထို​ကာ​လ၌ ကြည့်​ရှု​လော့။ ဤ​အ​ရှင်​ကား၊ ငါ​တို့​မျှော်​လင့်​သော၊ ငါ​တို့၏​ဘု​ရား​သ​ခင်​တည်း။ ငါ​တို့​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။ ဤ​အ​ရှင်​ကား၊ ငါ​တို့​မျှော်​လင့်​သော ထာ​ဝ​ရ​ဘု​ရား​တည်း။ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကြောင့်၊ ငါ​တို့​သည် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ကုန်​အံ့​ဟု ဆို​ကြ​လိမ့်​မည်။

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် တ​ရား​တော်​လမ်း၌​သွား​လျက်၊ ကိုယ်​တော်​ကို​မျှော်​လင့်၍၊ ကိုယ်​တော်၏​အ​မည်၊ ဘွဲ့​နာ​မ​တော်​ကို စိတ်​နှ​လုံး၌ တ​သ​လျက်​ရှိ​ပါ၏။

သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌ ကျေး​ဇူး​ပြု​လို​သော​ငှာ မျှော်​လင့်​တော်​မူ​မည်။ က​ရု​ဏာ​ပြု​လို​သော​ငှာ ချီး​မြှောက်​ခြင်း​ကို ခံ​တော်​မူ​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သော​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို မျှော်​လင့်​သော​သူ အ​ပေါင်း​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။

ယာ​ကုပ်​အ​မျိုး​သား​တို့​တွင် မျက်​နှာ​တော်​ကို ကွယ်​ထား​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို ငါ​သည် ဆိုင်း​ငံ့​လျက် မျှော်​လင့်​မည်။

မော​ဘ​ပြည်၌​နေ​သော သူ​တို့၊ မြို့​တို့​ကို​စွန့်၍ ကျောက်​ကြား၌ နေ​ကြ​လော့။ မြေ​တွင်း​ဝ​နား​မှာ အ​သိုက်​လုပ်​တတ်​သော ချိုး​ငှက်​ကဲ့​သို့ ပြု​ကြ​လော့။

ထို​ရူ​ပါ​ရုံ​သည် ချိန်း​ချက်​သော အ​ချိန်​နှင့်​ဆိုင်၍ အ​မှု​ကုန်​ရ​သော​ကာ​လ​ကို ဆို​လို၏။ မု​သား​နှင့် ကင်း​လွတ်၏။ ဆိုင်း​သော်​လည်း မျှော်​လင့်​လော့။ နောက်​မ​ကျ​ဘဲ ဧ​ကန်​အ​မှန်​ရောက်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ