Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 50:19

Judson Bible

ယော​သပ်​က​လည်း၊ မ​စိုး​ရိမ်​ကြ​နှင့်။ ကျွန်ုပ်​သည် ဘု​ရား​သ​ခင်​ကိုယ်​စား​ဖြစ်​သ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်​က​လည်း၊ ငါ​သည် သင့်​အား သား​ဖွား​သော​အ​ခွင့်​ကို​ပေး​တော်​မ​မူ​သော ဘု​ရား​သ​ခင် ကိုယ်​စား​တော်​ဖြစ်​သ​လော​ဟု၊ ရာ​ခေ​လ​ကို အ​မျက်​ထွက်၍​ပြန်​ဆို၏။

သို့​ရာ​တွင် သင်​တို့​သည် ကျွန်ုပ်​ကို ဤ​အ​ရပ်​သို့​ရောင်း​လိုက်​မိ​သော​ကြောင့် စိတ်​မ​ညှိုး​ငယ်​ကြ​နှင့်။ ကိုယ်​ကို​အ​မျက်​မ​ထွက်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား သ​ခင်​သည် လူ​တို့​အ​သက်​ကို​စောင့်​မ​စေ​ခြင်း​ငှာ သင်​တို့​ရှေ့​မှာ ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​ပြီ။

အစ်​ကို​တို့​သည်​လည်း​ဝင်၍ ယော​သပ်​ရှေ့​မှာ​ပျပ်​ဝပ်​လျက်၊ ကျွန်​တော်​တို့​သည် ကိုယ်​တော်၏​ကျွန်​ဖြစ်​ကြ​ပါ​သည်​ဟု လျှောက်​ကြ၏။

သင်​တို့​သည် ကျွန်ုပ်​ကို​ညှဉ်း​ဆဲ​မည်​ကြံ​ကြ​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် ယ​နေ့​ဖြစ်​သည်​အ​တိုင်း၊ လူ​များ​အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ ကျေး​ဇူး​ပြု​မည်​ကြံ​တော်​မူ၏။

ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ထို​စာ​ကို​ကြည့်​ပြီး​မှ၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍၊ ငါ​သည်​အ​သက်​ပေး​ပိုင်၊ နုတ်​ပိုင်​သော​ဘု​ရား​ဖြစ်​သော​ကြောင့်၊ ဤ​သူ​သည် လူ​နူ​ကို​ချမ်း​သာ​ပေး​စေ​ခြင်း​ငှာ ငါ့​ထံ​သို့​စေ​လွှတ်​သ​လော။ ကြည့်​ကြ​လော့။ ဤ​သူ​သည် ငါ့​ကို​အ​ဘယ်​မျှ​လောက် ရန်​ရှာ​ချင်​သည်​ကို ကြည့်​ကြ​လော့​ဟု ဆို၏။

ယေ​ရှု​သည် ချက်​ချင်း​နှုတ်​ဆက်၍ တည်​ကြည်​သော​စိတ် ရှိ​ကြ​လော့။ ငါ​ပင်​ဖြစ်​သည်။ မ​ကြောက်​လန့်​ကြ​နှင့်​ဟု မိန့်​တော်​မူ၏။-

ချစ်​သူ​တို့၊ သူ​တစ်​ပါး​သည် သင်​တို့​ကို ပြစ်​မှား​လျှင်၊ ကိုယ်​တိုင် အ​ပြစ်​ပြန်၍ မ​တုံ့​ကြ​နှင့်။ အ​မျက်​တော်​ကို အ​ခွင့်​ပေး​ကြ​လော့။ ကျမ်း​စာ​လာ​သည်​ကား၊ ငါ​သည် အ​ပြစ်​တ​ရား​ကို စီ​ရင်​ပိုင်၏။ အ​ပြစ်​နှင့်​အ​လျောက် ငါ​ဆပ်​ပေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။-

အ​ပြစ်​တ​ရား​ကို စီ​ရင်​ရ​သော​အ​ခွင့်၊ အ​ပြစ်​နှင့်​အ​လျောက် ဆပ်​ပေး​ရ​သော အ​ခွင့်​ကို​ငါ​ပိုင်၏။ အ​ချိန်​တန်​မှ သူ​တို့​ခြေ​သည် ချော်​လိမ့်​မည်။ သူ​တို့၌ ဘေး​ရောက်​သော​အ​ချိန် နီး​ပြီ။ သူ​တို့​တွေ့​ကြုံ​ရ​သော​အ​မှု​သည် အ​လျင်​အ​မြန် ရောက်​လာ​လိမ့်​မည်။

ငါ​သည် အ​ပြစ်​တ​ရား​ကို စီ​ရင်​ပိုင်၏။ အ​ပြစ်​နှင့်​အ​လျောက် ငါ​ဆပ်​ပေး​မည်​ဟူ၍​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​အ​ဖို့ တ​ရား​စီ​ရင်​မည်​ဟူ၍​လည်း​ကောင်း မိန့်​တော်​မူ​သော​သူ​ကို ငါ​တို့​သည် အ​မှန်​သိ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ