အသက်ရှင်သော တိရစ္ဆာန်အမျိုးမျိုးထဲက၊ အထီးအမ၊ အစုံတို့ကိုယူ၍၊ သင်နှင့်အတူအသက်ချမ်းသာစေခြင်းငှာ၊ သင်္ဘောထဲသို့ သွင်းရမည်။
သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်မျိုး၊ ပျံတတ်သောကြက်ငှက်မျိုး၊
သင်ထံမှာ အသက်ရှင်သော တိရစ္ဆာန်၊ ငှက်များ၊ သားများ၊ မြေပေါ်၌တွားတတ်သောတိရစ္ဆာန်များတို့သည်၊ မြေပေါ်မှာသားကိုမွေး၍ အလွန်တိုးပွားများပြားမည်အကြောင်း၊ ထိုတိရစ္ဆာန်ရှိသမျှတို့ကို ကိုယ်နှင့်အတူ ထုတ်ဆောင်လော့ဟု၊ နောဧကိုမိန့်တော်မူ၏။
ဖြောင့်မတ်တော်မူခြင်းတရားသည် ကြီးမားစွာသောတောင်ရိုးနှင့် တူပါ၏။ တရားစီရင်တော်မူချက်တို့သည် အလွန်နက်နဲရာ ဖြစ်ကြပါ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် လူမျိုးနှင့် တိရစ္ဆာန်မျိုးကို စောင့်မတော်မူ၏။