ယောသပ်သည် အဘကိုသင်္ဂြိုဟ်ခြင်းငှာထွက်သွား၍၊ ဖာရောမင်း၏ ကျွန်များတည်းဟူသော နန်းတော်အရာရှိ၊ အဲဂုတ္တုပြည်အရာရှိအပေါင်းတို့နှင့်၊
ရန်သူတို့သိမ်းသွားသောဥစ္စာရှိသမျှကိုလည်းကောင်း၊ မိမိအစ်ကိုသားလောတနှင့် သူ၏ဥစ္စာကိုလည်းကောင်း၊ မိန်းမများနှင့်လူများကိုလည်းကောင်း၊ တစ်ဖန်ဆောင်ယူခဲ့လေ၏။
ဖာရောမင်းကလည်း၊ သင်၏အဘကျိန်ဆိုစေသည်အတိုင်းသွား၍၊ သင်္ဂြိုဟ်လော့ဟုမိန့်တော်မူ၏။
ယောသပ်အိမ်သား၊ အစ်ကိုတို့အိမ်သား၊ အဘအိမ်သားရှိသမျှ တို့သည်လိုက်ကြ၏။ သူငယ်တို့နှင့်သိုးနွားများကိုသာ၊ ဂေါရှင်ပြည်၌ ကျန်ရစ်စေကြ၏။