တစ်ဖန်ခုနစ်ရက်နေပြီးမှ ထိုချိုးကို သင်္ဘောထဲကလွှတ်ပြန်၏။
ခုနစ်ရက်စေ့သောအခါ၊ လွှမ်းမိုးအပ်သောရေသည် မြေပေါ်၌ပေါ်လာ၏။
အကြောင်းမူကား၊ ယနေ့မှစ၍ ခုနစ်ရက်စေ့လျှင်၊ အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်သို့ မိုးရွာစေမည်။ ငါဖန်ဆင်းသော သတ္တဝါအပေါင်းတို့ကို၊ မြေကြီးမျက်နှာပေါ်မှ ငါပယ်ရှင်းမည်ဟု၊ ထာဝရဘုရားမှာထားတော်မူ၏။
ညဉ့်ဦးအချိန်၌ ချိုးသည် နောဧထံသို့ပြန်လာ၍၊ မိမိဆိတ်ယူသော သံလွင်ရွက်ကို မိမိနှုတ်သီးဖြင့် ဆောင်ခဲ့သောကြောင့်၊
မြေကြီးပေါ်မှာ ရေကုန်ကြောင်းကို နောဧသိလေ၏။ တစ်ဖန်ခုနစ်ရက်နေပြီးမှ ထိုချိုးကို လွှတ်ပြန်၏။ နောက်တစ်ဖန်ချိုးသည် မပြန်မလာနေ၏။
မြေတစ်ပြင်လုံး၌ ရေရှိသေးသောကြောင့်၊ ချိုးသည် ခြေဖြင့်နင်း၍ အမောဖြေစရာကိုမတွေ့သဖြင့်၊ နောဧရှိရာ သင်္ဘောသို့ပြန်လာလေ၏။ နောဧသည်လည်း လက်ကိုဆန့်၍၊ ချိုးကိုကိုင်ယူပြီးလျှင်၊ မိမိနေရာ သင်္ဘောထဲသို့သွင်းလေ၏။
ငါသည် ထာဝရဘုရားကို စေ့စေ့မျှော်လင့်သည်ကာလ၊ ငါ့ကို မျက်နှာပြု၍ ငါအော်ဟစ်သောအသံကို ကြားတော်မူ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်တို့သည် တရားတော်လမ်း၌သွားလျက်၊ ကိုယ်တော်ကိုမျှော်လင့်၍၊ ကိုယ်တော်၏အမည်၊ ဘွဲ့နာမတော်ကို စိတ်နှလုံး၌ တသလျက်ရှိပါ၏။
ယာကုပ်အမျိုးသားတို့တွင် မျက်နှာတော်ကို ကွယ်ထားတော်မူသော ထာဝရဘုရားကို ငါသည် ဆိုင်းငံ့လျက် မျှော်လင့်မည်။
ငါတို့သည် မတွေ့မမြင်သောအရာကို မျှော်လင့်လျှင်မူကား၊ ထိုအရာကို သည်းခံသောစိတ်နှင့် ငံ့လင့်၍ နေကြ၏။-