Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 50:18

Judson Bible

အစ်​ကို​တို့​သည်​လည်း​ဝင်၍ ယော​သပ်​ရှေ့​မှာ​ပျပ်​ဝပ်​လျက်၊ ကျွန်​တော်​တို့​သည် ကိုယ်​တော်၏​ကျွန်​ဖြစ်​ကြ​ပါ​သည်​ဟု လျှောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

သူ​တစ်​ပါး​တို့​သည်​သင်၌​ကျွန်​ခံ၍၊ အ​ပြည်​ပြည်​တို့​သည် သင့်​ရှေ့​မှာ ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင်​သည် သင်၏​ညီ​အစ်​ကို​တို့၌​အ​ရှင်​ဖြစ်၍၊ သင့်​အ​မိ​သား​တို့​သည် သင့်​ရှေ့​မှာ​ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင့်​ကို ကျိန်​ဆဲ သော​သူ​အ​ပေါင်း​တို့​သည် ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​ကြ​စေ​သ​တည်း။ သင့်​ကို ကောင်း​ချီး​ပေး​သော​သူ​အ​ပေါင်း​တို့​သည် ကောင်း​ချီး​ကို​ခံ​ရ​ကြ​စေ​သ​တည်း​ဟု ကောင်း​ချီး​ပေး​လေ၏။

ဒု​တိ​ယ​ရ​ထား​တော်​ကို​စီး​စေ​တော်​မူ၏။ ပျပ်​ဝပ်၍​နေ​ကြ​ဟု သူ့​ရှေ့​မှာ​ဟစ်​ကြ၏။ ထို​သို့​လျှင် အဲ​ဂု​တ္တု​ပြည်​တစ်​ပြည်​လုံး​ကို အုပ်​စိုး​စေ​တော်​မူ၏။

ယော​သပ်​သည်​နိုင်​ငံ​အုပ်​ဖြစ်၍ ပြည်​သား​အ​ပေါင်း​တို့​အား ရောင်း​သော​အ​မှု​ကို စီ​ရင်​လေ၏။ ယော​သပ်​အစ်​ကို​တို့​သည်​လာ၍ သူ့​ရှေ့​မှာ ဦး​ညွှတ်​ချ​ကြ၏။

ယု​ဒ​နှင့် ညီ​အစ်​ကို​တို့​သည် ယော​သပ်​အိမ်​သို့​ရောက်၍၊ သူ​သည်​အိမ်၌​ရှိ​သေး​သ​ဖြင့်၊ သူ့​ရှေ့​မှာ​ပျပ်​ဝပ်​လျက် နေ​ကြ၏။

အစ်​ကို​တို့​အား​လည်း၊ ကျွန်ုပ်​သည်​ယော​သပ်​ဖြစ်၏။ ကျွန်ုပ်​အ​ဘ​သည် အ​သက်​ရှင်​သေး​သ​လော​ဟု ဆို၏။ အစ်​ကို​တို့​သည်​စ​ကား​တုံ့​ပြန်၍ မ​ပြော​နိုင်​အောင် သူ့​ရှေ့​မှာ မိန်း​မော​တွေ​ဝေ​လျက်​နေ​ကြ​၏။

ကိုယ်​တော်​ကို​ပြစ်​မှား​သော​အ​ပြစ်​ကို လွှတ်​တော်​မူ​ပါ​ဟု၊ ကိုယ်​တော်​အား ကြား​လျှောက်​ရ​မည်​အ​ကြောင်း၊ ခ​မည်း​တော်​မ​သေ​မီ ကျွန်​တော်​တို့​ကို မှာ​ထား​ခဲ့​သည်​ဖြစ်၍၊ ယ​ခု​တွင် ခ​မည်း​တော်၏​ဘု​ရား​သ​ခင်​ကျွန်​တို့၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။ ထို​သို့​လျှောက်​ကြ​သော​အ​ခါ၊ ယော​သပ်​သည်​မျက်​ရည်​ကျ​လေ၏။

ယော​သပ်​က​လည်း၊ မ​စိုး​ရိမ်​ကြ​နှင့်။ ကျွန်ုပ်​သည် ဘု​ရား​သ​ခင်​ကိုယ်​စား​ဖြစ်​သ​လော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ