ထိုအခါယောသပ်သည် အဘ၏မျက်နှာပေါ်မှာငုံ့၍၊ ငိုလျက်နမ်းလျက်နေ၏။
ခါနာန်ပြည်၊ ဟေဗြုန်မြို့တည်းဟူသော၊ ကိရယသာဘမြို့၌ သေလေ၏။ အာဗြဟံသည်လည်း စာရာကြောင့် ညည်းတွားငိုကြွေးခြင်းငှာလာ၏။
အဲဂုတ္တုပြည်သို့ သင်နှင့်အတူငါသွားမည်။ တစ်ဖန်ငါဆောင်ခဲ့ဦးမည်။ ယောသပ်သည် မိမိလက်ကို သင်၏မျက်စိပေါ်မှာတင်ရလိမ့်မည်ဟု မိန့်တော်မူ၏။
ထိုသို့ယာကုပ်သည် မိမိသားတို့ကို အကုန်အစင်မှာထားပြီးလျှင်၊ မိမိခြေတို့ကို ခုတင်ပေါ်မှာ ရုပ်သိမ်းသဖြင့်၊ အသက်ချုပ်၍ မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏။
အဘ၏အလောင်းကို နံ့သာမျိုးနှင့်ပြင်ဆင်စေခြင်းငှာ၊ မိမိကျွန်ဆေးသမားတို့ကို အမိန့်ရှိ၍၊ သူတို့သည်နံ့သာမျိုးနှင့် ပြင်ဆင်ကြ၏။
ထိုအခါ ဧလိရှဲသည် သေနာစွဲ၍ နာနေစဉ်တွင်၊ ဣသရေလရှင်ဘုရင်ယဟောရှသည် လာ၍ သူ့ရှေ့မှာငိုကြွေးလျက် ငါ့အဘ၊ ငါ့အဘ၊ ဣသရေလရထား၊ ဣသရေလမြင်းပါတကားဟု ဆို၏။
တရားကိုရိုသေသောသူတို့သည် သတေဖန်ကို သင်္ဂြိုဟ်၍ ပြင်းစွာသောငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။-
အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ သခင်ဘုရား၏ အလိုတော်နှင့်ညီသော ဆုံးမ သွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့။
ညီအစ်ကိုတို့၊ မျှော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သော သူတို့၏ အမှုအရာကို မသိဘဲနေစေခြင်းငှာ ငါတို့အလိုမရှိ၊-