ထိုသို့ယောသပ်သည် မိမိအဘ၏အမျိုးသားတို့နှင့် အဲဂုတ္တုပြည်၌နေ၍၊ အသက်တစ်ရာတစ်ဆယ်ကိုမီ၏။
ထိုကြောင့်၊ မစိုးရိမ်ကြနှင့်။ သင်တို့နှင့် သူငယ်များကို ကျွန်ုပ်ကျွေးမွေးမည်ဟုဆိုလျက်၊ သူတို့ကိုနှစ်သိမ့်စေ၍ မေတ္တာစကားကိုပြောလေ၏။
ဧဖရိမ်၏မြေးကိုမြင်ရ၏။ မနာရှေ၏သား၊ မာဓိရ၏သားသမီးတို့ကိုလည်း မိမိဒူးပေါ်မှာမွေးစားရ၏။
ထိုသို့ယောသပ်သည် အသက်တစ်ရာတစ်ဆယ်ရှိသော် အနိစ္စရောက်လေ၏။ အလောင်းကိုကား၊ နံ့သာမျိုးနှင့်ပြင်ဆင်ပြီးလျှင် အဲဂုတ္တုပြည်၌ တလားနှင့်ထားကြလေ၏။ ရှင်မောရှေစီရင်ရေးထားသော ကမ္ဘာဦးကျမ်းပြီး၏။
ယာကုပ်အမျိုးသားပေါင်းကား၊ ခုနစ်ဆယ်တည်း။ ယောသပ်သည် အဲဂုတ္တုပြည်၌ရှိနှင့်သတည်း။
ထိုနောက်မှ ထာဝရဘုရား၏ကျွန်၊ နုန်၏သားယောရှုသည် အသက်တစ်ရာတစ်ဆယ်ရှိသော် အနိစ္စရောက်လေ၏။